ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • cf စာ. ၂
  • စကားချီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကားချီး
  • “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ခေါင်းစ‎ဥ်ငယ်များ
  • စကားချီး
“ကျွန်တော့်နောက်လိုက် လုပ်ပါ”
cf စာ. ၂

စကားချီး

စာဖတ်သူများထံသို့–

“ကျွန်တော့်နောက်လိုက် လုပ်ပါ။” (မာကု ၁၀:၂၁) မိမိနောက် လိုက်ဖို့ ကျွန်တော်တို့ကို ဒီစကားတွေနဲ့ ယေရှုခရစ် ဖိတ်ခေါ်တယ်။ ယေရှုနောက် သင် လိုက်နေသလား။ ယေရှုနောက် လိုက်ရင် အသက်တာမှာ အကျိုးသက်ရောက်မှု အများကြီး ရှိမယ်။ ဘာကြောင့်လဲ။

ရွေးဖိုးအဖြစ် အသက်ပေးဖို့ တစ်ပါးတည်းသော သားတော်ကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်တယ်။ (ယောဟန် ၃:၁၆) ကျွန်တော်တို့အတွက် သားတော် အသေခံသွားတဲ့အပြင် ဘယ်လို အသက်ရှင်ရမယ်ဆိုတာလည်း ပြသွားတယ်။ ဘာလုပ်လုပ် သမာဓိ စောင့်ထိန်းတယ်။ ဖခင်ကို စိတ်ရွှင်လန်းစေတယ်။ အဖဘုရားကို ဘယ်လို အတုယူနိုင်တယ်ဆိုတာ ကျွန်တော်တို့ကို ပြတယ်။ သားတော်ရဲ့ အပြောအဆို၊ အပြုအမူတွေကို ကြည့်ရင် ဖခင်ရဲ့ အတွေးအခေါ်၊ ခံစားချက်ကို သိနိုင်တယ်။—ယောဟန် ၁၄:၉။

“ခြေရာကို [ကျွန်တော်တို့] ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ [ယေရှု] စံနမူနာ ထားခဲ့တယ်” လို့ ကျမ်းစာ ဆိုတယ်။ (၁ ပေတရု ၂:၂၁) ယေဟောဝါနဲ့ ပိုရင်းနှီးချင်ရင်၊ လောလောဆယ် တကယ် ပျော်စရာကောင်းတဲ့ ဘဝ ပိုင်ဆိုင်ချင်ရင်၊ အနာဂတ်မှာ ထာဝရ အသက်ရှင်ချင်ရင် ခရစ်တော်ရဲ့ ခြေရာ ထက်ကြပ်မကွာ လိုက်လျှောက်ရမယ်။

ခြေရာ ထက်ကြပ်မကွာ လိုက်လျှောက်နိုင်ဖို့ ယေရှုရဲ့ မြေကြီးအသက်တာအကြောင်း ကောင်းကောင်း သိနေရမယ်။ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ မှတ်တမ်းတင်ထားသမျှ သေသေချာချာ လေ့လာရင် ကောင်းကောင်း သိလာမယ်။ ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေကို တွေးတောတဲ့အခါ၊ ပြောဆိုပြုမူရာမှာ ယေရှုကို ဘယ်လို အတုယူနိုင်မလဲ စဉ်းစားတဲ့အခါ ယေရှုနောက် ဘယ်လို လိုက်ရမလဲ ပိုပြီး ရှင်းရှင်းလင်းလင်း သိလာမယ်။

ယေဟောဝါနဲ့ ယေရှုကို ချစ်တဲ့ မေတ္တာ တိုးလာဖို့ ဒီစာအုပ်က ကူညီပေးပါစေ။ မေတ္တာ တိုးလာတာနဲ့အမျှ ယေရှုရဲ့ ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ချင်လာပါစေ။ ဒါဆိုရင် အခုကော ထာဝစဉ်ပါ ယေဟောဝါကို သင် စိတ်ရွှင်လန်းစေနိုင်မယ်။

ထုတ်ဝေသူများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ