ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၅ စာ. ၁၂-၁၃
  • မိဘနဲ့အတူ ပြန်နေရတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘနဲ့အတူ ပြန်နေရတဲ့အခါ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • အိမ်ကနေခွဲထွက်ဖို့ ငါအဆင်သင့်ဖြစ်ပြီလား
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ငါ့ရဲ့ ငွေအသုံးပြုပုံကို ဘယ်လိုထိန်းချုပ်ရမလဲ
    လူငယ်များအမေး
  • ငွေသုံးချင်စိတ်ကို ငါဘယ်လို ချုပ်တည်းနိုင်မလဲ
    နိုးလော့!—၂၀၀၆
  • အိမ်ကနေ ခွဲထွက်သွားရ ကောင်းမလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၀/၁၅ စာ. ၁၂-၁၃
အိမ်မှာ ပြန်လာနေတဲ့ သားဖြစ်သူကို ​တံခါးဖွင့်ပေးနေတဲ့ မိဘနှစ်ပါး

မိသားစုအတွက် အကူအညီ | လူငယ်များ

မိဘနဲ့အတူ ပြန်နေရတဲ့အခါ

အခက်အခဲ

မိဘအိမ်ကထွက်လာခဲ့တဲ့ အရွယ်ရောက်သူလူငယ်တွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ ကြိုးစားကြပေမဲ့ လုံလောက်တဲ့ဝင်ငွေမရတာကြောင့် မိဘအိမ်ပေါ် ပြန်တက်နေရနိုင်တယ်။ သင်ကော အဲဒီလိုဖြစ်ဖူးသလား။

ကိုယ့်မိဘကို ချစ်တာမှန်ပေမဲ့ အိမ်ပေါ် ပြန်တက်ဖို့ ခက်ခဲနိုင်တယ်။ ဥပမာ၊ ဆဲရာa ဆိုတဲ့ မိန်းမငယ်တစ်ဦး ဒီလိုပြောပြတယ်– “ကိုယ့်ဘာသာကိုယ်ခွဲနေတဲ့အခါ ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုများလာတယ်။ ဒါပေမဲ့ မိဘအိမ်မှာ ပြန်နေတဲ့အခါ ကလေးပြန်ဖြစ်သွားတယ်လို့ ခံစားရတယ်။” လူငယ်ရစ်ချက်လည်း အဲဒီလိုခံစားခဲ့ရတယ်။ “ကျွန်တော် မိဘအိမ်မှာ ပြန်မနေချင်ဘူး။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်တော့ဘူး။ အရှုံးသမား တစ်ယောက်လို့ ခံစားရတယ်” ဆိုပြီး သူပြောပြတယ်။

အဲဒီလိုအခြေအနေနဲ့ သင် ရင်ဆိုင်နေရတယ် ဆိုရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ပြီး ရပ်တည်လာနိုင်အောင် ဒီဆောင်းပါးက ကူညီပေးမှာဖြစ်တယ်။

ဖြစ်ရတဲ့အကြောင်းရင်း

ငွေကြေးပြဿနာ။ လူငယ်တွေဟာ မိဘအိမ်ကခွဲထွက်လာခဲ့ပြီးမှ ကိုယ့်ဘာသာကိုယ်ရပ်တည်ရတာ ငွေကုန်ကြေးကျများမှန်း သိလိုက်ရတဲ့အခါ ထိတ်လန့်သွားကြတယ်။ “ကိုယ့်ဘာသာကိုယ်ရပ်တည်ဖို့ ကြိုးစားရင်း စုထားတဲ့ငွေအားလုံး ကုန်သွားတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရစ်ချက်က ပြောတယ်။ ရှားနာဆိုတဲ့ မိန်းကလေးလည်း အဲဒီလိုပဲ။ အသက် ၂၄ နှစ်မှာ မိဘအိမ်ကခွဲထွက်လာပြီး တစ်နှစ်ခွဲအကြာမှာ မိဘအိမ်ပေါ် ပြန်တက်ခဲ့ရတယ်။ “ကျွန်မ ဒီထက်ပိုပြီး ငွေကြေးကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့ရမှာ။ အခုတော့ မိဘအိမ်ကနေ ပိုက်ဆံမရှိဘဲ ခွဲထွက်ပြီး ပြန်လာတော့ အကြွေးတွေနဲ့” ဆိုပြီး သူပြောတယ်။b

အလုပ်အကိုင် ပြဿနာ။ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ စနစ်တကျနဲ့ အကောင်းဆုံး စီစဉ်ထားသူတွေတောင် အလုပ်ပြုတ်သွားတဲ့အခါ အစီအစဉ်တွေ ကမောက်ကမ ဖြစ်သွားနိုင်တယ်။ ရှားနာလည်း အဲဒီလိုမျိုး ကြုံခဲ့ရတယ်။ “ဆေးပညာနဲ့ကျောင်းပြီးသွားတဲ့အခါ အလုပ်ရှာပေးတဲ့ ကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ခဲ့တယ်။ နောက်ပိုင်း အလုပ်ပြုတ်သွားတဲ့အခါ အခက်တွေ့သွားတယ်။ ကျေးလက်ဒေသမှာ နေထိုင်တာဖြစ်လို့ ကျွန်မရဲ့အတတ်ပညာနဲ့ အလုပ်တွေ့နိုင်ဖို့ အလားအလာလည်း မရှိတော့ဘူး” လို့ သူပြောပြတယ်။

လက်တွေ့မကျတဲ့ မျှော်မှန်းချက်များ။ လူငယ်တချို့ဟာ နောက်ဆက်တွဲ အကျိုးဆက်တွေကိုမသိ၊ အဆင်သင့်မဖြစ်ဘဲ လုပ်ငန်းခွင်ဝင်ကြတယ်။ အလုပ်က သူတို့မျှော်လင့်ထားတာထက်ပိုပြီး ခက်ခဲလေ့ရှိတယ်။ မျှော်မှန်းခဲ့တဲ့ လွတ်လပ်မှုက ထင်ထားသလို မဟုတ်ဘူးဆိုတဲ့ အဖြစ်မှန်ကို သိရှိလိုက်ရတယ်။ လူကြီးဘဝမှာ စိန်ခေါ်ချက်တွေများမှန်း သူတို့လုံးဝမျှော်လင့်မထားကြဘူး။

လုပ်ဆောင်နိုင်ရာ

အိမ်မှာ ပြန်နေမယ့်ကိစ္စကို မိဘတွေနဲ့ ဆွေးနွေးပါ။ သူတို့နဲ့အတူ ဘယ်လောက်ကြာကြာနေမလဲ။ အိမ်အသုံးစရိတ် ဘယ်လောက်ပြန်ပေးမလဲ။ အိမ်မှာ ဘာတွေ လုပ်ပေးမလဲ။ ကိုယ့်ဘာသာကိုယ် ပြန်ရပ်တည်နိုင်ဖို့ ဘာတွေလုပ်ဆောင်မလဲ စတဲ့ အကြောင်းတွေကို ဆွေးနွေးသင့်တယ်။ ကိုယ်က ဘယ်အသက်အရွယ်ပဲဖြစ်ပါစေ မိဘအရိပ်မှာ ပြန်ခိုနေတဲ့အတွက် သူတို့ထုတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်တယ်။—ကျမ်းစာအကြံပြုချက်– ထွက်မြောက်ရာ ၂၀:၁၂။

ငွေကြေးစီမံခန့်ခွဲတတ်အောင် သင်ယူပါ။ စာအုပ်တစ်အုပ် (The Complete Guide to Personal Finance: For Teenagers and College Students) မှာ ဒီလို ပြောထားတယ်– “ငွေကြေးကို ကောင်းကောင်း စီမံခန့်ခွဲနိုင်မလားဆိုတာက သင့်ရဲ့ပိုက်ဆံသုံးစွဲပုံနဲ့ အများကြီး သက်ဆိုင်ပါတယ်။ . . . မလိုအပ်ရင် မဝယ်ဘူးဆိုတဲ့ခံယူချက်ရှိဖို့ အရေးကြီးတယ်။”—ကျမ်းစာအကြံပြုချက်– လုကာ ၁၄:၂၈။

လက်တွေ့ကျတဲ့ အကြံပေးချက် ရှာယူပါ။ မိဘတွေ၊ အသက်ကြီးသူတွေက ဝင်ငွေနဲ့ထွက်ငွေ စီမံခန့်ခွဲတတ်အောင် သင်ပေးနိုင်တယ်။ “တစ်ကနေပြန်စ ရတယ်” လို့ မေရီ ပြောပြတယ်။ “သူငယ်ချင်းတစ်ယောက်က အသုံးစရိတ်တွေ ဆန်းစစ်တတ်အောင် ကူညီပေးတယ်။ အဲဒီအခါမှာ မလိုအပ်တဲ့ အရာတွေအတွက် ကုန်ကျတာတွေများနေတာတွေ့လိုက်ရလို့ မယုံနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် ရပ်တည်ရာမှာ စည်းကမ်းကြပ်မတ်ဖို့ အရေးကြီးတယ်ဆိုတာ သိလာခဲ့တယ်။”—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၃:၁၀။

ကိုယ်ဘာအလုပ်လုပ်သလဲဆိုတာထက် ကိုယ်လုပ်တဲ့အလုပ်မှာ ဘယ်လောက်ကျွမ်းကျင်လာသလဲ ဆိုတာက ပိုအရေးကြီးတယ်

အလုပ်ရှာဖို့ လိုအပ်တာတွေ လုပ်ဆောင်ပါ။ အချိန်ယူပြီး အလုပ်လျှောက်ဖို့ လုပ်ဆောင်ပါ။ တချို့က ကိုယ်မျှော်မှန်းထားတဲ့အလုပ်ကိုပဲ လုပ်ဖို့ တိုက်တွန်းကြလိမ့်မယ်။ ဒါပေမဲ့ ကိုယ်မျှော်မှန်းထားတဲ့ အလုပ်ကိုပဲ ရှာနေရင် ရွေးချယ်စရာ နည်းသွားပြီး ရှိနေတဲ့အလုပ်ကိုတောင် မမြင်တာမျိုး ဖြစ်သွားနိုင်တယ်။ အလုပ်တစ်မျိုးတည်းကိုပဲ အချိန်ကုန်ခံ ရှာနေမယ့်အစား အလုပ်ရနိုင်တဲ့အခွင့်အရေးတိုင်းကို မျက်စိဖွင့် နားစွင့်ရှာပါ။ ကိုယ်ဘာအလုပ်လုပ်သလဲဆိုတာထက် ကိုယ်လုပ်တဲ့အလုပ်မှာ ဘယ်လောက်ကျွမ်းကျင်လာသလဲဆိုတာက ပိုအရေးကြီးတယ်။ အတွေ့အကြုံများပြီး အလုပ်မှာ ကျွမ်းကျင်လာလေ အလုပ်မှာ ပိုပျော်လာလေ ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြတယ်။ ကိုယ်ကြိုက်တဲ့အလုပ်ဆိုတာထက် ကိုယ်လုပ်တဲ့အလုပ်ကို ကြိုက်ဖို့က အဓိကပဲ။

a ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

b အမေရိကန်နိုင်ငံမှာရှိတဲ့ ကောလိပ်ကျောင်းတက်သူ လူငယ်တွေဟာ အလားတူပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်။ ဂျာနယ်တစ်စောင် (The Wall Street Journal) ရဲ့ ဖော်ပြချက်အရ ငွေချေးပြီး ကျောင်းတက်တဲ့ ကျောင်းသားတစ်ဦးဟာ ဘွဲ့ရချိန်မှာ ဒေါ်လာ ၃၃,၀၀၀ အကြွေးတင်နေပြီဖြစ်တယ်။

ကျမ်းစာအကြံပြုချက်များ

  • “သင်၏မိဘကိုရိုသေစွာပြုလော့။” —ထွက်မြောက်ရာ ၂၀:၁၂။

  • “သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကိုသိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။”—လုကာ ၁၄:၂၈။

  • ‘အကြံဉာဏ်တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာရှိတယ်။’ —သုတ္တံ ၁၃:၁၀၊ ကဘ။

မိဘများအတွက် အကြံပြုချက်

သားသမီးတွေ မိမိတို့နဲ့အတူနေစဉ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ အခြေခံ စွမ်းဆောင်ရည်တွေ ရှိလာအောင် လေ့ကျင့်သင်ကြားပေးပါ။ အဲဒီအထဲမှာ ငွေကြေးစီမံခန့်ခွဲခြင်း (ငွေကို ချင့်ချင့်ချိန်ချိန် သုံးတတ်တဲ့အကျင့်နဲ့ ကြွေးဝယ်ကတ်ကို ပညာရှိရှိ သုံးစွဲခြင်းတို့ ပါဝင်)၊ အိမ်မှုကိစ္စ ဆောင်ရွက်ခြင်း (မီးပူတိုက်၊ ချက်ပြုတ်လျှော်ဖွပ်ခြင်း အပါအဝင် ကိုယ်စီးတဲ့ယာဉ်ကို ပြုပြင်ထိန်းသိမ်းခြင်း) နဲ့ လူမှုဆက်ဆံရေးစွမ်းရည် (တခြားသူတွေနဲ့ သင့်တင့်ငြိမ်သက်စွာ နေထိုင်နိုင်တဲ့ အရည်အချင်း) တို့ ပါဝင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ