ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၅ စာ. ၁၀-၁၁
  • ဥဇဘက်ကစ္စတန်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥဇဘက်ကစ္စတန်သို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၅
န ၁၀/၁၅ စာ. ၁၀-၁၁
ဥဇဘက်ကစ္စတန်၊ ခီဗာမြို့တွင်းက အစ်ခန် ကာလာ တံတိုင်း

ခီဗာမြို့တွင်းက အစ်ခန် ကာလာ တံတိုင်း

သူတို့မြေ၊ သူတို့ဓလေ့ | ဥဇဘက်ကစ္စတန်

ဥဇဘက်ကစ္စတန်သို့ အလည်တစ်ခေါက်

ဥဇဘက်ကစ္စတန် မြေပုံ

ထရန်ဆိုဇန်နီယာ။ မြစ်တွေကြားက နယ်မြေ။ တာတာရီ။ တာကစ္စတန်။ အဲဒီလိုနာမည်အမျိုးမျိုးရှိခဲ့တဲ့နယ်မြေတွေဟာ အခုဆိုရင် “ဥဇဘက်တွေရဲ့နယ်မြေ” လို့ခေါ်တဲ့ ဥဇဘက်ကစ္စတန်နိုင်ငံထဲမှာ ရှိနေတယ်။ ၁၅ ရာစုကစပြီး ဥဇဘက်ကစ္စတန်ရှိ မြို့တွေဟာ တရုတ်ပြည်နဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ထားတဲ့ပိုးလမ်းမကြီးမှာ သွားလာကြတဲ့ ကုန်သည်တွေအတွက် အသုံးဝင်တယ်။ ဝါချည်ဟာ ဒီနေ့ ဥဇဘက် အထည်ဈေးကွက်မှာ အဓိက နေရာရထားတယ်။ ဝါချည်၊ သိုးမွေး ဒါမှမဟုတ် ပိုးချည်နဲ့ ကော်ဇောလှလှလေးတွေ ရက်လုပ်ပြီး ရောင်းကြတယ်။

သမိုင်းတစ်လျှောက်မှာ လူအတော်များများကြောင့် ဥဇဘက် ယဉ်ကျေးမှုအပေါ် သက်ရောက်မှုရှိခဲ့တယ်။ နာမည်ကြီးစစ်သူကြီးတွေနဲ့ သူတို့ရဲ့ စစ်သည်တွေဟာ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ တောင်တန်းတွေနဲ့ ကန္တာရတွေကို ကျော်ဖြတ်ပြီး စစ်ချီခဲ့ကြတယ်။ အဲဒီထဲမှာ မွန်ဂိုလီးယားက ဂျင်ဂစ်ခန်၊ အင်ပါယာကြီးတစ်ခုကို လွှမ်းမိုးအုပ်စိုးခဲ့တဲ့ တာမာလိန်းတို့ပါဝင်ပြီး မဟာအလက်ဇန္ဒားက ချစ်မြတ်နိုးရတဲ့ရိုဇားနာနဲ့ အဲဒီမှာ ဆုံတွေ့ခဲ့တယ်။

ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ဥဇဘက် အမျိုးသားနှစ်ယောက်

ရိုးရာဝတ်စုံ

အပြာရောင်ကြွေပြားကပ် အမိုးခုံးတွေရှိတဲ့၊ ခမ်းနားထည်ဝါလှတဲ့ ရောင်စုံအထိမ်းအမှတ်အဆောက်အအုံတွေဟာ ခေတ်သစ် ဥဇဘက် ကစ္စတန်ရဲ့ မြို့ပြအလှကို ဖော်ကျူးနေပါတယ်။ ဒီအဆောက်အအုံ အတော်များများကို စာသင်ကျောင်းတွေအဖြစ် အသုံးပြုကြတယ်။

ပိုးလမ်းမကြီး။ ခရစ်တော်မပေါ်ခင်ကတည်းက အသုံးပြုခဲ့ပြီး အိန္ဒိယကို ရေလမ်းကြောင်းဖြင့် စတင်သွားခဲ့တဲ့ အေဒီ ၁၅ ရာစုအကုန်ပိုင်းအထိ အဓိကသုံးခဲ့တဲ့ ပိုးလမ်းမကြီးဟာ ဥဇဘက်ကစ္စတန်နိုင်ငံကိုလည်း ဖြတ်ပြီး ဖောက်လုပ်ထားတဲ့အတွက် ဒီနယ်မြေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့နေရာလည်း ဖြစ်ခဲ့တယ်။

ပိုးချည်နဲ့ ကော်ဇော ရက်လုပ်နေတဲ့ ဥဇဘက် အမျိုးသမီးတွေ

ပိုးချည်နဲ့ ကော်ဇော ရက်လုပ်နေ

အာရယ် ပင်လယ်။ အာရယ် ပင်လယ်ဟာ ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံး ရေအိုင်ကြီး ဖြစ်ခဲ့ဖူးတယ်။ ဆည်မြောင်းတွေဆောက်ပြီး ရေလမ်းလွှဲလိုက်တာကြောင့် အခု တိမ်ကောနေပါပြီ။ ဗဟိုအာရှရှိ နိုင်ငံတွေနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံဟာ အဲဒီကိစ္စကို ပူးပေါင်းဖြေရှင်းဖို့ ကြိုးပမ်းနေကြတယ်။

ဥဇဘက်ကစ္စတန် အက္ခရာ အပြောင်းအလဲ။ ဥဇဘက်ကစ္စတန်မှာ ဘာသာစကားအမျိုးမျိုး ပြောကြတယ်။ ၈ ရာစုမှာ၊ အစ္စလာမ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရဗီအက္ခရာကို မွေးစားအသုံးပြုကြတယ်။ ဆိုဗီယက်ပြည်ထောင်စု လက်အောက်ကျရောက်နေချိန်မှာ လက်တင် အက္ခရာကို အသုံးပြုခဲ့တယ်၊ အဲဒီနောက်၊ ၁၉၃၀ ပြည့်လွန်နှစ်တွေ ရောက်လာတဲ့အခါ ဆီရီလစ်ခ် အက္ခရာကို ပြောင်းသုံးခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ၊ လက်တင် အက္ခရာကို အခြေခံတဲ့ ဥဇဘက် အက္ခရာကို အသုံးပြုဖို့ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တယ်။

ဥဇဘက်မြို့ ဈေးထဲမှာ ခင်းကျင်းထားတဲ့ သစ်သီးခြောက်များ

ဈေးမှာ ခင်းကျင်းထားတဲ့ သစ်သီးခြောက်များ

အချက်အလက်အကျဉ်း

  • လူဦးရေ– သန်း ၃၀

  • မြို့တော်– တက်ရှကင့်မြို့

  • ရာသီဥတု– မိုးရွာသွန်းမှုနည်း၊ ပူပြင်း၊ ခြောက်သွေ့

  • မြေမျက်နှာသွင်ပြင်– အနောက်ဘက်အပိုင်းဟာ လွင်ပြင်ဒေသ၊ အရှေ့ဘက်အပိုင်းဟာ တောင်တန်းဒေသ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ