ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၃၂
  • ကပ်ကြီး ၁၀ ပါးအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကပ်ကြီး ၁၀ ပါးအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမ ကပ်ဘေးသုံးခု
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါကား အဘယ်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆယ်ခုမြောက်ကပ်ဘေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • နောက်ထပ် ကပ်ဘေးခြောက်ခု
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၃၂
ပထမကပ်ဘေး၊ နိုင်းမြစ်ရေ သွေးဖြစ်သွား

ပုံပြင် ၃၂

ကပ်ကြီး ၁၀ ပါးအကြောင်း

ပုံတွေကို ကြည့်လိုက်စမ်း။ ပုံတစ်ခုစီက အီဂျစ်ပြည်ပေါ် ယေဟောဝါကျရောက်စေတဲ့ ကပ်ဘေးတစ်ခုစီကို ဖော်ပြနေတယ်။ ပထမပုံမှာ၊ အာရုန်က သူ့လှံတံနဲ့နိုင်းလ်မြစ်ရေကို ရိုက်နေတဲ့ပုံပေါ့။ ခုလိုရိုက်လိုက်တာနဲ့ ရေတွေဟာသွေးဖြစ်သွားတယ်။ ငါးတွေသေကုန်တာနဲ့ မြစ်ရေဆိုလို့ရှိရင် ပုပ်စော်ကိုနံနေတာပဲ။

ဒုတိယကပ်ဘေး၊ ဖာရောက သူ့အိပ်ရာပေါ်ရောက်နေတဲ့ ဖားတွေကို မောင်းထုတ်နေ

နောက်တော့၊ နိုင်းလ်မြစ်ကနေပြီး ဖားတွေထွက်လာအောင် ယေဟောဝါလုပ်ပြန်တယ်။ ဖားတွေနေရာတကာပဲ—⁠မုန့်ဖိုထဲမှာကော၊ မုန့်ဗန်းထဲမှာကော၊ လူတွေအိပ်တဲ့ခုတင်ပေါ်မှာကော—⁠အို နေရာတကာပဲ။ ဖားတွေသေတဲ့အခါ အီဂျစ်လူတွေက ဖားသေကောင်တွေကိုစုပုံကြတယ်။ တစ်တိုင်းပြည်လုံး ပုပ်စပ်နံဟောင်နေတာ မပြောနဲ့တော့။

အဲဒီနောက် အာရုန်က သူ့လှံတံနဲ့မြေကြီးကိုရိုက်ပြန်တယ်။ ဒါနဲ့မြေမှုန့်တွေ တောခြင်တွေဖြစ်လာတယ်။ ကိုက်တတ်တဲ့ ပိုးကောင်ငယ်တစ်မျိုးပေါ့။ တောခြင်ကပ်ကတော့ အီဂျစ်ပြည်ပေါ်ကျရောက်တဲ့ တတိယကပ်ဘေးပေါ့။

တတိယကပ်ဘေး၊ မိန်းမတစ်ယောက် တောခင်အကိုက်ခံနေရ

နောက်ပိုင်းဆက်ပြီးဖြစ်လာတဲ့ ကပ်ဘေးတွေက အီဂျစ်လူတွေကိုပဲထိတော့တယ်။ ဣသရေလလူတွေကို ဥပဒ်မပေးဘူး။ စတုတ္ထကပ်ကတော့ ယင်ရဲကြီးဘေးပေါ့။ ယင်ရဲတွေအီဂျစ်လူတွေရဲ့အိမ်ထဲကို အုပ်လိုက်ဝင်သွားကြတယ်။ ပဉ္စမကပ်က တိရစ္ဆာန်တွေအပေါ်ကျရောက်တဲ့ကပ်ပဲ။ အီဂျစ်လူတွေရဲ့ သိုး၊ နွား၊ ဆိတ်တွေအများကြီးပဲ သေသွားကြတယ်။

အဲဒါပြီးတော့ မောရှေနဲ့အာရုန်က ပြာတချို့ကိုယူပြီး လေထဲကိုဖြန့်ကြဲလိုက်တယ်။ ဒါနဲ့ လူနဲ့တိရစ္ဆာန်တွေကိုယ်ပေါ်မှာ အနာဆိုးဖြစ်လာတယ်။ အဲဒါကဆဋ္ဌမမြောက်ကပ်ဘေးပေါ့။

ဒီနောက်တော့ မောရှေကကောင်းကင်ကို လက်ဆန့်တန်းလိုက်တဲ့အခါ ယေဟောဝါက မိုးကြိုးနဲ့မိုးသီးတွေကို ရွာချခိုင်းတယ်။ အီဂျစ်ပြည်မှာ ဒီလောက်ဆိုးတဲ့ မိုးသီးဒဏ် တစ်ခါမှမကြုံဖူးဘူး။

စတုတ္ထကပ်ဘေး၊ အီဂျစ်လူတွေ ယင်ရဲတွေကို မောင်းထုတ်နေ
ပဉ္စမကပ်ဘေး၊ အီဂျစ်လူတွေရဲ့ တိရစ္ဆာန်တွေ သေဆုံး

အဋ္ဌမကပ်ကတော့ ကျိုင်းကောင်အုပ်ကပ်ပေါ့။ တစ်ခါမှကျိုင်းကောင်တွေ အဲဒီလောက်မများခဲ့ဖူးဘူး။ မိုးသီးကြောင့် မပျက်ဘဲကျန်နေတာအကုန်လုံး စားပစ်လိုက်တယ်။

နဝမမြောက်ဘေးက အမှောင်ထုကြီးပဲ။ တစ်တိုင်းပြည်လုံးကိုအမှောင်ထုကြီးက သုံးရက်တိုင်တိုင်လွှမ်းမိုးခဲ့တယ်။ ဒါပေမဲ့ ဣသရေလလူတွေနေတဲ့နေရာမှာတော့ အလင်းရကြတယ်။

နောက်ဆုံးတော့ ဘုရားသခင်ကတံခါးထုပ်တွေမှာ ဆိတ်ကလေးဒါမှမဟုတ် သိုးကလေးအသွေးဖျန်းဆွတ်ဖို့ သူ့လူတွေကိုပြောတယ်။ အဲဒီနောက် ဘုရားသခင့်ကောင်းကင်တမန်က အီဂျစ်ပြည်ပေါ်ဖြတ်ပြီးပျံတယ်။ သွေးတွေကိုမြင်တဲ့အခါ ကောင်းကင်တမန်က အဲဒီအိမ်ကဘယ်သူ့ကိုမှ မသတ်ဘူး။ ဒါပေမဲ့ တံခါးတိုင်မှာသွေးမတွေ့တဲ့ အိမ်ကလူနဲ့တိရစ္ဆာန်သားဦးမှန်သမျှ ဘုရားသခင့်ကောင်းကင်တမန်က သတ်ပစ်တယ်။ အဲဒါက ဒသမကပ်ဘေးပဲ။

ဒီနောက်ဆုံးကပ်ဘေးပြီးတဲ့နောက် ဖာရောကဣသရေလလူတွေကို ထွက်ခိုင်းတယ်။ ဘုရားသခင့်လူတွေလည်း သွားဖို့အဆင်သင့်ပဲ။ အဲဒီညမှာပဲ အီဂျစ်ပြည်ကထွက်ခွာလာကြတယ်။

ထွက်မြောက်ရာ အခန်းကြီး ၇ မှ ၁၂။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ