ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၁ စာ. ၅-၆
  • စိတ်ဖိစီးမှုဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဖိစီးမှုဆိုတာ ဘာလဲ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဖိစီးမှု အကောင်းနဲ့ အဆိုး
  • ဖိစီးမှု—ကျွန်ုပ်တို့အပေါ် မည်သို့ သက်ရောက်သနည်း
    နိုးလော့!—၂၀၁၀
  • အကျိုးပြုသောဖိစီးမှု အကျိုးယုတ်စေသောဖိစီးမှု
    နိုးလော့!—၁၉၉၉
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • ဖိစီးမှု—ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိ
    နိုးလော့!—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၁ စာ. ၅-၆
ဝန်ထမ်းတစ်ယောက် ရုံးအဆောက်အဦရဲ့ လှေကားပေါ် ပြေးတက်နေ။

စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း

စိတ်ဖိစီးမှုဆိုတာ ဘာလဲ

စိတ်ဖိစီးမှုဆိုတာ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုအတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုဖြစ်တယ်။ ဦးနှောက်က ဟော်မုန်းတွေ ထုတ်လွှတ်ပေးတယ်။ ဒါကြောင့် နှလုံးခုန်နှုန်း မြန်လာတယ်။ သွေးတိုး တက်လာတယ်။ အသက်ရှူ မြန်လာတယ်။ ကြွက်သားတွေ တင်းလာတယ်။ ကိုယ်သတိမထားမိလိုက်ခင်မှာပဲ ခန္ဓာကိုယ်က တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီ။ စိတ်ဖိစီးမှု ပြေသွားတဲ့အခါမှ ခန္ဓာကိုယ်က “အသင့်အနေအထား” ကနေ ပုံမှန်ပြန်ဖြစ်သွားတယ်။

စိတ်ဖိစီးမှု အကောင်းနဲ့ အဆိုး

စိတ်ဖိစီးမှုဆိုတာ အခက်အခဲ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်စေတဲ့ သဘာဝ တုံ့ပြန်မှုဖြစ်တယ်။ တုံ့ပြန်မှုဟာ ဦးနှောက်ကနေ အစပြုတယ်။ ကောင်းတဲ့ စိတ်ဖိစီးမှုကြောင့် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်တယ်။ စာမေးပွဲဖြေချိန်၊ အလုပ်အင်တာဗျူး ဒါမှမဟုတ် အားကစားပြိုင်ပွဲဝင်ချိန်တွေမှာ စိတ်ဖိစီးမှု အသင့်အတင့်ရှိတာက ကိုယ့်ရဲ့ပန်းတိုင်ရောက်ဖို့၊ ပိုကောင်းအောင်လုပ်ဖို့ ကူညီပေးနိုင်တယ်။

ဒါပေမဲ့ ရေရှည်၊ အပြင်းအထန် စိတ်ဖိစီးနေတာကတော့ အန္တရာယ်ရှိတယ်။ ခန္ဓာကိုယ်က ခဏခဏ ဒါမှမဟုတ် အမြဲ “အသင့်အနေအထား” ဖြစ်နေရင် ကာယပိုင်း၊ စိတ်ပိုင်း ထိခိုက်လာနိုင်တယ်။ တခြားသူတွေကို ပြုမူဆက်ဆံပုံ အပါအဝင် သင့်အပြုအမူ ပြောင်းလာနိုင်တယ်။ ရေရှည်စိတ်ဖိစီးနေတာက ဆေးဝါးအလွဲသုံးတာ၊ မှားယွင်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတာတွေ ဖြစ်စေနိုင်တယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ပန်းလူပန်းဖြစ်တာ၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားတာတွေတောင် ဖြစ်စေနိုင်တယ်။

စိတ်ဖိစီးမှုက လူတိုင်းအပေါ် တစ်ပုံစံတည်း သက်ရောက်မှုရှိတာ မဟုတ်ပေမဲ့ ရောဂါအမျိုးမျိုး ဖြစ်စေနိုင်တယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးကို ထိခိုက်စေနိုင်တယ်။

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို ဘယ်လို ထိခိုက်စေသလဲ

အာရုံကြောစနစ်။

လူတစ်ယောက် စိတ်ဖိစီးပြီး သူ့ခေါင်းကို ကိုင်ထား။

အာရုံကြောစနစ်ဟာ အဒရီနယ်လင်၊ ကော်တီစော စတဲ့ ဟော်မုန်းတွေ ထွက်လာဖို့ လှုံ့ဆော်ပေးတယ်။ အဲဒီဟော်မုန်းတွေက နှလုံးခုန်နှုန်း၊ သွေးဖိအား၊ သွေးတွင်းသကြားဓာတ်တွေကို များလာစေတယ်။ အန္တရာယ်ကို တုံ့ပြန်ဖို့ အသင့်ပြင် ပေးတယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • စိတ်ဆိုးတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ၊ ခေါင်းကိုက်တာ၊ အိပ်မပျော်တာတွေ ဖြစ်စေနိုင်တယ်။

အရိုးကြွက်သားစနစ်။

ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်ပေးဖို့ ကြွက်သားတွေ တင်းလာတယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • ကိုယ်လက်ကိုက်ခဲနာကျင်တာ၊ ခေါင်းကိုက်တာ၊ အကြောဆွဲတာတွေ ဖြစ်စေနိုင်တယ်။

အသက်ရှူစနစ်။

အောက်ဆီဂျင် များများရဖို့ အသက်ရှူမြန်လာတယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • အသက်ရှူမြန်တာ၊ အသက်ရှူမဝတာ ဖြစ်စေနိုင်တယ်။ အဲဒါက အသက်ရှူလမ်းကြောင်း ပြဿနာရှိသူတွေကို အမောဖောက်စေနိုင်တယ်။

နှလုံးသွေးကြောစနစ်။

ခန္ဓာကိုယ်အနှံ့ကို သွေးပို့ပေးဖို့ နှလုံးခုန် မြန်လာတယ်။ ကြွက်သားလိုမျိုး အလိုအပ်ဆုံး နေရာတွေဆီ သွေးကို ပို့ပေးဖို့ သွေးကြောတွေ ကျယ်လာ၊ ကျုံ့လာနိုင်တယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • သွေးတိုးတာ၊ ရုတ်တရက် နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာတွေ ဖြစ်စေနိုင်တယ်။

ဂလင်းစနစ်။

ဂလင်းတွေက အဒရီနယ်လင်၊ ကော်တီစော စတဲ့ ဟော်မုန်းတွေ ထုတ်ပေးတယ်။ အသည်းက သင် စွမ်းအင် ပိုရဖို့ သွေးတွင်းသကြားဓာတ်ကို များလာစေတယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • ဆီးချို၊ ကိုယ်ခံအားနည်းပြီး ဖျားနာတာ၊ စိတ်အပြောင်းအလဲမြန်တာ၊ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်စေနိုင်တယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်။

စိတ်ဖိစီးမှုက အစာခြေလုပ်ငန်းစဉ်တွေကို ထိခိုက်စေတယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • ခေါင်းမူးတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်တယ်။

မျိုးပွားစနစ်။

စိတ်ဖိစီးမှုက လိင်ဆန္ဒနဲ့ စွမ်းဆောင်နိုင်စွမ်းကို ကျဆင်းစေတယ်။ စိတ်ဖိစီးမှု များလွန်းတာက

  • ပန်းသေတာ၊ ရာသီမမှန်တာတွေ ဖြစ်စေနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ