ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၃၃
  • ပင်လယ်နီကို ဖြတ်ကူးတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်နီကို ဖြတ်ကူးတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပင်လယ်နီက အံ့ဖွယ်ဖြစ်ရပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ‘ထာဝရဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မင်းဆိုးတစ်ပါး အီဂျစ်ပြည်ကို အုပ်ချုပ်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၃၃
ဘုရားသခင့်တန်ခိုးနဲ့ ပင်လယ်နီ နှစ်ခြမ်းကွဲသွားအောင် လုပ်နေတဲ့ မောရှေ

ပုံပြင် ၃၃

ပင်လယ်နီကို ဖြတ်ကူးတဲ့အကြောင်း

ဘာဖြစ်နေသလဲ ကြည့်လိုက်စမ်း။ ပင်လယ်နီအပေါ်မှာ လှံတံကိုဆန့်တန်းပြီးထားတဲ့လူက မောရှေပဲ။ သူနဲ့အတူ ဘေးမသီရန်မခဘဲ တစ်ဖက်ကမ်းနဖူးပေါ်ရပ်နေတဲ့လူတွေက ဣသရေလလူတွေ။ ဒါပေမဲ့ ဖာရောနဲ့သူ့တပ်မဟာကြီးကတော့ ပင်လယ်နီထဲနစ်ကုန်ကြပြီ။ ဘယ်လိုလုပ်ဖြစ်လာကြသလဲ ကြည့်ရအောင်။

တို့သိခဲ့တဲ့ အတိုင်းပဲ၊ အီဂျစ်ပြည်ပေါ် ၁၀ ခုမြောက်ကပ်ဘေးကို ဘုရားသခင်ကျရောက်စေပြီးတဲ့နောက် ဖာရောက ဣသရေလလူတွေကို အီဂျစ်ပြည်က ထွက်ခိုင်းလိုက်တယ်။ ဣသရေလအမျိုးသား ၆၀၀,၀၀၀ ထွက်လာကြတယ်။ မိန်းမနဲ့ကလေးတွေ အများကြီးလည်းပါတာပေါ့။ ယေဟောဝါကိုယုံကြည်လာတဲ့ တခြားလူအများကြီးလည်း ဣသရေလလူတွေနဲ့ လိုက်သွားကြတယ်။ သူတို့သိုးတွေ၊ ဆိတ်တွေ၊ နွားတွေကိုလည်း ကိုယ်စီခေါ်လာကြတာပေါ့။

သူတို့မထွက်ခင်မှာ၊ ဣသရေလလူတွေက အီဂျစ်လူတွေဆီမှာအဝတ်အစားတွေ၊ ရွှေငွေတွေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေတောင်းကြတယ်။ အီဂျစ်လူတွေကလည်း နောက်ဆုံးကပ်ဘေးကြောင့် သိပ်ကြောက်နေကြတော့၊ ဣသရေလလူတွေတောင်းတာ အကုန်ပေးလိုက်တာပဲ။

ရက်ပိုင်းလောက်ကြာတော့ ဣသရေလလူတွေ ပင်လယ်နီကိုရောက်လာကြတယ်။ အဲဒီမှာ သူတို့နားကြတယ်။ အဲဒီကြားကာလပိုင်းမှာ ဖာရောနဲ့သူ့လူတွေက ဣသရေလလူတွေကိုလွှတ်လိုက်မိတာကို နှမြောလာကြတယ်။ ‘တို့ကျွန်တွေကို တို့လွှတ်လိုက်မိတယ်’ ဆိုပြီးပြောကြတယ်။

ဒါနဲ့ဖာရောဟာ နောက်တစ်ခါစိတ်ပြောင်းသွားပြန်တယ်။ ချက်ချင်းပဲ သူ့မြင်းရထားနဲ့ သူ့တပ်မဟာကြီးကိုပြင်လိုက်တယ်။ အထူးရထားအစင်းပေါင်း ၆၀၀၊ ပြီးတော့အီဂျစ်ပြည်မှာရှိတဲ့ တခြားရထားတွေနဲ့ပေါ့၊ ဣသရေလလူတွေနောက်ကို တရကြမ်းလိုက်တော့တာပဲ။

ဖာရောနဲ့သူ့တပ်မဟာကြီး သူတို့နောက်လိုက်လာတာကို ဣသရေလလူတွေမြင်ကြတော့၊ အကြီးအကျယ်ကြောက်ကြတာပေါ့။ ဘယ်မှ ထွက်ပြေးစရာမရှိဘူး။ ဟိုဘက်မှာဆိုရင် ပင်လယ်နီကြီးကခံနေတယ်။ ဒီဘက်မှာကျတော့ အီဂျစ်လူတွေလာနေတယ်။ ဒါပေမဲ့ ယေဟောဝါက သူ့လူတွေနဲ့အီဂျစ်လူတွေကြားမှာ မိုးတိမ်တစ်ခုနဲ့ခံပေးလိုက်တယ်။ ဒါကြောင့်အီဂျစ်လူတွေက ဣသရေလလူတွေကို တိုက်ခိုက်ဖို့မပြောနဲ့ မြင်တောင်မမြင်နိုင်ကြတော့ဘူးပေါ့။

ယေဟောဝါကလည်း ပင်လယ်နီအပေါ်လှံတံကို ဆန့်တန်းလိုက်ပါဆိုပြီး မောရှေကိုပြောတော့၊ မောရှေကဆန့်တန်းလိုက်တဲ့အခါ ယေဟောဝါက အရှေ့လေပြင်းကြီးတိုက်လာအောင် လုပ်လိုက်တယ်။ ပင်လယ်ရေကြီးက နှစ်ခြမ်းကွဲသွားရောကွယ်။ ရေကြီးက တစ်ဖက်တစ်ချက်မှာကွဲပြီး တန့်နေတယ်လေ။

အဲဒီအခါ ဣသရေလလူတွေ ခန်းခြောက်နေတဲ့ ပင်လယ်ကြားထဲဖြတ်သွားကြတယ်။ တစ်ဖက်ကမ်းကို ချောချောမောမောရောက်သွားဖို့ဟာက လူသန်းပေါင်းများစွာနဲ့တိရစ္ဆာန်တွေ နာရီပေါင်းများစွာ ဖြတ်ကျော်ခဲ့ရတယ်လေ။ နောက်ဆုံးတော့ အီဂျစ်လူတွေ ဣသရေလလူတွေကိုပြန်မြင်ရတယ်။ သူတို့ကျွန်တွေ လွတ်ကုန်ကြပြီ။ ဒါကြောင့် ပင်လယ်ထဲဆင်းပြီး သူတို့နောက်ကိုအတင်းလိုက်တော့တာပဲ။

ခုလိုလိုက်တုန်းမှာ၊ ဘုရားသခင်က သူ့တို့ရထားဘီးတွေ ကျွတ်အောင်လုပ်လိုက်တယ်။ ဒါနဲ့အီဂျစ်လူတွေအရမ်းကိုကြောက်ပြီး ‘ယေဟောဝါဟာ ဣသရေလလူတွေဘက်မှာနေပြီး တို့ကိုတိုက်နေပြီ။ ဒီကနေထွက်ပြေးကြစို့’ ဆိုပြီးအော်ကြတာပေါ့။ ဒါပေမဲ့ နောက်ကျသွားပြီလေ။

ပုံမှာတွေ့တဲ့အတိုင်း ပင်လယ်နီပေါ်မှာလှံတံကို ဆန့်တန်းလိုက်ဆိုပြီး ယေဟောဝါကမောရှေကိုပြောလိုက်တယ်။ မောရှေကလှံတံကို ဆန့်တန်းလိုက်တဲ့အခါ ရေနံရံကြီးကပြိုကျလာပြီး အီဂျစ်လူတွေနဲ့သူတို့ရဲ့ ရထားတွေပေါ်လွှမ်းသွားတယ်။ တစ်တပ်လုံး ဣသရေလလူတွေနောက် ပင်လယ်ထဲဆင်းပြီးလိုက်တဲ့အတွက် အီဂျစ်လူတစ်ယောက်မှ အသက်ချမ်းသာမရခဲ့ဘူး။

ပင်လယ်နီထဲကရေတွေ ဖာရောနဲ့ အီဂျစ်လူတွေရဲ့ရထားတွေကို ဖုံးလွှမ်းသွား

ဘုရားသခင့်လူမျိုးအားလုံး အသက်ချမ်းသာရတာ ဘယ်လောက်ပျော်စရာကောင်းသလဲ။ ဒါနဲ့ယောက်ျားတွေက ယေဟောဝါကိုကျေးဇူးတင်တဲ့အနေနဲ့ ‘ယေဟောဝါဟာဘုန်းပွင့်တဲ့ အောင်ပွဲကိုခံတော်မူပြီ။ မြင်းနဲ့မြင်းစီးသူရဲတွေ ပင်လယ်ထဲကိုလှဲချတော်မူပြီ’ ဆိုပြီးချီးမွမ်းသီချင်းသီဆိုကြတယ်။ မောရှေအစ်မ မိရိအံက သူ့ပတ်သာကိုကိုင်ပြီး၊ ကျန်တဲ့မိန်းမတွေအားလုံးလည်း သူ့နောက်ကလိုက်ပြီး ပတ်သာကိုင်လို့ အားရဝမ်းသာကခုန်ကြတယ်။ ယောက်ျားတွေဆိုသလို သူတို့လည်း ‘ယေဟောဝါဟာဘုန်းပွင့်တဲ့ အောင်ပွဲခံတော်မူပြီ။ ကိုယ်တော်ဟာ မြင်းနဲ့မြင်းစီးသူရဲတွေကို ပင်လယ်ထဲကိုလှဲချတော်မူပြီ’ ဆိုပြီး သီချင်းဆိုကြတယ်။

ထွက်မြောက်ရာ အခန်းကြီး ၁၂ မှ ၁၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ