နောက်ဆက်တွဲ
“စကြဝဠာ၏ ဗိသုကာပညာဆိုင်ရာ ယူနစ်များ”
ခေတ်သစ်စွယ်စုံကျမ်းတစ်စောင်က ဓာတုဗေဒဒြပ်စင်များနှင့်ပတ်သက်၍ အထက်ပါအတိုင်းဖော်ပြလိုက်သည်။ ကမ္ဘာပေါ်တွင် ဒြပ်စင်အမျိုးအမည် အံ့ဖွယ်ကောင်းလောက်အောင် များပြားလှသည်။ အချို့မှာ ရှားပါးပြီး အချို့မှာ ပေါများသည်။ ရွှေကဲ့သို့သောဒြပ်စင်များသည် လူတို့၏အမြင်အာရုံကို ဆွဲဆောင်နိုင်သည်။ အခြားဒြပ်စင်များမှာ ကျွန်ုပ်တို့ မြင်ပင်မမြင်ရသည့် နိုက်ထြိုဂျင်နှင့် အောက်ဆီဂျင်ကဲ့သို့သော ဓာတ်ငွေ့များဖြစ်ကြသည်။ ဒြပ်စင်တစ်မျိုးစီသည် အက်တမ်တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ အက်တမ်များ၏တည်ဆောက်ပုံနှင့် အချင်းချင်းဆက်နွှယ်ပုံတို့က ချွေတာမှုနှင့် အစီအစဉ်ဇယားကျနစွာ အံ့သြထိတ်လန့်ဖွယ် စီစဉ်ဖွဲ့စည်းထားကြောင်း ထင်ရှားစေသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ခန့်က ဒြပ်စင် ၁၂ မျိုးကိုသာ လူတို့သိရှိခဲ့ကြသည်။ ၎င်းတို့မှာ ခနောက်စိမ်း၊ အာဆီနစ်၊ ဗစ်စမတ်၊ ကာဗွန်၊ ကြေးနီ၊ ရွှေ၊ သံ၊ ခဲ၊ ပြဒါး၊ ငွေ၊ ကန့်နှင့် သံဖြူတို့ဖြစ်ကြသည်။ သာ၍များသောဒြပ်စင်များကို တွေ့ ရှိလာသည်နှင့်အမျှ ဒြပ်စင်များသည် စနစ်တကျ စီစဉ်ဖွဲ့စည်းထားကြောင်း သိပ္ပံပညာရှင်များ သတိပြုမိလာကြသည်။ အစီအစဉ်တွင် ကြားကွက်လပ်များ ရှိနေခြင်းကြောင့် မဲင်ဒဲလဲယက်ဗ်၊ ရမ်ဆေး၊ မော်စလေနှင့် ဘိုးရ် အစရှိသော သိပ္ပံပညာရှင်တို့က မသိသေးသောဒြပ်စင်များ တည်ရှိခြင်းနှင့် ၎င်းတို့၏ ဝိသေသလက္ခဏာများကို မှန်းဆခဲ့ကြသည်။ ကြိုတင်မှန်းဆထားသည့်အတိုင်းပင် နောက်ပိုင်းတွင် ၎င်းဒြပ်စင်များကို ရှာဖွေတွေ့ ရှိခဲ့သည်။ ထိုစဉ်က မသိရသေးသော ဒြပ်ပုံသဏ္ဌာန်များရှိကြောင်း ၎င်းသိပ္ပံပညာရှင်များက မည်သို့ ဟောကိန်းထုတ်နိုင်ခဲ့ကြသနည်း။
ဒြပ်စင်များသည် ၎င်းတို့၏အက်တမ်များ တည်ဆောက်ပုံပေါ်အခြေခံ၍ သဘာဝဂဏန်းအစဉ် (ကိန်းစဉ်) ကိုလိုက်ကြသည်။ ဤသည်မှာ သက်သေထင်ရှားသော နိယာမတရားဖြစ်သည်။ သို့နှင့်၊ ကျောင်းပြဋ္ဌာန်းစာအုပ်များ၌ ဒြပ်စင်များဆိုင်ရာ အလှည့်ကျဇယား (periodic table) တွင် ဟိုက်ဒရိုဂျင်၊ ဟီလီယမ် အစရှိသည်ဖြင့် အတန်းလိုက်၊ ကော်လံလိုက် ဇယားချနိုင်ခြင်းဖြစ်သည်။
မက္ကဂရော-ဟီးလ် သိပ္ပံနှင့်နည်းပညာ စွယ်စုံကျမ်း က ဤသို့မှတ်ချက်ချထားသည်– “သိပ္ပံပညာသမိုင်းတွင် ရုပ်လောက၏စည်းစနစ်ကို အကြမ်းဖျင်း ဖွင့်ဟဖော်ထုတ်သည့်နေရာတွင် အလှည့်ကျဇယားနှင့်ယှဉ်နိုင်သည့် စည်းစနစ်ကျနမှု အနည်းအကျဉ်းသာရှိသည်။ . . . အနာဂတ်တွင် မည်သည့်ဒြပ်စင်အသစ်ကိုမဆို ရှာဖွေတွေ့ ရှိခဲ့သော် ချိန်တာကိုက်အဖွဲ့အစည်း (periodic system) တွင် နေရာတစ်နေရာ မုချတွေ့ ရှိမည်ဖြစ်ပြီး ယင်း၏အစီအစဉ်နှင့် ကိုက်ညီမည့်အပြင် ပုံမှန်မျိုးစုလိုက် ဝိသေသလက္ခဏာများကိုပါ ပြသမည်ဖြစ်သည်။”
ဒြပ်စင်များကို အလှည့်ကျဇယား၏ အတန်းနှင့်ကော်လံများတွင် စီစဉ်ရေးဆွဲသည့်အခါ၌ ကော်လံတစ်ခုတွင်ပါဝင်သည့် ဒြပ်စင်များအချင်းချင်းကြားတွင် ထူးခြားထင်ရှားသောဆက်နွှယ်မှုကို တွေ့မြင်ရသည်။ သာဓကအနေဖြင့် နောက်ဆုံးကော်လံတွင် ဟီလီယမ် (နံပါတ် ၂)၊ နီယွန် (နံပါတ် ၁၀)၊ အာဂွန် (နံပါတ် ၁၈)၊ ခရစ်ပတွန် (နံပါတ် ၃၆)၊ ဇီနွန် (နံပါတ် ၅၄)၊ နှင့် ရေဒွန် (နံပါတ် ၈၆) တို့ ရှိကြသည်။ ၎င်းတို့သည် ဓာတ်ငွေ့များဖြစ်ကြပြီး ၎င်းတို့အတွင်း လျှပ်စစ်ဓာတ် ဖြတ်သန်းသွားသည့်အခါ အလင်းထွန်းတောက်သဖြင့် မီးလုံးများတွင် အသုံးပြုလေ့ရှိသည်။ ထို့ပြင်၊ ၎င်းတို့သည် အခြားဓာတ်ငွေ့များနည်းတူ ဒြပ်စင်အမျိုးမျိုးနှင့် လွယ်လင့်တကူ ဓာတ်တုံ့ပြန်ခြင်းမရှိပေ။
မှန်ပါသည်၊ စကြဝဠာသည် ယင်း၏အက်တမ်အမှုန်များအထိပင် သဟဇာတနှင့်စည်းစနစ်ကို အံ့သြဖွယ်ကောင်းလောက်အောင် ဖော်ပြနေသည်။ စကြဝဠာ၏ တည်ဆောက်ပစ္စည်းများတွင် ဤကဲ့သို့သော စည်းစနစ်ကျနမှု၊ သဟဇာတဖြစ်မှုနှင့် အမျိုးအစား များပြားမှုတို့သည် အဘယ်အကြောင်းကြောင့် ဖြစ်ရသနည်း။
[စာမျက်နှာ ၂၇ ပါ ဇယား]
ဒြပ်စင်များဆိုင်ရာ အလှည့်ကျဇယား
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အလှည့်ကျဇယားမှ ဒြပ်စင်များ၏ စည်းစနစ်နှင့် သဟဇာတတို့က အမှတ်မထင်ဖြစ်ခြင်းကို ထင်ဟပ်သလော၊ အသိဉာဏ်ဖြင့် ဒီဇိုင်းပြုခြင်းကို ထင်ဟပ်သလော
သတ္တုများ
သတ္တုမဟုတ်ဒြပ်စင်များ
ရှားပါးဓာတ်ငွေ့
ကြားဆက်ဒြပ်စင်များ
လန်သနိုက် ဒြပ်စင်စု
အက်တီနီယမ် ဒြပ်စင်စု
I
II
III
IV
V
VI
VII
VIII
ဒြပ်စင်အမည် သင်္ကေတ အက်တမ်အမှတ်စဉ်
ဟိုက်ဒရိုဂျင် H ၁
ဟီလီယံ He ၂
လစ်သီယမ် Li ၃
ဗယ်ရီလီယမ် Be ၄
ဗိုရွန် B ၅
ကာဗွန် C ၆
နိုက်ထရိုဂျင် N ၇
အောက်ဆီဂျင် O ၈
ဖလူအိုရင်း F ၉
နီယွန် Ne ၁၀
ဆိုဒီယမ် Na ၁၁
မဂ္ဂနီဆီယမ် Mg ၁၂
အလူမီနီယမ် Al ၁၃
ဆီလီကွန် Si ၁၄
ဖော့စဖရတ် P ၁၅
ကန့် S ၁၆
ကလိုရင်း Cl ၁၇
အာဂွန် Ar ၁၈
ပိုတက်ဆီယမ် K ၁၉
ကယ်လဆီယမ် Ca ၂၀
စကင်ဒီယမ် Sc ၂၁
တိုင်တေနီယမ် Ti ၂၂
ဗနေဒီယမ် V ၂၃
ခရိုမီယမ် Cr ၂၄
မန်ဂနိ Mn ၂၅
သံ Fe ၂၆
ကိုဗော့ Co ၂၇
နစ်ကယ် Ni ၂၈
ကြေးနီ Cu ၂၉
သွပ် Zn ၃၀
ဂယ်လီယမ် Ga ၃၁
ဂျာမေနီယမ် Ge ၃၂
အာဆီနစ် As ၃၃
ဆယ်လီနီယမ် Se ၃၄
ဗရိုမင်း Br ၃၅
ခရစ်ပတွန် Kr ၃၆
ရူဗီဒီယမ် Rb ၃၇
စထရွန်တီယမ် Sr ၃၈
အစ်ထရီယမ် Y ၃၉
ဇာကိုနီယမ် Zr ၄၀
နိုင်အိုဗီယမ် Nb ၄၁
မိုလစ်ဒီနမ် Mo ၄၂
တက်နီတီယမ် Tc ၄၃
ရူသီနီယမ် Ru ၄၄
ရိုဒီယမ် Rh ၄၅
ပလေဒီယမ် Pd ၄၆
ငွေ Ag ၄၇
ကက်ဒမီယမ် Cd ၄၈
အင်ဒီယမ် In ၄၉
သံဖြူ Sn ၅၀
ခနောက်စိမ်း Sb ၅၁
တယ်လူရီယမ် Te ၅၂
အိုင်အိုဒင်း I ၅၃
ဇီနွန် Xe ၅၄
ဆီဆီယမ် Cs ၅၅
ဗေရီယမ် Ba ၅၆
လန်သနမ် La ၅၇
ဆီရီယမ် Ce ၅၈
ပရာဆီအိုဒီမီယမ် Pr ၅၉
နီယိုဒီမီယမ် Nd ၆၀
ပရိုမီသီယမ် Pm ၆၁
ဆမာရီယမ် Sm ၆၂
ယူရိုပီယမ် Eu ၆၃
ဂက်ဒိုလီနီယမ် Gd ၆၄
တာဗီယမ် Tb ၆၅
ဒစ်စပရိုဆီယမ် Dy ၆၆
ဟိုလမီယမ် Ho ၆၇
အာဗီယမ် Er ၆၈
သူလီယမ် Tm ၆၉
အစ်တာဗီယမ် Yb ၇၀
လူတီဆီယမ် Lu ၇၁
ဟက်ဖနီယမ် Hf ၇၂
တန်တလမ် Ta ၇၃
တန်စတင် W ၇၄
ရီနီယမ် Re ၇၅
အော့စမီယမ် Os ၇၆
အီရီဒီယမ် Ir ၇၇
ပလက်တီနမ် Pt ၇၈
ရွှေ Au ၇၉
ပြဒါး Hg ၈၀
သယ်လီယမ် Tl ၈၁
ခဲ Pb ၈၂
ဗစ်စမတ် Bi ၈၃
ပိုလိုနီယမ် Po ၈၄
အက်စတာတင် At ၈၅
ရေဒွန် Rn ၈၆
ဖရန်ဆီယမ် Fr ၈၇
ရေဒီယမ် Ra ၈၈
အက်တီနီယမ် Ac ၈၉
သိုရီယမ် Th ၉၀
ပရိုတက်တီနီယမ် Pa ၉၁
ယူရေနီယမ် U ၉၂
နက်ပကျူနီယမ် Np ၉၃
ပလူတိုနီယမ် Pu ၉၄
အမေရိဆီယမ် Am ၉၅
ကျူရီယမ် Cm ၉၆
ဗာကီလီယမ် Bk ၉၇
ကယ်လီဖိုနီယမ် Cf ၉၈
အိုင်စတိုင်နီယမ် Es ၉၉
ဖာမီယမ် Fm ၁၀၀
မင်ဒယ်လီဗီယမ် Md ၁၀၁
နိုဗယ်လီယမ် No ၁၀၂
လော်ရင်ဆီယမ် Lr ၁၀၃
၁၀၄
၁၀၅
၁၀၆
၁၀၇
၁၀၈
၁၀၉