သီချင်း ၈
သီအိုကရက်တစ် အစီအစဉ်ကို သစ္စာရှိရှိ ကျိုးနွံခြင်း
၁။ ရှင်ယေဟောဝါ၏လူ၊ ကမ္ဘာပေါ်ဟောသူ
တန်ဖိုးမဖြတ်သစ္စာ၊ နိုင်ငံတော်ကြောင်းရာ
သီအိုကရက်တစ်မိန့်ချက်၊ အားလုံးနာခံလျက်
စည်းလုံးညီညာမြဲလှ၊ သစ္စာကိုပြသ
(ထပ်ဆိုရန်)
၂။ ယေရှုခရစ် တို့ခေါင်းဆောင်၊ ပြည့်ဝထိန်းချုပ်နှောင်
သူလက်နက်ဆင် စစ်သား၊ သူစာရင်းသွင်းထား
ဤဝိညာဏစစ်ပွဲ၊ တို့အမှန်ဆင်နွှဲ
တစ်စုတည်း စုစည်းလျက်၊ ပူးကပ်လျက်ပေါင်းယှက်
(ထပ်ဆိုရန်)
၃။ ဘုရား “စေခံမှူး” နှင့်၊ သူစွမ်းတန်ခိုးဖြင့်
သူတို့လမ်းပြအစဉ်၊ ခရစ်ယာန်များလမ်းစဉ်
တို့တည်ကြည်လျက်မြဲမြံ၊ ဘုရားနှစ်သက်ရန်
သစ္စာစောင့်လျက်ကြွေးကြော် ပညာရှိမိန့်တော်
(ထပ်ဆိုရန်)
တို့သစ္စာကျိုးနွံ၊ သိမှတ်ဘုရားမွန်၊
စွဲမြဲလို့တို့တာဝန်
သူကွယ်ကာပေးကာ၊ ချစ်သနားမေတ္တာ၊
သူ့အားပြသမှာသစ္စာ