အပိုင်း ၁၂
ပျော်ရွှင်သာယာတဲ့ မိသားစု ဖြစ်နိုင်ပုံ
မေတ္တာဟာ ပျော်ရွှင်သာယာတဲ့မိသားစု ဖြစ်စေတယ်။ ဧဖက် ၅:၃၃
ဘုရားသခင့်စံနှုန်းအရ အိမ်ထောင်မှာ ခင်ပွန်းတစ်ယောက်၊ ဇနီးတစ်ယောက်ပဲ ရှိသင့်တယ်။
မေတ္တာရှိတဲ့ခင်ပွန်းဟာ ဇနီးကို ကြင်နာတယ်။ နားလည်ပေးတယ်။
ဇနီးဟာ ခင်ပွန်းနဲ့ ပူးပေါင်းလုပ်ဆောင်သင့်တယ်။
သားသမီးတွေ မိဘစကားကို နားထောင်သင့်တယ်။
ကြင်နာပါ။ သစ္စာရှိပါ။ မရက်စက်ပါနဲ့။ ကောလောသဲ ၃:၅၊ ၈-၁၀
ခင်ပွန်းဟာ ဇနီးကို ကိုယ်နဲ့အမျှ ချစ်သင့်ပြီး ဇနီးက ခင်ပွန်းကို အလွန်ရိုသေသင့်တယ်လို့ ကျမ်းစာမှာ ပြောတယ်။
အိမ်ထောင်ဖက် မဟုတ်သူနဲ့ လင်မယားလို အတူနေတာ မှားတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။
မိသားစု ပျော်ရွှင်သာယာနိုင်ပုံကို ကျမ်းစာမှာ ဖော်ပြတယ်။