ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၂၉
  • မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မီးလောင်နေတဲ့ချုံ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မီးလောင်နေတဲ့ ချုံပုတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၂၉
မောရှေ အီဂျစ်ပြည်ကနေ ထွက်ပြေး

ပုံပြင် ၂၉

မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း

အီဂျစ်ပြည်ကနေ မောရှေထွက်ပြေးနေတာကိုကြည့်။ လူတွေသူ့နောက်က လိုက်နေတာတွေ့လား။ သူတို့မောရှေကိုဘာဖြစ်လို့ သတ်ချင်တာလဲသိလား။ အဖြေရှာကြည့်ရအောင်။

မောရှေဟာ အီဂျစ်ပြည့်ရှင်ဖာရောရဲ့နန်းတော်မှာ ကြီးပြင်းလာတယ်။ အင်မတန်ပညာရှိပြီး ဩဇာရှိတဲ့လူတစ်ယောက်ဖြစ်လာတယ်။ မောရှေဟာ သူ့ကိုယ်သူ အီဂျစ်လူမဟုတ်မှန်းသိတယ်။ သူ့မိဘအရင်းဟာ ဣသရေလကျွန်တွေဖြစ်မှန်းသိတာပေါ့။

အသက် ၄၀ ရှိတဲ့တစ်နေ့မှာ သူ့လူမျိုးတွေဘယ်လိုနေသလဲသိရအောင် သွားကြည့်ဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ သူတို့တစ်တွေဟာ ရက်ရက်စက်စက်အညှဉ်းခံနေရတယ်။ အီဂျစ်လူတစ်ယောက် ဣသရေလကျွန်တစ်ယောက်ကိုရိုက်နေတာ သူတွေ့လိုက်တယ်။ မောရှေက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဘယ်သူမှမရှိမှန်းသိတော့ ဟိုအီဂျစ်လူကိုသတ်လိုက်တယ်။ ပြီးတော့ အဲဒီလူရဲ့အလောင်းကို သဲသောင်ပြင်အောက်မှာဝှက်ထားလိုက်တယ်။

နောက်တစ်ရက်မှာလည်း မောရှေကသူ့လူမျိုးကို သွားကြည့်ပြန်တယ်။ သူတို့ကိုကျွန်ဘဝကနေ ကယ်နိုင်မယ်လို့ သူထင်ခဲ့တယ်။ ဒါပေမဲ့ ဣသရေလလူနှစ်ယောက် အချင်းချင်းရန်ဖြစ်နေကြတာကိုတွေ့တော့ မှားတဲ့လူကိုမောရှေက ‘ခင်ဗျားညီအစ်ကိုကို ဘာဖြစ်လို့ရိုက်နေရတာလဲ’ ဆိုပြီးပြောတယ်။

အဲဒီလူက ‘ခင်ဗျားကိုကျွန်ုပ်တို့ရဲ့ ဘုရင်နဲ့တရားသူကြီးအဖြစ် ဘယ်သူကခန့်ထားတာလဲ။ ဟိုအီဂျစ်လူကိုခင်ဗျားသတ်သလို ကျုပ်ကိုလည်းသတ်မလို့လား’ ဆိုပြီးပြောတယ်။

မောရှေကြောက်လာတယ်။ ဟိုအီဂျစ်လူကို သူဘာလုပ်ခဲ့တဲ့အကြောင်း လူတွေသိကုန်ကြပြီဆိုတာ သူသဘောပေါက်လာတယ်။ ဖာရောတောင်သိသွားပြီ။ မောရှေကိုသတ်ဖို့ လူကိုလည်းလွှတ်လိုက်ပြီ။ ဒါကြောင့်မောရှေ အီဂျစ်ပြည်ကနေ ထွက်ပြေးရတာပေါ့။

မောရှေအီဂျစ်ပြည်ကနေ တိမ်းရှောင်ပြီးတဲ့နောက် မိဒျန်ဆိုတဲ့သိပ်ဝေးတဲ့နေရာကို သွားလိုက်တယ်။ အဲဒီမှာ ယေသရောမိသားစုကိုတွေ့ပြီး ဇိပေါရလို့ခေါ်တဲ့ ယေသရောရဲ့သမီးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ မောရှေဟာသိုးထိန်းဖြစ်လာပြီး ယေသရောရဲ့သိုးတွေကိုကျောင်းတယ်။ သူဟာမိဒျန်ပြည်မှာ အနှစ် ၄၀ တိုင်တိုင်နေတယ်။ အခုအသက် ၈၀ ရှိသွားပြီ။ တစ်နေ့ကျတော့ မောရှေဟာ ယေသရောရဲ့သိုးတွေကို ကျောင်းနေတဲ့အချိန်မှာ သူ့ဘဝတစ်ခုလုံးကိုပြောင်းပစ်မယ့် ထူးဆန်းတဲ့အဖြစ်တစ်ခုမြင်လိုက်ရတယ်။ စာရွက်လှန်လိုက်။ သူ ဘာအထူးအဆန်းတွေ့ခဲ့သလဲ ကြည့်ရအောင်။

ထွက်မြောက်ရာ ၂:၁၁-၂၅; တမန်တော် ၇:၂၂-၂၉။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ