ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၃
  • ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ယောရှုကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မောရှေ ကျောက်ဆောင်ကိုရိုက်တဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူလျှို ၁၂ ယောက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၃
ယောရှု၊ မောရှေနဲ့ ယဇ်ပုရောဟိတ်ဧလျာဇာ

ပုံပြင် ၄၃

ယောရှု ခေါင်းဆောင်ဖြစ်လာတဲ့အကြောင်း

မောရှေဟာ ဣသရေလလူတွေနဲ့ ခါနာန်ပြည်ကို ဝင်ချင်တယ်။ ဒါကြောင့် ‘ယေဟောဝါ၊ ကျွန်တော်မျိုးကို ယော်ဒန်မြစ်ကူးပြီး ကောင်းတဲ့ပြည်ကို ကြည့်ခွင့်ပြုပါ’ ဆိုပြီးခွင့်တောင်းတယ်။ ဒါပေမဲ့ ယေဟောဝါက ‘တော်ပြီ၊ ဒီအကြောင်း နောက်တစ်ခါမပြောနဲ့’ ဆိုပြီးပြန်ပြောတယ်။ ယေဟောဝါဘာကြောင့် အဲဒီလိုပြောလိုက်ရသလဲ မင်းတို့သိလား။

မောရှေ ကျောက်ကိုရိုက်တုန်းကဖြစ်ခဲ့တဲ့ဟာကြောင့်ပဲပေါ့။ မှတ်မိလား။ သူနဲ့အာရုန် ယေဟောဝါကို ဂုဏ်မပြုခဲ့ကြဘူး။ ကျောက်ထဲကရေရအောင်လုပ်ပေးမှာ ယေဟောဝါပဲဆိုပြီး လူတွေကိုသူတို့မပြောခဲ့ကြဘူး။ အဲဒီအတွက်ကြောင့် ယေဟောဝါကသူတို့ကို ခါနာန်ပြည်ဝင်ခွင့်မပေးဘူးပေါ့။

ဒါကြောင့်အာရုန်သေလို့ လပိုင်းလောက်ကြာတော့ ယေဟောဝါက ‘ယောရှုကိုခေါ်၊ ယဇ်ပုရောဟိတ်ဧလျာဇာနဲ့လူတွေရှေ့မှာ သူ့ကိုမတ်တတ်ရပ်ခိုင်းပြီး လူအားလုံးရှေ့မှာ ယောရှုဟာခေါင်းဆောင်သစ်ဖြစ်တယ်ဆိုပြီး အားလုံးသိအောင်ပြော’ ဆိုပြီးမောရှေကိုခိုင်းလိုက်တယ်။ မောရှေလည်းယေဟောဝါပြောတဲ့အတိုင်း ဒီပုံမှာမင်းတို့မြင်တဲ့အတိုင်းပဲလုပ်ခဲ့တယ်။

အဲဒီနောက် ယေဟောဝါက ‘အားယူပါ၊ မကြောက်နဲ့၊ ဣသရေလလူတွေကို ငါကတိပြုတဲ့ခါနာန်ပြည်ထဲကို မင်းသူတို့ကိုခေါ်ဆောင်သွားရလိမ့်မယ်။ ငါဟာ မင်းနဲ့အတူရှိမယ်’ ဆိုပြီးယောရှုကိုပြောတယ်။

အဲဒီနောက် ယေဟောဝါက မောရှေကိုမောဘပြည်မှာရှိတဲ့ နေဗောတောင်ထိပ်ပေါ်တက်ခိုင်းတယ်။ အဲဒီပေါ်ကနေပြီး မောရှေဟာယော်ဒန်မြစ်တစ်ဖက်၊ လှပတဲ့ခါနာန်ပြည်ကိုမြင်လိုက်ရတယ်။ ယေဟောဝါက ‘အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ရဲ့သားမြေးတွေကိုပေးမယ်လို့ ငါကတိပြုခဲ့တဲ့ပြည်ဟာ ဒါပဲ။ ငါမင်းကိုမြင်ခွင့်ပေးလိုက်ပြီ။ ဒါပေမဲ့ မင်းကိုဝင်ခွင့်တော့မပေးဘူး’ ဆိုပြီးပြောလိုက်တယ်။

အဲဒီတောင်ထိပ်မှာပဲ မောရှေသေသွားတယ်။ မောရှေအသက် ၁၂၀ ရှိပြီ။ သန်သန်မာမာရှိတုန်းပဲ။ သူ့မျက်စိလည်း ကောင်းကောင်းမြင်နိုင်သေးတယ်။ မောရှေသေသွားတဲ့အတွက် လူတွေသိပ်ဝမ်းနည်းကြတယ်။ ငိုကြတယ်။ ဒါပေမဲ့ ခေါင်းဆောင်သစ်ယောရှုကို သူတို့ရကြတဲ့အတွက် ဝမ်းသာကြတယ်။

တောလည်ရာ ၂၇:၁၂-၂၃; တရားဟောရာ ၃:၂၃-၂၉; ၃၁:၁-၈၊ ၁၄-၂၃; ၃၂:၄၅-၅၂; ၃၃:၁-၁၂။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ