ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၁ စာ. ၈၃-စာ. ၈၅ ပိုဒ်. ၃
  • တိကျသော ဖတ်ရှုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိကျသော ဖတ်ရှုခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သင့်လျော်သော ရပ်တန့်မှု
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၁ စာ. ၈၃-စာ. ၈၅ ပိုဒ်. ၃

သင်ခန်းစာ ၁

တိကျသော ဖတ်ရှုခြင်း

သင်ဘာပြုလုပ်ဖို့လိုအပ်သနည်း။

ပုံနှိပ်စာရွက်ပေါ်ရှိသည့်အရာကို တိတိကျကျ အသံကျယ်ကျယ်ဖတ်ရှုပါ။ စကားလုံးများကိုကျော်ဖတ်ခြင်း၊ စကားလုံးများကိုအပြည့်မဖတ်ခြင်း သို့မဟုတ် စကားလုံးတစ်လုံးကို အခြားစကားလုံးသို့လဲလှယ်ဖတ်ရှုခြင်း မပြုပါနှင့်။ စကားလုံးများကို အသံထွက် မှန်မှန်ကန်ကန် ဖတ်ရှုပါ။ စကားအဖြတ်အတောက်နှင့် အသံပြောင်းသင်္ကေတ [သေးသေးတင်၊ အောက်ကမြစ်တို့ကဲ့သို့] တို့ကို ဂရုပြုပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ဂရုတစိုက်နှင့် မှန်ကန်စွာဖတ်ရှုခြင်းသည် တိကျမှန်ကန်သော ကျမ်းစာအသိပညာကို ဖြန့်ချိသွယ်ပို့ပေးခြင်း၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်သည်။

လူအပေါင်းတို့သည် “တိကျမှန်ကန်သော သမ္မာတရားအသိပညာကိုသိစေရန်” ဘုရားသခင့်အလိုတော်ဖြစ်ကြောင်း ကျမ်းစာကဖော်ပြသည်။ (၁ တိ. ၂:၄၊ ကဘ) ထိုသို့နှင့်အညီ ကျမ်းစာကို အသံကျယ်ကျယ်နှင့် ဖတ်ရှုသည့်အခါ တိကျမှန်ကန်သောအသိပညာကို ဖြန့်ချိသွယ်ပို့ပေးလိုသည့် ကျွန်ုပ်တို့၏ဆန္ဒသည် ကျွန်ုပ်တို့ဖတ်ရှုပုံအပေါ် ဩဇာသက်ရောက်သင့်သည်။

ကျမ်းစာနှင့် ကျမ်းစာအကြောင်းရှင်းပြပေးသည့် စာပေများကို အသံကျယ်ကျယ်ဖတ်နိုင်သည့်စွမ်းရည်သည် လူငယ်များကော လူကြီးများအတွက်ပါ အရေးကြီးသည်။ ယေဟောဝါ၏သက်သေများအနေဖြင့် ကျွန်ုပ်တို့တွင် ယေဟောဝါ၏အသိပညာနှင့် ကိုယ်တော့်နည်းလမ်းတော်များကို အခြားသူများအားဝေမျှရန် တာဝန်ရှိသည်။ ထိုတာဝန်တွင် လူတစ်ယောက် သို့မဟုတ် အုပ်စုငယ်တစ်စုကို စာဖတ်ပြခြင်းပါဝင်လေ့ရှိသည်။ မိသားစုအသိုင်းအဝိုင်း၌လည်း ထိုကဲ့သို့ဖတ်ရှုခြင်းကို ကျွန်ုပ်တို့ပြုကြသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် မိမိတို့အသံကျယ်ကျယ်ဖတ်ရှုခြင်းကို တိုးတက်စေရန်အတွက် သွန်သင်ချက်ခံယူရန် ညီအစ်ကိုညီအစ်မများ၊ လူငယ်လူကြီးများအတွက် သင့်လျော်သောအခွင့်အရေးများရှိသည်။

တစ်ဦးချင်းကိုဖြစ်စေ သို့မဟုတ် အသင်းတော်တွင်ဖြစ်စေ လူသူရှေ့ကျမ်းစာဖတ်ပြခြင်းသည် အလေးအနက်ထားအပ်သောအရာဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံဖြစ်သည်။ ထို့အပြင် “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ . . . နှင့်ပြည့်စုံသည်ဖြစ်၍ . . . စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် အခြားအဘယ်ရင်းမြစ်မှမရရှိနိုင်သည့် အဖိုးမဖြတ်နိုင်သောအသိပညာပါရှိသည်။ ယင်းသည် လူတစ်ဦးအား စစ်မှန်သည့် တစ်ဆူတည်းသောဘုရားသခင်ကို သိရှိရန်နှင့် ကိုယ်တော်နှင့်ကောင်းသောဆက်ဆံရေးကို ပြုစုပျိုးထောင်ရန်အပြင် ဘဝပြဿနာများကိုလည်း အောင်မြင်စွာဖြေရှင်းရန် ကူညီပေးနိုင်သည်။ ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရအသက်ရစေသည့်လမ်းကို ယင်းက ရှင်းပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ပန်းတိုင်မှာ ကျမ်းစာကို တတ်နိုင်သ၍အကောင်းဆုံးဖတ်ပြရန် ဖြစ်သင့်သည်။—ဆာ. ၁၁၉:၁၄၀; ယေ. ၂၆:၂။

တိကျစွာဖတ်ရှုနိုင်ပုံ။ ထိထိရောက်ရောက်ဖတ်ရှုခြင်းအသွင် အမျိုးမျိုးရှိသော်လည်း တိကျမှုကို တိုးတက်ဖွံ့ဖြိုးစေခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ ဆိုလိုသည်မှာ ပုံနှိပ်ထားသောစာမျက်နှာပေါ်ရှိရာကို တိတိကျကျဖတ်ရှုရန် ကြိုးစားခြင်းဖြစ်သည်။ စကားလုံးကျော်ဖတ်ခြင်း၊ စကားလုံးများ၏အဆုံးပိုင်းကို ချန်ဖတ်ခြင်း သို့မဟုတ် ဆင်တူသောစကားလုံးများနှင့် မှားဖတ်ခြင်းတို့ကို မပြုမိရန် သတိပြုပါ။

စကားလုံးများကို မှန်မှန်ကန်ကန်ဖတ်နိုင်ရန် အထက်အောက်စကားကို နားလည်ဖို့လိုအပ်သည်။ ယင်းသို့ဖြစ်ရန် သေသေချာချာပြင်ဆင်ဖို့လိုမည်။ အချိန်တန်သော် သင်သည် ရှေ့သို့ကြို၍ကြည့်ကာ ဆက်တိုက်လိုက်ပါလာသော သဘောတရားကို ထောက်ချင့်စဉ်းစားသည့်စွမ်းရည် ဖွံ့ဖြိုးလာသည်နှင့်အမျှ ဖတ်ရှုရာတွင် သင်၏တိကျမှု တိုးတက်လာမည်။

အဖြတ်အတောက်နှင့် အသံပြောင်းသင်္ကေတတို့သည် အရေးအသားဘာသာစကားတွင် အရေးကြီးသောအချက်များဖြစ်သည်။ ရပ်တန့်ရမည့်နေရာ၊ မည်မျှရပ်တန့်ရန်နှင့် အသံအနိမ့်အမြင့်ပြောင်းခြင်း လိုကောင်းလိုမည့်အရာတို့ကို အဖြတ်အတောက်ကညွှန်ပြပေမည်။ ဘာသာစကားတချို့တွင် အဖြတ်အတောက်လိုအပ်သောအခါ အသံနေအသံထားကို ပြောင်းလဲရန်ပျက်ကွက်ခြင်းက မေးခွန်းတစ်ခုကို အဆိုပြုဝါကျတစ်ခုအဖြစ်သို့ ပြောင်းသွားစေနိုင်သည် သို့မဟုတ် အဓိပ္ပာယ် လုံးဝပြောင်းသွားစေနိုင်သည်။ တစ်ခါတစ်ရံ အဖြတ်အတောက်၏ လုပ်ဆောင်ချက်သည် အဓိကတွင် သဒ္ဒါအရဖြစ်သည်မှာ မှန်ပါသည်။ ဘာသာစကားအများစုတွင် ရေးသားထားရာများနှင့် အထက်အောက်စကားမှ နားလည်ထားရာ နှစ်မျိုးစလုံးရှိ အသံပြောင်းသင်္ကေတများကို သေသေချာချာအာရုံမပြုဘဲ တိကျမှန်ကန်စွာဖတ်ရှုဖို့ မဖြစ်နိုင်ချေ။ ၎င်းတို့နှင့်တွဲဖက်ထားသည့် အက္ခရာများ၏အသံကို ယင်းတို့က ပြောင်းလဲပေးသည်။ သင့်ဘာသာစကားတွင် အဖြတ်အတောက်၊ အသံပြောင်းသင်္ကေတများ အသုံးပြုသည့်နည်းကိုသိကျွမ်းကြောင်း သေချာစေပါ။ ယင်းသည် အဓိပ္ပာယ်ပေါ်အောင်ဖတ်ရှုခြင်း၏ သော့ချက်ဖြစ်သည်။ သင့်ရည်ရွယ်ချက်မှာ စကားလုံးများကိုသာ ပြောရုံမျှမဟုတ်ဘဲ သဘောတရားများကို သွယ်ပို့ပေးရန်ဖြစ်သင့်သည်။ တိကျစွာဖတ်ရှုနိုင်ရန် သရသံများကို အထူးဂရုစိုက်ရန်လိုသည်။ ယင်းတို့မှအချို့ကို ရေးသားထားသောစာတွင် ဖော်ပြထားပေမည်၊ အချို့ကိုမူ အထက်အောက်စာနှင့် သဒ္ဒါပေါ်အခြေခံ၍ နားလည်ရန်လိုအပ်သည်။ ယင်းတို့အားလုံးအရေးကြီးသည်။

သင်သည် မိမိ၏ဖတ်ရှုခြင်းစွမ်းရည်ကို တိကျစွာပြုစုပျိုးထောင်ပေးဖို့ဆိုလျှင် လေ့ကျင့်မှုလိုအပ်သည်။ စာပိုဒ်တစ်ပိုဒ်ကိုသာဖတ်ပါ၊ ထို့နောက် ယင်းကို မည်သည့်အမှားမျှမပါဘဲ ဖတ်ရှုနိုင်သည်အထိ ထပ်ခါတလဲလဲဖတ်ပါ။ ၎င်းနောက် နောက်စာပိုဒ်တစ်ပိုဒ်ကို ဆက်သွားပါ။ နောက်ဆုံးတွင် စာမျက်နှာအတော်များများကို အကြောင်းအရာပါ အဘယ်စကားလုံးကိုမျှ ကျော်ဖတ်ခြင်း၊ ပြန်ထပ်ခြင်း သို့မဟုတ် မှားဖတ်ခြင်းတို့မရှိဘဲ ဖတ်နိုင်ရန် အားထုတ်ပါ။ ထိုအဆင့်များကို သင်လုပ်ဆောင်ပြီးနောက် တစ်ဦးတစ်ယောက်အား သင်ဖတ်ရှုနေသည်ကို စောင့်ကြပ်စစ်ဆေးပေးရန်နှင့် သင်လုပ်မိနိုင်မည့် အဘယ်အမှားကိုမဆိုထောက်ပြပေးရန် အကူအညီတောင်းပါ။

ကမ္ဘာ့အချို့အပိုင်းတွင် မျက်စိမှုန်ခြင်း၊ အလင်းရောင် အလုံအလောက်မရခြင်းတို့က စာဖတ်ခြင်းကို ခက်ခဲစေသည်။ ဤအခြေအနေတို့ကို ဖြေရှင်းပေးနိုင်ပါက ဖတ်ရှုခြင်းတွင် တိုးတက်မှုရှိလာမည်မှာ မလွဲဧကန်ပင်။

အချိန်တန်သော်၊ ကောင်းစွာဖတ်နိုင်သောညီအစ်ကိုများသည် အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် ကင်းမျှော်စင်သင်တန်းတို့၌ လေ့လာမည့်အကြောင်းအရာကို လူထုရှေ့ဖတ်ရှုခြင်းတွင်ပါဝင်ရန် ဖိတ်ခေါ်ခံရနိုင်ဖွယ်ရှိမည်။ သို့ရာတွင် ထိုကဲ့သို့သောအခွင့်ထူးအတွက် ကောင်းစွာဂရုစိုက်ရန်မှာ စကားလုံးများကို မှန်ကန်စွာရွတ်ဖတ်နိုင်ရုံထက်မက ပို၍လိုအပ်ပါသည်။ အသင်းတော်တွင် ထိရောက်သော လူထုရှေ့စာဖတ်သူတစ်ယောက်ဖြစ်လာရန်အတွက် ကိုယ်ပိုင်ဖတ်ရှုခြင်းတွင် အလေ့အထကောင်းများ တိုးတက်ဖို့လိုသည်။ ယင်းတွင် ဝါကျတစ်ကြောင်းရှိ စကားလုံးတိုင်းသည် ဆိုင်ရာကဏ္ဍရှိကြောင်း သိရှိနားလည်ခြင်းပါဝင်သည်။ စကားလုံးအချို့ကို လျစ်လျူရှုပါက ပြောနေသည့်အရာကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ မဖြစ်နိုင်ချေ။ မိမိဘာသာဖတ်ရှုနေလျှင်ပင် စကားလုံးများကိုမှားဖတ်မိပါက ဝါကျအဓိပ္ပာယ်လွဲသွားပေမည်။ မှားဖတ်မိခြင်းသည် အသံပြောင်းသင်္ကေတများ သို့မဟုတ် အထက်အောက်အသုံးပြုထားသည့် စကားလုံးများကို ထည့်မစဉ်းစားမိ၍ဖြစ်နိုင်သည်။ ဤဝါကျအထားအသိုတွင်တွေ့ရသည့် စကားလုံးတစ်လုံးစီသည် အဘယ်အရာကိုဆိုလိုကြောင်းနားလည်ရန် ကြိုးပမ်းအားထုတ်ပါ။ ဝါကျတစ်ကြောင်း၏အဓိပ္ပာယ်ကို အဖြတ်အတောက်က မည်သို့အကျိုးသက်ရောက်စေကြောင်းကိုလည်း သုံးသပ်ပါ။ ဆိုလိုရင်းအချက်များကို များသောအားဖြင့် စကားလုံးအစုလိုက်ဖြင့် ဖော်ပြကြောင်း သတိရပါ။ ယင်းတို့ကိုမှတ်သားပါ၊ အသံကျယ်ကျယ်ဖတ်ရှုရာ၌ သင်သည် စကားလုံးများလောက်သာဖတ်မည့်အစား စကားလုံးအစုလိုက်—စကားစုများနှင့် ဝါကျပုဒ်စုအလိုက်ဖတ်နိုင်ရန် အလို့ငှာဖြစ်သည်။ သင်အဘယ်အရာဖတ်ရှုနေသည်ကို ရှင်းလင်းစွာနားလည်ထားခြင်းက တိကျမှန်ကန်သည့်အသိပညာကို လူထုရှေ့စာဖတ်ခြင်းဖြင့် အခြားသူများထံ ဖြန့်ချိသွယ်ပို့ပေးနိုင်ရန် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်သည်။

ယင်းကို အတွေ့အကြုံရှိ ခရစ်ယာန်အကြီးအကဲတစ်ဦးထံ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “လူပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်း . . . ကိုအာရုံစိုက်၍ ဆောင်ရွက်လော့။” (၁ တိ. ၄:၁၃၊ ကဘ) ယင်းသည် ကျွန်ုပ်တို့အားလုံး တိုးတက်စရာများရှာယူနိုင်မည့် နယ်ပယ်တစ်ခုဖြစ်သည်မှာ သိသာလှပေသည်။

အဖြတ်အတောက်သင်္ကေတ

ပီးရီးရတ် (.) ပုဒ်မ (။) အပြည့်အဝရပ်ခြင်းကိုဖော်ပြသည်။

ကော်မာ (,) ပုဒ်ထီး (၊) နောက်၌ စာသားထပ်လိုက်လာမည်ဖြစ်သည်နှင့်အမျှ များသောအားဖြင့် အနည်းငယ်ရပ်တန့်ဖို့ လိုအပ်သည်။

ဆီမီကော်လံ (;) ပုဒ်မထက် ပျော့ပျောင်းသောရပ်တန့်မှုဖြစ်သော်လည်း ပုဒ်ထီးထက်ပိုပြင်းသော အမှတ်အသားဖြစ်သည်။

ကော်လံ (:) မျဉ်းတို (–) အချက်အလက်စာရင်း သို့မဟုတ် ကိုးကားချက်ကို အစပြုပေးသည်; ရပ်တန့်ဖို့လိုအပ်သော်လည်း အသံအနိမ့်အမြင့်ကျသွားဖို့မလိုချေ။

အာမေဋိတ်(!) ပြင်းပြသောခံစားမှုကို အသံဖြင့် အချက်ပြသည်။

မေးခွန်းအမှတ်သင်္ကေတ (?) အများအားဖြင့် ဝါကျကို အနည်းငယ် အသံမြှင့်၍ဖတ်သွားရန်လိုသည်။

မျက်တောင်အဖွင့်အပိတ်များ (“ ” သို့မဟုတ် ‘ ’) ယင်းအတွင်း သွင်းထားသောစာသားများကို (သွင်းထားသောစာသားများသည် စာသား၏တစ်စိတ်တစ်ပိုင်းဖြစ်လျှင် မသိမသာ၊ ဖော်ပြချက်အပြည့်အစုံဖြစ်လျှင် ပို၍သိသိသာသာ) ခေတ္တရပ်နားကာ စတင်သင့်ကြောင်း ဖော်ပြပေမည်။

မျဉ်းရှည်များ (—)၊ စကားလုံးများကိုစတင်ဖတ်ရှုသည့်အခါ လေသံ သို့မဟုတ် အသံနေအသံထား အနည်းငယ်ပြောင်းလဲပေးဖို့လိုတတ်သည်။

ဝိုက်ကွင်းများ ( ) နှင့်လေးထောင့်ကွင်းများ [ ] စကားလုံးများကို အနည်းငယ်အသံနိမ့်ဖတ်ရန် သီးခြားခွဲထုတ်ပေမည်။ ဝိုက်ကွင်းများရှိ ကိုးကားချက်ရင်းမြစ်ကို ဖတ်ရှုရန်မလိုပါ၊ ဖတ်သည့်ဝါကျ၏အဓိပ္ပာယ်ကို ဖြည့်ပေးရန်လိုအပ်သည့် လေးထောင့်ကွင်းခတ်ထားသောစကားလုံးများကို လေသံပြောင်းပြီးဖတ်ဖို့မလိုပါ။

ယင်းကိုအောင်မြင်နိုင်ပုံ

  • လေ့ကျင့်! လေ့ကျင့်! လေ့ကျင့်! အသံ ကျယ်ကျယ်ဖြင့်လေ့ကျင့်ပါ။

  • တစ်ဦးဦးအား သင်ဖတ်ရှုနေသည်ကို စောင့်ကြပ်စစ်ဆေးစေပြီး အမှားများကိုထောက်ပြစေပါ။

  • ကိုယ်ပိုင်လေ့လာမှုပြုလုပ်နေချိန်တွင် သေသေချာချာဖတ်ရှုရန် မိမိကိုယ်ကို ကြပ်မတ်ဆုံးမပါ။

  • တစ်လုံးချင်းကိုသာဖတ်ရှုမည့်အစား စကားလုံးအစုလိုက်ဖတ်ရန်သင်ယူပါ။

လေ့ကျင့်ခန်း– ကောင်းစွာပြင်ဆင်ပြီးနောက် မဿဲအခန်းကြီး ၅ မှ ၇ အထိ အသံကျယ်ကျယ်ဖတ်ရှုသောအခါ ကျမ်းစာကို လိုက်ကြည့်ပေးရန် မိတ်ဆွေတစ်ဦး သို့မဟုတ် မိသားစုဝင်တစ်ဦးကိုပြောပါ။ (၁) စကားလုံးတစ်လုံးကျော်ဖတ်ခြင်း၊ (၂) မမှန်မကန်ဖတ်ခြင်း သို့မဟုတ် စကားလုံးအစီအစဉ်ကိုပြောင်းလဲခြင်း၊ (၃) ရပ်တန့်မှု၊ အသံအနိမ့်အမြင့်လိုအပ်သော အသံပြောင်းသင်္ကေတ သို့မဟုတ် အဖြတ်အတောက်အချို့ကို လျစ်လျူရှုသည့်အခါတိုင်း ရပ်တန့်ခိုင်းရန် သူ့ကိုတောင်းဆိုပါ။ ယင်းကို အနည်းဆုံး ဆယ်မိနစ်ကြာကြာ နှစ်ကြိမ်သုံးကြိမ် ပြုလုပ်လျှင်ကောင်းမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ