ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၅ စာ. ၆
  • လေ့လာသုံးသပ်ထိုက်တဲ့အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေ့လာသုံးသပ်ထိုက်တဲ့အဖြေ
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက် ဘယ်လို ဖြစ်လာသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ဘုရားသခင်က ကမ္ဘာမြေကြီးကို ၂၄ နာရီရှိတဲ့ ရက်ပေါင်း ၆ ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ သင်တို့ ယုံသလား။
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အသက် ဘယ်လို စတင်လာသလဲ
    နိုးလော့!—၂၀၁၅
  • သမ္မာကျမ်းစာ ပြောဆိုရာ
    နိုးလော့!—၂၀၂၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁/၁၅ စာ. ၆
ဖွင့်ထားတဲ့ကျမ်းစာအုပ်

မျက်နှာဖုံးအကြောင်းအရာ | အသက် ဘယ်လို စတင်လာသလဲ

လေ့လာသုံးသပ်ထိုက်တဲ့အဖြေ

သက်သေသာဓကတွေကို သုံးသပ်ပြီးတဲ့နောက်မှာ လူအများက အသက်ဆိုတာ ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ပေါ်လာတယ်လို့ ကောက်ချက်ချကြတယ်။ တစ်ချိန်က ဘုရားမဲ့ဝါဒကို အထူးထောက်ခံခဲ့တဲ့ အတွေးအခေါ် ပညာရှင် ပါမောက္ခ အန်သနီ ဖလူးအကြောင်း လေ့လာရအောင်။ သက်ရှိတွေနဲ့ စကြဝဠာကြီးရဲ့ နိယာမတရား ဘယ်လောက်ရှုပ်ထွေးတယ်ဆိုတာကို သူသိလာတဲ့အခါ သဘောထား ပြောင်းသွားတယ်။ အရင်က အတွေးအခေါ်ပညာရှင်တွေရဲ့ ကျိုးကြောင်းဆင်ခြင်ပြမှုကို ပြန်ကိုးကားပြီး သူဒီလိုရေးတယ်– “သက်သေအထောက်အထားတွေ ဖော်ပြတာကို လက်ခံရမှာပဲ။” သက်သေအထောက်အထားတွေက ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ ပြတယ်လို့ ပါမောက္ခ ဖလူး လက်ခံခဲ့တယ်။

ရှေ့ဆောင်းပါးမှာပါခဲ့တဲ့ ဂျဲရက်လည်း အဲဒီအတိုင်းပဲ ကောက်ချက်ချ တယ်။ သူဟာ ပိုးမွှားဗေဒတတ်ကျွမ်းတဲ့ ပညာရှင်ကြီးတစ်ဦးဖြစ်ပေမဲ့ “အသက်ဟာ သက်မဲ့အရာကနေ အလိုလိုဖြစ်ပေါ်လာတယ်လို့ ဘာသက်သေအထောက်အထားမှ ကျွန်တော်မတွေ့ခဲ့ရဘူး။ သက်ရှိတွေရဲ့ စည်းစနစ်ကျနမှုနဲ့ ရှုပ်ထွေးပွေလီမှုကြောင့် ပုံစံပြုဖွဲ့စည်းရှင်တစ်ပါး ရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်လက်ခံလာတယ်” လို့ပြောခဲ့တယ်။

ပန်းချီဆရာတစ်ဦးရဲ့လက်ရာကို စစ်ဆေးလိုက်တဲ့အခါ သူ့အကြောင်း သိလာနိုင်သလို ဂျဲရက်လည်း သဘာဝလောကကြီးကို လေ့လာလိုက်တော့ ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေကို သိမြင်သွားတယ်။ အဲဒီအပြင် ဂျဲရက်က ဖန်ဆင်းရှင်အကြောင်းဖော်ပြထားတဲ့ သမ္မာကျမ်းစာကို အချိန်ပေးပြီး ဖတ်ရှုလေ့လာခဲ့တယ်။ (၂ တိမောသေ ၃:၁၆) အဲဒီမှာ လူ့သမိုင်းနဲ့ဆိုင်တဲ့ မေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့အဖြေကို ရခဲ့တယ်၊ ယနေ့ လူတွေကြုံနေရတဲ့ ပြဿနာတွေရဲ့ လက်တွေ့ကျဖြေရှင်းနည်းကိုပါ ရခဲ့တယ်။ ဒါနဲ့ပဲ သမ္မာကျမ်းစာဟာ ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို သူယုံကြည်လက်ခံခဲ့တယ်။

သမ္မာကျမ်းစာအဖြေတွေဟာ လေ့လာသုံးသပ်ထိုက်ပါတယ်။ ဂျဲရက်လိုပဲ ကိုယ်တိုင်ဆန်းစစ်ကြည့်ပါလို့ အားပေးချင်တယ်။

ဒါကို သိပါသလား

သမ္မာကျမ်းစာဟာ သိပ္ပံပညာနဲ့ မဆန့်ကျင်ဘူး။ သဘာဝလောကကို ဆန်းစစ်ကြည့်ဖို့တောင် အားပေးထားတယ်။ (ဟေရှာယ ၄၀:၂၆) သမ္မာကျမ်းစာဟာ သိပ္ပံပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ သိပ္ပံပညာနဲ့ ညီညွတ်မှုရှိတယ်။ ဥပမာ၊ ၂၄ နာရီစီရှိတဲ့ ခြောက်ရက်အတွင်း မြေကြီးကိုဖန်ဆင်းတယ်လို့ သမ္မာကျမ်းစာက မဆိုပါ။ ကမ္ဘာဦးကျမ်းမှာ “နေ့ရက်” လို့ဆိုတဲ့အခါ အတော်အတန်ကြာရှည်တဲ့ကာလကို ဆိုလိုတယ်။a

a ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော စာစောင်ကို ကြည့်ပါ။ www.pr2711.com/mya ဝက်ဘ်ဆိုက် မှာလည်း ရှိတယ်။

သမ္မာကျမ်းစာ သွန်သင်ပေးတာက . . .

အသက်က သက်ရှိကနေပဲ ဖြစ်ပေါ်လာတယ်။ “ကိုယ်တော် [ဘုရားသခင်] ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။”—ဆာလံ ၃၆:၉။

ဘုရားသခင်က အပင်တွေနဲ့ တိရစ္ဆာန်တွေကို “အမျိုးအလိုက်” ဖန်ဆင်းခဲ့တယ်။ (ကမ္ဘာဦး ၁:၁၁၊ ၁၂၊ ၂၁၊ ၂၄၊ ၂၅) “အမျိုးအလိုက်” ဆိုလို့ တစ်မျိုးစီကို ကန့်သတ်ထားတယ်လို့ သမ္မာကျမ်းစာက မဆိုဘူး။ ဒါကြောင့် အမျိုးတစ်မျိုးထဲမှာ မျိုးကွဲတွေ ရှိစေတယ်။

ဘုရားသခင်က မိမိမှာရှိတဲ့ အရည်အသွေးတွေနဲ့ လူကိုဖန်ဆင်းထားတဲ့အတွက် အဲဒီအရည်အသွေးတွေကို လူတွေတင်ပြနိုင်စွမ်းရှိတယ်။ အဲဒီအရည်အသွေးတွေထဲမှာ ချစ်ခြင်း၊ ကောင်းမြတ်ခြင်း၊ တရားမျှတခြင်း ပါဝင်တယ်။ “ဘုရားသခင်က ‘ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့’ ဟုအမိန့်တော်ရှိ၏။”—ကမ္ဘာဦး ၁:၂၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ