ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၁၂
  • လူတွေ ရဲတိုက်ကြီးဆောက်တဲ့ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတွေ ရဲတိုက်ကြီးဆောက်တဲ့ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ကိုယ်ကို နာမည်မကျော်စော စေခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘေဘယ် ရဲတိုက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “ဘေဘယ်လ်ရဲတိုက်” ကနေ ဘာသာစကားတွေ ပေါ်ပေါက်လာတာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၁၂
ဆောက်လုပ်တဲ့လူတွေဟာ ဘာသာစကားအမျိုးမျိုးပြောတာကြောင့် ပြောဆိုဆက်သွယ်လို့ မရတော့ဘူး

ပုံပြင် ၁၂

လူတွေ ရဲတိုက်ကြီးဆောက်တဲ့ အကြောင်း

နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ။ နောဧရဲ့သားတွေ သားသမီးအများကြီးရခဲ့ပြီ။ သူတို့ရဲ့ကလေးတွေလည်း ကြီးပြင်းလာပြီး သားသမီးတွေ ထပ်မွေးကြတယ်။ ဒါနဲ့ မကြာခင်မှာပဲ ကမ္ဘာပေါ်မှာ လူအများကြီးဖြစ်လာရော။

သူတို့ထဲက တစ်ယောက်ကတော့ နောဧရဲ့မြစ်၊ နိမ်ရောဒဆိုတဲ့ လူပဲ။ နိမ်ရောဒဟာ လူဆိုးကြီး။ တိရစ္ဆာန်ရော လူကိုပါလိုက်သတ်တယ်။ တခြားလူတွေပေါ်မှာလည်း ဘုရင်လုပ်တယ်။ နိမ်ရောဒကို ဘုရားသခင်မကြိုက်ဘူး။

ဗာဗုလုန်ရဲတိုက်

အဲဒီအချိန်မှာရှိတဲ့ လူတွေအားလုံး စကားတစ်မျိုးတည်းပြောကြတယ်။ နိမ်ရောဒက လူအားလုံးကို တစ်နေရာထဲမှာပဲ စုထားချင်တယ်။ ဒါမှလည်း သူတို့ကို သူအုပ်စိုးနိုင်မှာကိုး။ ဒါကြောင့် သူဘာလုပ်သလဲသိလား။ လူတွေကို မြို့တစ်ခု၊ ရဲတိုက်ကြီးတစ်ခု ဆောက်ခိုင်းတယ်။ လူတွေ အုတ်ဖုတ်နေကြတာ ပုံမှာကြည့်ပါလား။

ဒီလိုဆောက်လုပ်နေကြတာကို ယေဟောဝါဘုရားသခင်မကြိုက်ဘူး။ လူတွေအနယ်နယ်အရပ်ရပ်ဖြန့်ပြီး ကမ္ဘာတစ်ခွင်လုံးမှာ နေထိုင်ကြတာကိုပဲ လိုလားတယ်။ ဒါပေမဲ့ လူတွေက “လာကြ။ ကောင်းကင်ကိုမီတဲ့ အထွတ်ရှိရဲတိုက်နဲ့ မြို့တစ်ခုကိုဆောက်ကြရအောင်။ ဒါမှ တို့နာမည်ကြီးမယ်” ဆိုပြီးပြောကြတယ်။ လူတွေက ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမြှင့်မယ့်အစား သူတို့ရဲ့ကျော်ဇောမှုကိုပဲ လိုလားကြတယ်။

ဒါကြောင့် ဘုရားသခင်က သူတို့ရဲ့ဆောက်လုပ်ရေးကိုရပ်တန့်သွားအောင် ဖန်တီးလိုက်တယ်။ ဘယ်လိုဖန်တီးသလဲ သိကြလား။ လူတွေကို ဘာသာစကားတစ်မျိုးတည်းပြောရာကနေ ချက်ချင်းစကားအမျိုးမျိုးပြောလာအောင် ဖန်တီးလိုက်တယ်လေ။ ဆောက်လုပ်တဲ့လူတွေ တစ်ယောက်နဲ့တစ်ယောက် စကားမပေါက်ကြတော့ဘူးလေ။ ဒါကြောင့်လည်း သူတို့ရဲ့မြို့ကို ဗာဗုလုန်လို့ခေါ်တယ်။ အဓိပ္ပာယ်က “ရှုပ်ထွေးခြင်း” တဲ့။

ဒီတော့ လူတွေဟာ ဗာဗုလုန်မြို့ကနေ ခွဲထွက်လာကြတယ်။ ဘာသာစကားချင်းတူတဲ့လူတွေ အုပ်စုဖွဲ့ပြီး ကမ္ဘာရဲ့တခြား အစိတ်အပိုင်းမှာသွားပြီး နေထိုင်ကြတော့တယ်။

ကမ္ဘာဦး ၁၀:၁၊ ၈-၁၀; ၁၁:၁-၉။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ