ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၁ စာ. ၁၂-၁၃
  • မျှော်လင့်ချက် ရှိစေတဲ့ သွန်သင်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျှော်လင့်ချက် ရှိစေတဲ့ သွန်သင်ချက်များ
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်က လူဆိုးတွေကို ဖျက်ဆီးမယ်
  • ဘုရားသခင်က စာတန်ကို ဖျက်ဆီးမယ်
  • ဘုရားသခင်က အဖျားအနာနဲ့ သေခြင်းကို ဖယ်ရှားမယ်
  • ဖန်ဆင်းရှင်က ကမ္ဘာကို အေးချမ်းသာယာလှပတဲ့နေရာ ဖြစ်စေမယ်
  • ဘုရားသခင်က သေလွန်သွားသူတွေကို အသက်ပြန်ရှင်စေမယ်
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ပျော်ရွှင်ချမ်းမြေ့သော အနာဂတ်ကိုသင်ပိုင်ဆိုင်နိုင်သည်!
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၁ စာ. ၁၂-၁၃
သာယာလှပတဲ့ ပရဒိသုမှာ အစားအစာအလျှံပယ် ရှိပြီး လူတွေ တိရစ္ဆာန်တွေနဲ့ ငြိမ်သက်အေးချမ်းစွာ နေထိုင်နေကြစဉ်။

မျှော်လင့်ချက် ရှိစေတဲ့ သွန်သင်ချက်များ

မဝေးတော့တဲ့ အနာဂတ်မှာ သိပ်ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ဘုရား ကတိပြုထားတယ်။ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားမယ်။ လူတွေ ကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမယ်။ (ဆာလံ ၃၇:၁၁) အဲဒီကတိကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ “ဘုရားသခင်ဟာ လူတွေလို မလိမ်တတ်” လို့ပဲ။ (တောလည်ရာ ၂၃:၁၉) ဖန်ဆင်းရှင် ပြုလုပ်ပေးမယ့် ကောင်းတဲ့အရာတချို့ကို သုံးသပ်ကြည့်ကြစို့။

ဘုရားသခင်က လူဆိုးတွေကို ဖျက်ဆီးမယ်

“လူဆိုးတွေ ပေါင်းပင်လို ပေါက်နေပြီး အမှားလုပ်တဲ့သူတွေ ရှင်သန်ကြီးထွားနေပေမဲ့ နောက်ဆုံးတော့ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်ဆိုတဲ့ အချက်ပဲ။”—ဆာလံ ၉၂:၇။

ပြီးခဲ့တဲ့ ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း မကောင်းမှုတွေ တိုးများနေတယ်။ အဲဒါကို မအံ့ဩသင့်ပါဘူး။ “နောက်ဆုံးကာလ” မှာ လူတွေဟာ ထူးထူးခြားခြား ဆိုးသွမ်းလာမယ်လို့ ၂ တိမောသေ ၃:၁-၅ မှာ ကြိုပြောထားတယ်။ ဘာရဲ့ နောက်ဆုံးကာလလဲ။ ဘုရားတရားမဲ့သူတွေ ရှိတဲ့ လက်ရှိ လောကရဲ့ နောက်ဆုံးကာလပါ။ မကြာခင်မှာ ဘုရားသခင်က ဆိုးသွမ်းတဲ့ လမ်းစဉ် မပြောင်းလဲသူတွေကို ဖျက်ဆီးပါတော့မယ်။ ဘုရားစကား နားထောင်တဲ့ လူကောင်းတွေပဲ ကျန်ရစ်မယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉။

ဘုရားသခင်က စာတန်ကို ဖျက်ဆီးမယ်

“ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က မကြာခင် စာတန်ကို . . . ချေမှုန်းတော့မယ်။”—ရောမ ၁၆:၂၀။

စာတန်၊ နတ်ဆိုးတွေနဲ့ လူဆိုးတွေ မရှိတော့တဲ့အခါ ကမ္ဘာမြေတစ်ခွင် ငြိမ်သက်အေးချမ်း လာပါလိမ့်မယ်။ “ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး” လို့ ဖန်ဆင်းရှင် ကတိပေးတယ်။—မိက္ခာ ၄:၄။

ဘုရားသခင်က အဖျားအနာနဲ့ သေခြင်းကို ဖယ်ရှားမယ်

“ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ . . . ရှိနေမယ်။ ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၃၊ ၄။

အဖျားအနာနဲ့ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင်က စာတန်၊ အာဒံ၊ ဧဝနဲ့ လူ့မစုံလင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းမှုအားလုံးကို ချေဖျက်ပစ်တော့မယ်။ ဒါကြောင့် “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။” ဖန်ဆင်းရှင်ကို ချစ်ပြီး နာခံတဲ့လူသားတွေ ထာဝစဉ် အသက်ရှင်မယ်။ ဘယ်နေရာမှာ အသက်ရှင်ကြမှာလဲ။

ဖန်ဆင်းရှင်က ကမ္ဘာကို အေးချမ်းသာယာလှပတဲ့နေရာ ဖြစ်စေမယ်

“တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁။

လူဆိုးတွေကို ဘုရား ဖျက်ဆီးပြီးနောက်မှာ ကမ္ဘာဟာ အေးချမ်းသာယာတဲ့ နေရာ ဖြစ်လာမယ်။ နေရာတိုင်းမှာ ပန်းခြံတွေ၊ ဥယျာဉ်တွေ ရှိမယ်။ အစားအစာ အလျှံပယ် ရှိမယ်။ (ဆာလံ ၇၂:၁၆) ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်တွေဟာ ကြည်လင်သန့်ရှင်းပြီး သက်ရှိတွေနဲ့ ပြည့်နေမယ်။ “ညစ်ညမ်းမှု” ဆိုတဲ့ ဝေါဟာရတောင် ပျောက်သွားမယ်။ လူတွေဟာ ကိုယ်ဆောက်တဲ့ အိမ်မှာ ကိုယ်နေရမယ်။ အိမ်ယာမဲ့တွေ၊ ငတ်မွတ်သူတွေ၊ ဆင်းရဲသားတွေ ရှိတော့မှာ မဟုတ်ဘူး။—ဟေရှာယ ၆၅:၂၁၊ ၂၂။

ဘုရားသခင်က သေလွန်သွားသူတွေကို အသက်ပြန်ရှင်စေမယ်

“ရှင်ပြန်ထမြောက်လာ” မယ်။—တမန်တော် ၂၄:၁၅။

ချစ်ရတဲ့ ဆုံးပါးသွားသူတွေကို ပြန်တွေ့ချင်သလား။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူတို့ကို သာယာလှပတဲ့ ပရဒိသု မြေကြီးမှာ အသက်ပြန်ရှင်အောင် လုပ်ပေးမယ်။ ကိုယ်က သူတို့ကို မှတ်မိမယ်။ သူတို့လည်း ကိုယ့်ကို မှတ်မိမယ်။ ဘယ်လောက်တောင် ပျော်လိုက်ကြမလဲ။ အဲဒီလို ဖြစ်လာမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ သေရာကနေ အသက်ပြန်ရှင်လာပြီး မိသားစုနဲ့ ပြန်ပေါင်းစည်းခဲ့တဲ့ လူကြီးတွေ၊ ကလေးတွေအကြောင်းကို ကျမ်းစာထဲမှာ ဖော်ပြထားလို့ပါ။ အဲဒီအပြင် ယေရှုက မျက်မြင်သက်သေတွေရှေ့မှာ သေလွန်သူတွေကို အသက်ပြန်ရှင်စေခဲ့တယ်။—လုကာ ၈:၄၉-၅၆။ ယောဟန် ၁၁:၁၁-၁၄၊ ၃၈-၄၄။

အခုတော့ ကျွန်တော် တကယ် ပျော်နေပြီ

“ဆင်းရဲဒုက္ခ၊ အဖျားအနာ၊ သေခြင်း မရှိတော့မယ့် မြေကြီး ပရဒိသုအကြောင်း ပထမဆုံးအကြိမ် ကြားတဲ့အချိန်ကို မှတ်မိသေးတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲလို့ တွေးပြီး ကျိတ်ရယ်ခဲ့တယ်။ ကျမ်းစာလေ့လာလိုက်တော့ ထူးခြားတဲ့ ဒီစာအုပ်နဲ့ အဲဒီစာအုပ်မှာ ပြောသမျှကို ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ သိလာတယ်။ သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာ တထစ်ချ ယုံကြည်တယ်။ အရင်တုန်းကတော့ စိတ်ပူပြီး ဝမ်းနည်းတာ မျက်နှာမှာ ပေါ်နေတယ်။ အခုတော့ ကျွန်တော် တကယ် ပျော်နေပြီ။ မိသားစုနဲ့ မိတ်ဆွေတွေတောင် ကျွန်တော် ပြောင်းလဲသွားတာကို သိကြတယ်။”—ရာဗီ။

ရာဗီ။

ထပ်လေ့လာပါ–

သာယာလှပတဲ့ မြေကြီး ပရဒိသုမှာ လူသားတွေ ထာဝစဉ်အသက်ရှင်မယ် ဆိုတဲ့ ဖန်ဆင်းရှင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း ထပ်သိချင်တယ်ဆိုရင် jw.org/my ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > ကျမ်းစာမေးခွန်းများရဲ့ အဖြေ > အသက်ရှင်ခြင်းနဲ့ သေခြင်းမှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ