ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၀
  • မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖြောင့်မှန်ရာဘက်တွင် မားမားမတ်မတ်ရပ်တည်တော်မူသော တရားသူကြီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သင် ဘယ်ကို မျှော်ကြည့်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၀
ကျောက်ထဲကရေထွက်လာအောင် ဘုရားလုပ်ပေးတာကို နာမည်ယူနေတဲ့ မောရှေနဲ့အာရုန်

ပုံပြင် ၄၀

မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့ အကြောင်း

ဆယ်နှစ်၊ အနှစ် ၂၀၊ အနှစ် ၃၀၊ ၃၉ နှစ်၊ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့ပြီလေ။ ဣသရေလလူတွေ တောထဲမှာပဲရှိနေတုန်း။ ဒါပေမဲ့ ဒီကာလပိုင်းတစ်လျှောက် ယေဟောဝါသူ့လူမျိုးတော်ကို စောင့်ရှောက်လာခဲ့တယ်။ သူတို့ကိုမန္နမုန့်ကျွေးတယ်။ နေ့အချိန်မှာမိုးတိမ်တိုင် ညဉ့်အချိန်မှာမီးတိုင်နဲ့သူတို့ကို လမ်းပြတယ်။ ဒီနှစ်ပေါင်းတစ်လျှောက်လုံးမှာ သူတို့အဝတ်တွေစုတ်ပြဲမသွားဘူး။ သူတို့ခြေထောက်လည်း အနာမဖြစ်ဘူး။

အီဂျစ်ပြည်ကထွက်လာတာအနှစ် ၄၀ မြောက်တဲ့နှစ်ရဲ့ ပထမလကိုတောင်ရောက်လာပြီ။ ဣသရေလလူတွေ ကာဒေရှမှာစခန်းချကြပြန်တယ်။ လွန်ခဲ့တဲ့အနှစ် ၄၀ တုန်းက ခါနာန်ပြည်ကိုသူလျှို ၁၂ ယောက်လွှတ်ခဲ့တဲ့နေရာပဲပေါ့။ မောရှေအစ်မမိရိအံဟာ ကာဒေရှမှာသေသွားတယ်။ အရင်တစ်ခေါက်လိုပဲ ခုလည်းပြဿနာတက်ပြန်တယ်။

လူတွေရေမရဘူး။ ဒါကြောင့်မောရှေကို သွားညည်းပြတယ်။ ‘ငါတို့စောစောက သေခဲ့ရင်တောင် ကောင်းသေးတယ်။ ငါတို့ကို ခင်ဗျားဘာကြောင့်အီဂျစ်ပြည်ကနေပြီး ဘာအပင်မှမပေါက်နိုင်တဲ့ ဒီဒုက္ခတွင်းထဲကိုခေါ်ခဲ့ရတာလဲ။ စပါးမရှိ၊ သဖန်းသီးမရှိ၊ စပျစ်သီးလည်းမရှိ၊ သလဲသီးလည်းမရှိ၊ သောက်ဖို့ရေတောင်မရှိဘူး’ တဲ့။

မောရှေနဲ့အာရုန်တို့က ဝတ်ပြုရာတဲတော်ဆီကိုသွားပြီး ဆုတောင်းတဲ့အခါ ယေဟောဝါက ‘လူတွေကိုစုရုံးလိုက်ပါ။ သူတို့ရှေ့တင်ပဲ ဟိုမှာရှိတဲ့ကျောက်ကိုစကားပြောပါ။ လူနဲ့တိရစ္ဆာန်တွေ လုံလောက်အောင်သောက်ဖို့ ရေထွက်လာလိမ့်မယ်’ ဆိုပြီးပြောတယ်။

ဒါနဲ့ မောရှေကလူတွေကိုစုရုံးပြီး ဒီလိုပြောတယ်။ ‘ဘုရားသခင်အပေါ်မှာ အယုံအကြည်မရှိတဲ့လူတွေ၊ နားထောင်ကြစမ်း။ အာရုန်နဲ့ငါတို့က မင်းတို့အတွက် ဒီကျောက်ကနေရေကိုထုတ်ပေးရမှာလား’ တဲ့။ ပြီးတော့ လှံတံနဲ့ကျောက်ကို နှစ်ချက်ရိုက်လိုက်တယ်။ အဲဒီအခါကျောက်ထဲကနေပြီး ရေတွေချောင်းလိုစီးထွက်လာတော့တာပဲ။ လူနဲ့တိရစ္ဆာန်အားလုံး လုံလုံလောက်လောက်သောက်ဖို့ရေရကြတယ်။

ဒါပေမဲ့ ယေဟောဝါဟာ မောရှေနဲ့အာရုန်ကို စိတ်ဆိုးတယ်။ ဘာကြောင့်လဲသိလား။ ဘာကြောင့်လဲဆိုတော့ မောရှေနဲ့အာရုန်က ကျောက်ထဲကရေထွက်အောင် သူတို့လုပ်ပေးမယ်လို့ဆိုခဲ့တဲ့အတွက်ပဲ။ တကယ်မှာတော့ ယေဟောဝါကလုပ်ပေးတာ။ ဒါနဲ့ပတ်သက်ပြီး မောရှေနဲ့အာရုန်တို့က အမှန်ကိုမပြောတဲ့အတွက် ယေဟောဝါကသူတို့ကို ဒဏ်ခတ်မယ်ဆိုပြီးပြောတယ်။ ‘မင်းတို့ဟာ ငါ့လူမျိုးကိုခါနာန်ပြည်ထဲ ဦးဆောင်ပြီးခေါ်မသွားရဘူး’ ဆိုပြီးပြောတယ်။

မကြာပါဘူး။ ဣသရေလလူတွေဟာ ကာဒေရှအရပ်ကနေ ထွက်လာကြတယ်။ မကြာခင်လေးမှာ ဟောရတောင်ကိုရောက်သွားကြတယ်။ ဟောရတောင်ထိပ်မှာပဲ အာရုန်သေသွားတယ်။ သူသေတဲ့အခါ အသက် ၁၂၃ နှစ်ရှိပြီ။ ဣသရေလလူတွေ သိပ်ဝမ်းနည်းကြတယ်။ ဒါကြောင့်အာရုန်အတွက် ရက်ပေါင်း ၃၀ ငိုကြွေးကြတယ်။ သူ့သားဧလျာဇာက ဣသရေလလူတွေရဲ့ ဒုတိယယဇ်ပုရောဟိတ်မင်းကြီးဖြစ်လာတယ်။

တောလည်ရာ ၂၀:၁-၁၃၊ ၂၂-၂၉; တရားဟောရာ ၂၉:⁠၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ