သီချင်း ၆
လူသား၏ ယုဘိလ မျှော်လင့်ခြင်း
၁။ ပြစ်ဝန်ပိ လက်ရာတော်ညည်းတွား၊
မျှော်လင့် ကင်းမဲ့လေငြား
ဥပုသ်နံနက် မကြာလင်းလာ၊
မြင်တွေ့လာ သက်သာရာ
၂။ ငြိမ်သက်နားစက်ရာ ယုဘိလ၊
လက်ရာတော် လွှတ်ငြိမ်းကြ
ခရစ်ယေရှုတွဲ ဆောင်လျက်ဝင်၊
ဤမိန့်ဘုရားစီရင်
၃။ ခရစ်တော်ဖြင့် နှစ်တစ်ထောင်စိုးစံ၊
လူ့ဘဝတာ မွမ်းမံ
ဂုဏ်ပြည့်ဝ ယုဘိလ ဆောင်လာ၊
ချုပ်နှောင်ရာ ဆုံးမည်သာ
၄။ ယေဟောဝါ၏ လူများဟစ်ကျူး၊
တေးဆိုလျက် မျှော်လင့်မြူး
ဝင်းပမျက်လုံး ရှေ့ ရှုမျှော်ကာ၊
ပန်ဆုများ ပြည့်စုံလာ