ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၅ စာ. ၇
  • အမေရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမေရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ
  • နိုးလော့!—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အီးမေးလ်စစ်တဲ့ အကြိမ်နည်းလေ စိတ်ဖိစီးမှု လျော့နည်းလေပဲ
  • အလွန်အကျွံငါးဖမ်းခြင်းမှ ပြန်လည်တိုးများလာခြင်း
  • ဘရာဇီးနိုင်ငံမှာ အကြမ်းဖက်မှု
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ
    နိုးလော့!—၂၀၂၀
  • အကျိုးပြုသောဖိစီးမှု အကျိုးယုတ်စေသောဖိစီးမှု
    နိုးလော့!—၁၉၉၉
  • ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၅ စာ. ၇
သမုဒ္ဒရာထဲကငါး

ကမ္ဘာ့ဖြစ်ရပ်အကဲခတ် | အမေရိက

အမေရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ

ကမ္ဘာ့အနောက်ဘက်ခြမ်းရဲ့ လတ်တလော သတင်းတွေက အချိန်တိုင်းအသုံးဝင်တဲ့ ကျမ်းစာပါ ပညာရှိစကားတွေရဲ့ တန်ဖိုးကို ဖော်ပြနေတယ်။

အီးမေးလ်စစ်တဲ့ အကြိမ်နည်းလေ စိတ်ဖိစီးမှု လျော့နည်းလေပဲ

တစ်နေ့ သုံးကြိမ်လောက်ပဲ အီးမေးလ်စစ်တဲ့အတွက် စိတ်တည်ငြိမ်နေတဲ့ လူတစ်ယောက်; အီးမေးလ်ကို ခဏခဏစစ်တဲ့အတွက် စိတ်ဖိစီးနေတဲ့ လူတစ်ယောက်

ကနေဒါနိုင်ငံ၊ ဗန်ကူးဗာမြို့မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အီးမေးလ်ကို ခဏခဏစစ်တာထက် တစ်နေ့ သုံးကြိမ်လောက်ပဲ စစ်တာက စိတ်ဖိစီးမှု လျော့နည်းစေတယ်ဆိုတာ သိရတယ်။ ဒီလေ့လာမှုကို ဦးဆောင်တဲ့ ကိုစတာဒင် ကူရှ်လီဗ်က သူ့ရဲ့အမြင်ကို အခုလိုပြောပြတယ်– “အီးမေးလ်စစ်ချင်တဲ့စိတ် ဖျောက်နိုင်အောင် ကြိုးစားရာမှာ လူတွေ အခက်တွေ့နေကြတယ်။ ဒါပေမဲ့ အဲဒီစိတ်ကို တွန်းလှန်နိုင်မယ်ဆိုရင် ဖိစီးမှုကို လျော့နည်းစေနိုင်တယ်။”

စဉ်းစားစရာ– “ခက်ခဲကျပ်တည်းသောကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရတဲ့အတွက် စိတ်ဖိစီးမှု လျော့နည်းစေတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်တယ် မဟုတ်လား။—၂ တိမောသေ ၃:၁။

အလွန်အကျွံငါးဖမ်းခြင်းမှ ပြန်လည်တိုးများလာခြင်း

ဗေလိဇ်နိုင်ငံနဲ့ ကရစ်ဘီယံဒေသမှာရှိတဲ့ “အစိုးရသတ်မှတ်ထားတဲ့ ငါးမဖမ်းရဇုန်တွေမှာ ခရု၊ ပုစွန်တုပ်နဲ့ ငါးအရေအတွက် တိုးများလာတယ်ဆိုတာ မှတ်တမ်းတွေက ဖော်ပြနေတယ်” လို့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) ရဲ့ မှတ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ ဒါ့အပြင် “ငါးမဖမ်းရဇုန်တစ်ခုမှာ ရေသတ္တဝါတွေ ပြန်လည်တိုးများလာဖို့ အနည်းဆုံး ၁-၆ နှစ်အထိ ကြာနိုင်တယ်။ ဒါပေမဲ့ နဂိုအခြေအနေကို အပြည့်အဝ ပြန်ရောက်ဖို့ဆိုရင်တော့ . . . ဆယ်စုနှစ်တစ်ခုလောက် ကြာနိုင်တယ်” လို့လည်း ဖော်ပြထားတယ်။ ဒါကြောင့် “ငါးမဖမ်းရဇုန်တွေ သတ်မှတ်တာက နိုင်ငံရဲ့ သားငါးအရေအတွက်နဲ့ ဇီဝမျိုးစိတ်တွေ ပြန်လည်တိုးများလာစေဖို့ အကူအညီဖြစ်စေတယ်ဆိုတာ ထင်ရှားတယ်” ဆိုပြီး ဗေလိဇ်နိုင်ငံ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဂျဲနက်ဂစ်ဆင်ပြောတယ်။

စဉ်းစားစရာ– သဘာဝရဲ့ ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းက ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကြီးမားမှုကို ဖော်ပြနေတယ် မဟုတ်လား။—ဆာလံ ၁၀၄:၂၄၊ ၂၅။

ဘရာဇီးနိုင်ငံမှာ အကြမ်းဖက်မှု

ဘရာဇီးနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုတိုးများလာတယ်လို့ အေဂျင်စီယာ ဘရာဇီး သတင်းဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ၂၀၁၂ ခုနှစ်မှာ လူသတ်မှုပေါင်း ၅၆,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်စဉ်မှတ်တမ်းတွေထဲမှာ ဒါဟာ လူသတ်မှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ သိရတယ်။ အဲဒီလို တိုးများလာတာဟာ ကိုယ်ကျင့်တရားစံနှုန်း ကျဆင်းတဲ့ လက္ခဏာတစ်ရပ်ပဲလို့ လူထုလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ လူးဝစ် ဆာပိုရီက ယူဆတယ်။ လူတွေဟာ နိုင်ငံရဲ့ ဥပဒေတွေကို လေးစားမှု မရှိတော့တာနဲ့ “သူတို့ရဲ့ အလိုဆန္ဒတွေ ပြည့်ဖို့ ရက်စက်တဲ့ အကြမ်းဖက်နည်းကို သုံးတော့တာပဲ” လို့ သူပြောတယ်။

သင် သိပါသလား– မေတ္တာတရား “ခေါင်းပါး” လာမယ်၊ မတရားမှုတွေ တိုးများလာမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။—မဿဲ ၂၄:၃၊ ၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ