ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၂ စာ. ၁၂-၁၃
  • ဒုက္ခခံဖို့ လူဖြစ်လာတာလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒုက္ခခံဖို့ လူဖြစ်လာတာလား
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ
  • စဉ်းစားကြည့်ပါ
  • ကျမ်းစာ သွန်သင်ရာ
  • ဆင်းရဲဒုက္ခ
    နိုးလော့!—၂၀၁၅
  • မာတိကာ
    နိုးလော့!—၂၀၂၀
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၂ စာ. ၁၂-၁၃
တောင်ပေါ်မှာ အပျော် စခန်းချနေတဲ့ မိသားစု။ တောင်တွေကို နောက်ခံထားပြီး မိသားစု ဆယ်ဖီရိုက်နေ။

၄။ ဒုက္ခခံဖို့ လူဖြစ်လာတာလား

အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ

ဒီမေးခွန်းရဲ့ အဖြေကို သိရင် ဘဝအပေါ် ရှုမြင်ပုံ ပြောင်းသွားနိုင်တယ်။

စဉ်းစားကြည့်ပါ

ကမ္ဘာကို ဒီလောက် လှလှပပ ဖန်ဆင်းထားပြီး ဘုရားက ကျွန်တော်တို့ကို ဒုက္ခခံစေတယ်ဆိုတာ ယုတ္တိရှိပါ့မလား။

ဘုရားမဲ့ဝါဒီတွေ ဘုရားရဲ့ သဘောထားကို မေးခွန်းထုတ်တာ၊ ဘုရား ရှိရဲ့လားလို့ သံသယဝင်တာဟာ လူတွေ ကြုံနေရတဲ့ ဆင်းရဲဒုက္ခကြောင့် ဖြစ်တယ်။ ဘုရားမှာ ဒုက္ခတွေကို တားဆီးနိုင်စွမ်း ဒါမှမဟုတ် တားဆီးချင်တဲ့ ဆန္ဒ မရှိလို့ ဖြစ်ရမယ်၊ ဒါမှမဟုတ် ဘုရား လုံးဝ မရှိတာ ဖြစ်ရမယ်လို့ သူတို့ ယုံကြည်ကြတယ်။

တကယ်ပဲ အဲဒီအကြောင်းရင်းတွေကြောင့် ဒုက္ခရောက်တာလား။

ထပ်သိချင်ရင်

သမ္မာကျမ်းစာ မှန်ကန်ကြောင်း ဘယ်လို စိတ်ချနိုင်သလဲ ဗီဒီယိုကို jw.org မှာကြည့်ပါ။

ကျမ်းစာ သွန်သင်ရာ

ကျွန်တော်တို့ ဒုက္ခခံဖို့ ဘုရား ဖန်ဆင်းထားတာ မဟုတ်ဘူး။

ဘဝကို ပျော်မွေ့စေချင်တယ်။

‘ဘဝတစ်လျှောက်လုံး ပျော်ပျော်နေပြီး ကောင်းမှု လုပ်တာထက် မွန်မြတ်တာ ဘာမှ မရှိဘူး။ အဲဒီအပြင် စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်။ ဒါတွေဟာ ဘုရားသခင်ဆီက ရတဲ့ လက်ဆောင်ပဲ။’ —ဒေသနာ ၃:၁၂၊ ၁၃။

ဘုရားက ပထမလူသားမောင်နှံကို ဒုက္ခကင်းတဲ့ ဘဝ ပေးခဲ့တယ်။

သူတို့ကော သားစဉ်မြေးဆက်တွေပါ ဒုက္ခ ခံဖို့ ဘုရား မရည်ရွယ်ခဲ့ဘူး။

‘ဘုရားသခင်က “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ” လို့ ပြောတယ်။’—ကမ္ဘာဦး ၁:၂၈။

ပထမလူသားမောင်နှံဟာ ဘုရားကို မနာခံဖို့ ရွေးချယ်ခဲ့တယ်။

ဒါကြောင့် သူတို့ကော သားစဉ်မြေးဆက်တွေပါ ဒုက္ခရောက်ရတယ်။

“အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။” —ရောမ ၅:၁၂။a

ဘုရား လမ်းညွှန်ချက် မပါဘဲ အသက်ရှင်ဖို့ ကျွန်တော်တို့ကို မဖန်ဆင်းထားဘူး။

လူတွေဟာ ရေအောက်မှာ နေထိုင်ဖို့ မဖြစ်နိုင်သလို လူလူချင်း အုပ်ချုပ်ဖို့လည်း မဖြစ်နိုင်ဘူး။

‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိပါဘူး။’—ယေရမိ ၁၀:၂၃။

ဘုရားက ကျွန်တော်တို့ကို ဒုက္ခ မကြုံစေချင်ဘူး။

ပြဿနာတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်ဖို့ ဘုရား အလိုရှိတယ်။

“ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင် မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို . . . ဖြစ်လာမယ်။” —ဟေရှာယ ၄၈:၁၈။

a ကျမ်းစာမှာပါတဲ့ “အပြစ်” ဆိုတဲ့ စကားလုံးဟာ မှားယွင်းတဲ့ လုပ်ရပ်တွေကိုသာမက လူအားလုံး အမွေရထားတဲ့ အခြေအနေကိုပါ ဆိုလိုတယ်။

ဒုက္ခခံဖို့ လူဖြစ်လာတာလား

မဟုတ်ပါဘူး။ လူတွေနဲ့ပတ်သက်တဲ့ ဘုရား ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခ မပါဘူး။ ဘုရားကို မနာခံဖို့ ပထမလူသားမောင်နှံ ရွေးချယ်လိုက်ချိန်ကစပြီး ဒုက္ခ ရောက်ရတာ။ ဒါပေမဲ့ ဆင်းရဲဒုက္ခ ထာဝစဉ် ရှိမှာ မဟုတ်ဘူး။

ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား

မေးခွန်း ၅ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ