စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း
စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းရင်းများ
“လူအများစုမှာ စိတ်ဖိစီးမှု တိုးများလာတယ်။ ခေတ်ရေစီးကြောင်းအရ အပြောင်းအလဲတွေ၊ မသေချာမရေရာမှုတွေ အပြည့်ပဲ” လို့ လူသိများတဲ့ မေယို ကလင်းနစ် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။ စိတ်ဖိစီးမှု တိုးများစေတဲ့ အပြောင်းအလဲနဲ့ မသေချာမရေရာမှု တချို့ကို သုံးသပ်ကြည့်ပါ–
ကွာရှင်းခြင်း
ချစ်ရသူ သေဆုံးခြင်း
အသည်းအသန် ဖျားနာခြင်း
ပြင်းထန်တဲ့ မတော်တဆမှု
ရာဇဝတ်မှု
အလွန်အလုပ်များတဲ့ ဘဝ
သဘာဝ ဒါမှမဟုတ် လူကြောင့်ဖြစ်တဲ့ ဘေးတွေ
ကျောင်း ဒါမှမဟုတ် အလုပ် ဖိအား
အလုပ်အကိုင်နဲ့ ငွေကြေးအတွက် စိုးရိမ်ပူပန်မှု