ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၃၀
  • မီးလောင်နေတဲ့ချုံ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မီးလောင်နေတဲ့ချုံ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မီးလောင်နေတဲ့ ချုံပုတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • မောရှေဘာကြောင့်ထွက်ပြေးရတဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၃၀
မောရှေနဲ့ မီးလောင်နေတဲ့ချုံ

ပုံပြင် ၃၀

မီးလောင်နေတဲ့ချုံ အကြောင်း

မောရှေဟာ သူ့သိုးတွေစားဖို့မြက်ကိုရှာရင်းနဲ့ ဟောရပ်တောင်ကို ရောက်သွားတယ်။ အဲဒီမှာ ချုံတစ်ခု မီးလောင်နေတာတွေ့လိုက်တယ်။ ဒါပေမဲ့ ချုံက မီးမကျွမ်းဘဲနေတယ်။

‘တယ်ထူးဆန်းပါလား’ လို့မောရှေ တွေးမိတယ်။ ‘ငါအနားနားကပ်ပြီး ကြည့်လိုက်ဦးမှ’။ ဒါနဲ့သူအနားနားကပ်သွားတော့ ချုံထဲကအသံတစ်သံထွက်လာတယ်။ ‘ရှေ့ဆက်တိုးမလာနဲ့။ မင်းရဲ့ဖိနပ်ကို ချွတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် မင်းနင်းနေတဲ့မြေဟာ သန့်ရှင်းတဲ့မြေဖြစ်တယ်’ ဆိုပြီးကြားရတယ်။ ကောင်းကင်တမန်အားဖြင့် ဘုရားသခင်စကားပြောနေတာလေ။ ဒါကြောင့်မောရှေက သူ့မျက်နှာကိုဖုံးအုပ်လိုက်တယ်။

အဲဒီနောက်ဘုရားသခင်က ‘အီဂျစ်ပြည်မှာ ငါ့လူတွေဘယ်လို ဒုက္ခခံနေရသလဲဆိုတာ ငါတွေ့ပြီ။ ဒါကြောင့်သူတို့ကို လွတ်မြောက်အောင် ငါလုပ်မယ်။ ငါ့လူတွေကို အီဂျစ်ပြည်ကခေါ်ထုတ်ဖို့ မင်းကိုစေလွှတ်မယ်’ ဆိုပြီးပြောတယ်။ ယေဟောဝါဟာ သူ့လူမျိုးကိုလှပတဲ့ ခါနာန်ပြည်ကိုခေါ်ဆောင်သွားဖို့ ပြင်နေတယ်။

ဒါပေမဲ့ မောရှေက ‘ကျွန်တော်မျိုး ဘာမှမဟုတ်ပါဘူး။ ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီး ဒါကိုလုပ်နိုင်မှာလဲ။ ကျွန်တော်မျိုးသွားရင်တောင်မှ ဣသရေလလူတွေက “ဘယ်သူကခင်ဗျားကိုလွှတ်လိုက်တာလဲ” ဆိုပြီးကျွန်တော်မျိုးကိုမေးမှာပဲ။ အဲဒီလိုမေးရင် ကျွန်တော်မျိုးဘယ်လိုလုပ်ပြီးဖြေရမှာလဲ’ ဆိုပြီး ပြန်လျှောက်တယ်။

ဘုရားသခင်က ‘မင်းဒီလိုပြန်ဖြေရမယ်။ “အာဗြဟံရဲ့ဘုရား၊ ဣဇာက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရားဖြစ်တဲ့ ယေဟောဝါက ငါ့ကိုလွှတ်လိုက်တယ်” ဆိုပြီးပြောခိုင်းတယ်။ ပြီးတော့ယေဟောဝါက ‘ဒီနာမည်ဟာအစဉ် ငါ့နာမည်ဖြစ်မယ်’ ဆိုပြီးတော့လည်း ထပ်ပြောတယ်။

‘ကျွန်တော်မျိုးကို ကိုယ်တော်စေလွှတ်တယ်ဆိုတာကို သူတို့မယုံရင်ကော’ ဆိုပြီး မောရှေပြန်ပြောတယ်။

‘မင်းလက်ထဲမှာ ဘာရှိသလဲ’ လို့ဘုရားသခင်ကမေးတယ်။

မောရှေက ‘တုတ်တစ်ချောင်း’ ဆိုပြီး ဖြေတယ်။

ဘုရားသခင်က ‘မြေကြီးပေါ်ချပစ်လိုက်’ တဲ့။ မောရှေချပစ်လိုက်တဲ့အခါ တုတ်ဟာမြွေဖြစ်သွားရော။ ပြီးတော့ယေဟောဝါက မောရှေကိုအံ့သြစရာနောက်တစ်ခုပြတယ်။ ‘မင်းဝတ်ရုံထဲ လက်ကိုသွင်းလိုက်စမ်း’ တဲ့။ ပြောတဲ့အတိုင်း မောရှေလုပ်တော့ လက်ကိုပြန်ထုတ်လိုက်တဲ့အခါ နှင်းပွင့်လိုဖြူဆွတ်သွားတယ်။ အနူရောဂါစွဲသလိုဖြစ်သွားတယ်။ အဲဒီနောက် တတိယအံ့သြစရာလုပ်နိုင်တဲ့တန်ခိုးကို ယေဟောဝါက မောရှေကိုပေးလိုက်တယ်။ နောက်ဆုံးတော့ ‘မင်းဒီအံ့သြစရာတွေကို ဣသရေလလူတွေရှေ့လုပ်ပြလိုက်ရင် ငါလွှတ်လိုက်တယ်ဆိုတာကို သူတို့ယုံကြလိမ့်မယ်’ ဆိုပြီးမောရှေကိုပြောတယ်။

အဲဒီနောက် မောရှေအိမ်ပြန်ပြီးယေသရောကိုပြောတယ်။ ‘ကျွန်တော့်အမျိုးတွေဘယ်လိုနေကြသလဲသိရအောင် အီဂျစ်ပြည်သွားဖို့ ကျွန်တော့်ကိုခွင့်ပြုပါ’ တဲ့။ ဒါနဲ့ယေသရောက မောရှေကိုနှုတ်ဆက်တယ်။ မောရှေလည်း အီဂျစ်ပြည်ကိုထွက်သွားတယ်။

ထွက်မြောက်ရာ ၃:၁-၂၂; ၄:၁-၂၀။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ