ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၁၄ စာ. ၁၄၅-၁၅၃
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လင်ယောက်ျားတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ
  • ဇနီးသည်တွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ
  • မိဘတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ
  • သားသမီးတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
  • ဘုရားသခင့်အလိုတော်နှင့်တွေ့သော မိသားစုဘဝ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ပျော်ရွှင်သာယာတဲ့ မိသားစု ရရှိစေတဲ့ ဉာဏ်ပညာ
    နိုးလော့!—၂၀၂၁
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၁၄ စာ. ၁၄၅-၁၅၃

အခန်းဆယ့်လေး

ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်

၁၊ ၂။ မိသားစုတွေကို ယေဟောဝါ ဘာဖြစ်စေချင်သလဲ။

ပထမဆုံး အိမ်ထောင်မင်္ဂလာကို ယေဟောဝါဘုရား အစပြုပေးခဲ့တယ်။ ပထမဆုံးလူမိန်းမကို ဖန်ဆင်းပြီး “လူရှိရာဆီ ခေါ်လာ” တဲ့အခါ အာဒံက “ဒါမှ ငါ့အရိုးထဲက အရိုး၊ ငါ့အသားထဲက အသား” လို့ ဝမ်းသာအားရ ပြောတယ်။ (ကမ္ဘာဦး ၂:၂၂၊ ၂၃) ယေဟောဝါက အိမ်ထောင်သည်တွေကို ပျော်ရွှင်စေချင်မှန်း ဒီအချက်ကနေ သိရတယ်။

၂ ဝမ်းနည်းစရာကောင်းတာက လူအများစုဟာ ပျော်ရွှင်တဲ့မိသားစုဘဝကို တစ်ခါမှ မကြုံတွေ့ဖူးတာပါပဲ။ ဒါပေမဲ့ စည်းလုံးပျော်ရွှင်တဲ့ မိသားစုဘဝ ရနိုင်အောင် မိသားစုဝင်တိုင်းကို ကူညီပေးနိုင်တဲ့ လမ်းညွှန်ချက်အများကြီး ကျမ်းစာမှာ ပါတယ်။—လုကာ ၁၁:၂၈။

လင်ယောက်ျားတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ

၃၊ ၄။ (က) လင်ယောက်ျားက ဇနီးသည်ကို ဘယ်လိုဆက်ဆံရမလဲ။ (ခ) လင်နဲ့မယား အချင်းချင်း ခွင့်လွှတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၃ လင်ယောက်ျားကောင်းတစ်ယောက်ဟာ ဇနီးကို မေတ္တာနဲ့ တလေးတစား ဆက်ဆံသင့်တယ်လို့ ကျမ်းစာပြောတယ်။ ဧဖက် ၅:၂၅–၂၉ ကို ဖတ်ကြည့်ပါ။ လင်ယောက်ျားဟာ ဇနီးသည်ကို အမြဲတမ်း ချစ်ခင်ကြင်နာရမယ်၊ ကာကွယ်စောင့်ရှောက်ရမယ်။ ဇနီးသည် ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ရဘူး။

၄ ဇနီးက အမှားလုပ်မိရင်ကော။ ကျမ်းစာမှာ “ဇနီးကို ချစ်မြဲချစ်ကြပါ။ သူတို့ကို တရားလွန် ဒေါသမထွက်ပါနဲ့” လို့ လင်ယောက်ျားကို ပြောတယ်။ (ကောလောသဲ ၃:၁၉) လင်ယောက်ျားတို့၊ သင်တို့လည်း မှားတတ်တယ်ဆိုတာ မမေ့ပါနဲ့။ ဘုရားသခင်ရဲ့ ခွင့်လွှတ်မှု ရချင်တယ်ဆိုရင် ဇနီးသည်ကို ခွင့်လွှတ်ရမယ်။ (မဿဲ ၆:၁၂၊ ၁၄၊ ၁၅) လင်နဲ့မယား အချင်းချင်း ခွင့်လွှတ်မယ်ဆိုရင် အိမ်ထောင်ရေး သာယာပါလိမ့်မယ်။

၅။ ဇနီးကို ဘာကြောင့် ဂုဏ်တင်သင့်သလဲ။

၅ လင်ယောက်ျားက ဇနီးသည်ကို ဂုဏ်တင်ဖို့ ယေဟောဝါ မျှော်လင့်တယ်။ ဇနီးရဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပေးရမယ်။ အဲဒီလိုလုပ်ဖို့ သိပ်အရေးကြီးတယ်။ ဇနီးကို ကောင်းကောင်းမဆက်ဆံရင် သူဆုတောင်းတာကို ယေဟောဝါ နားထောင်မှာ မဟုတ်ဘူး။ (၁ ပေတရု ၃:၇) ယေဟောဝါအတွက် တန်ဖိုးရှိသူတွေဟာ ကိုယ်တော့်ကို ချစ်တဲ့သူတွေပဲ။ ယောက်ျားက မိန်းမထက်သာတယ်လို့ ကိုယ်တော် မယူဆဘူး။

၆။ လင်နဲ့မယားဟာ “တစ်သားတစ်ကိုယ်တည်း” ဆိုတာ ဘာကိုဆိုလိုသလဲ။

၆ လင်နဲ့မယားဟာ “နှစ်ယောက်မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ” လို့ ယေရှု ရှင်းပြတယ်။ (မဿဲ ၁၉:၆) သူတို့အချင်းချင်း သစ္စာရှိရမယ်။ ဘယ်တော့မှ သစ္စာမဖောက်ရဘူး။ (ပညာအလိမ္မာ ၅:၁၅-၂၁။ ဟီဘရူး ၁၃:၄) လင်နဲ့မယားအချင်းချင်း ဆက်ဆံခြင်းဝတ်ကို ကိုယ်ကျိုးမဖက်ဘဲ ဖြည့်ဆည်းပေးသင့်တယ်။ (၁ ကောရိန္သု ၇:၃-၅) “ကိုယ့်ခန္ဓာကိုယ်ကို မုန်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို ကျွေးမွေးပြီး မြတ်နိုးတတ်တယ်” ဆိုတဲ့အချက်ကို လင်ယောက်ျားတွေ မမေ့သင့်ဘူး။ ဒါကြောင့် ဇနီးကို ချစ်ခင်မြတ်နိုးရမယ်။ ဇနီးတစ်ဦးအလိုချင်ဆုံးအရာဟာ လင်ယောက်ျားရဲ့ အကြင်နာမေတ္တာပဲ။—ဧဖက် ၅:၂၉။

ဇနီးသည်တွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ

၇။ မိသားစုမှာ အိမ်ထောင်ဦးစီး ဘာကြောင့် လိုအပ်သလဲ။

၇ မိသားစုတိုင်းမှာ လမ်းညွှန်ပေးမယ့် အိမ်ထောင်ဦးစီးရှိဖို့ လိုတယ်။ ဒါမှ စည်းစည်းလုံးလုံး အတူလုပ်ဆောင်နိုင်မယ်။ ၁ ကောရိန္သု ၁၁:၃ မှာ “ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်၊ မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား၊ ခရစ်တော်ရဲ့ ဦးခေါင်းဟာ ဘုရားသခင်ပဲ” လို့ ပြောတယ်။

၈။ လင်ယောက်ျားကို အလွန်ရိုသေလေးစားကြောင်း ဘယ်လိုပြနိုင်သလဲ။

၈ လင်ယောက်ျားတိုင်း အမှားလုပ်တတ်ကြတယ်။ ဒါပေမဲ့ ဇနီးက လင်ယောက်ျားရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံပြီး တလိုတလား ပူးပေါင်းလုပ်ဆောင်တဲ့အခါ တစ်မိသားစုလုံး အကျိုးခံစားရတယ်။ (၁ ပေတရု ၃:၁-၆) “ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်” လို့ ကျမ်းစာက ပြောတယ်။ (ဧဖက် ၅:၃၃) လင်ယောက်ျားက ကိုယ်နဲ့ ဘာသာရေးယုံကြည်ချက် မတူဘူးဆိုရင်ကော။ လင်ယောက်ျားကို အလွန်ရိုသေလေးစားဖို့ လိုနေဆဲပဲ။ “ဇနီးတို့၊ ခင်ပွန်းကို လက်အောက်ခံကြပါ။ ခင်ပွန်းက တရားစကားကို မနာခံသူ ဖြစ်နေရင်တောင် ဇနီးက တစ်ခွန်းမှ ဟောစရာမလိုဘဲ ကိုယ့်ရဲ့ အမူအကျင့်ကြောင့် သူ့ကို ယုံကြည်သူဖြစ်လာစေနိုင်တယ်။ ဇနီးရဲ့ စင်ကြယ်တဲ့ အမူအကျင့်တွေ၊ အလွန်ရိုသေတတ်တာတွေကို သူကိုယ်တိုင် မြင်ရလို့ပဲ” ဆိုပြီး ကျမ်းစာပြောတယ်။ (၁ ပေတရု ၃:၁၊ ၂) ဇနီးဟာ ပုံသက်သေကောင်းမယ်ဆိုရင် လင်ယောက်ျားက ဇနီးရဲ့ယုံကြည်ချက်ကို နားလည်လာနိုင်တယ်၊ လေးစားလာနိုင်တယ်။

၉။ (က) လင်ယောက်ျားနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ ဘာလုပ်သင့်သလဲ။ (ခ) တိတု ၂:၄၊ ၅ မှာ ဇနီးသည်တွေကို ဘယ်လို အကြံပေးထားသလဲ။

၉ လင်ယောက်ျားနဲ့ သဘောထားချင်း မတိုက်ဆိုင်ရင်ကော။ ကိုယ့်သဘောထားကို တလေးတစား ဖွင့်ပြောသင့်တယ်။ ဥပမာ၊ အာဗြဟံမကြိုက်တဲ့အရာကို စာရာပြောလာတဲ့အခါ ယေဟောဝါက “စာရာပြောတာကို နားထောင်လိုက်” ဆိုပြီး အာဗြဟံကို ပြောတယ်။ (ကမ္ဘာဦး ၂၁:၉-၁၂) ခရစ်ယာန်လင်ယောက်ျားတစ်ဦးရဲ့ ဆုံးဖြတ်ချက်ဟာ ကျမ်းစာနဲ့ မဆန့်ကျင်ဘူးဆိုရင် ဇနီးက လက်ခံသင့်တယ်။ (တမန်တော် ၅:၂၉။ ဧဖက် ၅:၂၄) ဇနီးကောင်းတစ်ယောက်ဟာ မိသားစုကို ဂရုစိုက်မှာ ဖြစ်တယ်။ (တိတု ၂:၄၊ ၅ ကိုဖတ်ပါ။) မိခင်ကောင်း၊ ဇနီးကောင်းပီသအောင် ကြိုးစားလုပ်ဆောင်နေတာကို ခင်ပွန်းနဲ့ သားသမီးတွေ မြင်တဲ့အခါ သူ့ကို ပိုပြီး ချစ်ခင်လေးစားလာပါလိမ့်မယ်။—ပညာအလိမ္မာ ၃၁:၁၀၊ ၂၈။

စာရာပြောတာကို အာဗြဟံနားထောင်နေ

စာရာဟာ ဇနီးသည်တွေအတွက် ဘယ်လို ပုံနမူနာကောင်းပြခဲ့သလဲ

၁၀။ ခွဲနေတာ၊ ကွာရှင်းတာနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။

၁၀ မောင်နှံစုံတွေဟာ ခွဲနေဖို့၊ ကွာရှင်းဖို့ အလျင်စလို ဆုံးဖြတ်တတ်ကြတယ်။ ဒါပေမဲ့ “ဇနီးဟာ ခင်ပွန်းနဲ့ ခွဲမနေရဘူး၊” “ခင်ပွန်းကလည်း ဇနီးနဲ့ ခွဲမနေရဘူး” လို့ ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁) မဖြစ်မနေ ခွဲနေရမယ့် အခြေအနေတချို့ ရှိနိုင်တယ်။ ဒါဟာ အလေးအနက်ထားပြီး ဆုံးဖြတ်ရမယ့်ကိစ္စပဲ။ ကွာရှင်းတာကျတော့ကော။ အိမ်ထောင်ဖက်တစ်ဦး အိမ်ထောင်ရေးဖောက်ပြန်မှ ကွာရှင်းလို့ရတယ်လို့ ကျမ်းစာပြောတယ်။ ဒါဟာ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသောအကြောင်းရင်းပဲ။—မဿဲ ၁၉:၉။

မိဘတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ

၁။ ကလေးတွေကို ယေရှု အချိန်ပေးတယ်; ၂။ ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်နဲ့ သားကို သင်ပေးနေတဲ့ အဖေ

ယေရှုက မိသားစုဝင်တိုင်းအတွက် ပုံနမူနာကောင်းပြခဲ့

၁၁။ သားသမီးတွေ အလိုအပ်ဆုံးအရာဟာ ဘာလဲ။

၁၁ မိဘတို့၊ သားသမီးတွေကို အတတ်နိုင်ဆုံး အချိန်ပေးပါ။ သားသမီးတွေ အလိုအပ်ဆုံးအရာဟာ မိဘတွေပဲ။ သားသမီးတွေကို ယေဟောဝါအကြောင်း သွန်သင်ပေးဖို့လိုတယ်။—တရားဟောရာ ၆:၄-၉။

၁၂။ သားသမီးတွေကို ကာကွယ်ပေးဖို့ မိဘတွေ ဘာလုပ်ရမလဲ။

၁၂ စာတန်ရဲ့လောကဟာ ဆိုးသည်ထက်ဆိုးလာတဲ့အတွက် သားသမီးတွေကို အန္တရာယ်ပြုမယ့်သူတွေ၊ လိင်ဆိုင်ရာ မတော်မတရားပြုမယ့်သူတွေ ရှိနေတယ်။ တချို့မိဘတွေက သားသမီးတွေကို ဒီအကြောင်း ပြောပြဖို့ အခက်တွေ့ကြတယ်။ ဒါပေမဲ့ အဲဒီလိုလူတွေရှိတဲ့အကြောင်း သတိပေးပြီး သူတို့ကို ဘယ်လိုရှောင်ရမယ်ဆိုတာ သင်ပေးဖို့လိုတယ်။ မိဘတို့၊ သားသမီးတွေကို ကာကွယ်ပေးရမယ်။a—၁ ပေတရု ၅:၈။

၁၃။ သားသမီးတွေကို ဘယ်လိုသင်ပေးရမလဲ။

၁၃ သားသမီးတွေ လိမ္မာရေးခြားရှိအောင် သင်ပေးရမယ့်တာဝန် မိဘတွေမှာ ရှိတယ်။ ဘယ်လိုသင်ပေးမလဲ။ သားသမီးတွေကို လေ့ကျင့်ပေးရမယ်။ ဒါပေမဲ့ ရက်စက်ကြမ်းတမ်းစွာ မဆုံးမသင့်ဘူး။ (ယေရမိ ၃၀:၁၁) ဒေါသထွက်နေချိန်မှာ သားသမီးတွေကို ဘယ်တော့မှ မဆုံးမပါနဲ့။ သင့်စကားတွေဟာ “ဓားနဲ့ထိုးသလို” ဖြစ်ပြီး သားသမီးတွေ စိတ်နာသွားမှာကို သင်လိုလားမှာ မဟုတ်ဘူး။ (ပညာအလိမ္မာ ၁၂:၁၈) ဘာကြောင့် နာခံဖို့လိုတယ်ဆိုတာ သားသမီးတွေ နားလည်အောင် သင်ပေးပါ။—ဧဖက် ၆:၄။ ဟီဘရူး ၁၂:၉-၁၁။ ရှင်းလင်းချက် ၃၀ ကိုကြည့်ပါ။

သားသမီးတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ

၁၄၊ ၁၅။ သားသမီးတွေ ဘာကြောင့် မိဘကို နာခံသင့်သလဲ။

၁၄ ယေရှုဟာ ခက်ခဲတဲ့အချိန်မှာတောင် ဖခင်စကားကို အမြဲနားထောင်တယ်။ (လုကာ ၂၂:၄၂။ ယောဟန် ၈:၂၈၊ ၂၉) ယေဟောဝါကလည်း သားသမီးတွေကို မိဘစကား နားထောင်စေချင်တယ်။—ဧဖက် ၆:၁-၃။

၁၅ သားသမီးတို့၊ မိဘကို နာခံဖို့ ခက်တယ်လို့ ခံစားရရင်တောင် အဲဒီလိုနာခံမယ်ဆိုရင် ယေဟောဝါရော မိဘတွေပါ စိတ်ချမ်းသာမယ်ဆိုတာ သတိရပါ။b—ပညာအလိမ္မာ ၁:၈။ ၆:၂၀။ ၂၃:၂၂-၂၅။

စီးကရက်သောက်ဖို့ ရွယ်တူချင်းတွေ ဖိအားပေးတာကို ငြင်းနေတဲ့ လူငယ်လေး

အမှားလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ဘုရားသခင်ကို သစ္စာရှိဖို့ လူငယ်တွေကို ဘာက ကူညီပေးမလဲ

၁၆။ (က) မကောင်းတာလုပ်ဖို့ လူငယ်တွေကို စာတန်မာရ်နတ် ဘယ်လိုသွေးဆောင်သလဲ။ (ခ) ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၆ သူငယ်ချင်းတွေ၊ ရွယ်တူချင်းတွေကို သုံးပြီး သင် အမှားလုပ်အောင် မာရ်နတ် သွေးဆောင်နိုင်တယ်။ အဲဒီလိုဖိအားတွေကို တွန်းလှန်ဖို့ သိပ်ခက်မှန်း မာရ်နတ် သိထားတယ်။ ဥပမာ၊ ယာကုပ်ရဲ့သမီး ဒိနမှာ ယေဟောဝါကို မချစ်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ ဒါကြောင့် သူနဲ့ သူ့မိသားစု အတော်လေး ဒုက္ခရောက်ခဲ့တယ်။ (ကမ္ဘာဦး ၃၄:၁၊ ၂) ယေဟောဝါကို မချစ်တဲ့ သူငယ်ချင်းတွေက ယေဟောဝါ ရွံမုန်းတာတစ်ခုခုလုပ်ဖို့ သင့်ကို သွေးဆောင်နိုင်တယ်။ အဲဒါက သင်နဲ့ သင့်မိသားစုကိုရော ဘုရားသခင်ကိုပါ အကြီးအကျယ် စိတ်ဆင်းရဲစေနိုင်တယ်။ (ပညာအလိမ္မာ ၁၇:၂၁၊ ၂၅) ဒါကြောင့် ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ပဲ မိတ်ဖွဲ့ဖို့ သိပ်အရေးကြီးတယ်။—၁ ကောရိန္သု ၁၅:၃၃။

ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်

၁၇။ မိသားစုဝင်တိုင်းမှာ ဘာတာဝန်ရှိသလဲ။

၁၇ မိသားစုဝင်တွေက ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အခါ ဒုက္ခပြဿနာ အတော်များများကို ရှောင်ရှားနိုင်တယ်။ ဒါကြောင့် သင်ဟာ လင်ယောက်ျားဖြစ်မယ်ဆိုရင် ဇနီးကို ချစ်ပါ၊ မေတ္တာနဲ့ဆက်ဆံပါ။ သင်ဟာ ဇနီးသည်ဖြစ်မယ်ဆိုရင် လင်ယောက်ျားကို ရိုသေလေးစားပါ၊ လက်အောက်ခံပါ။ ပညာအလိမ္မာကျမ်း ၃၁:၁၀-၃၁ မှာပါတဲ့ ဇနီးကောင်းတစ်ယောက်ရဲ့ ပုံနမူနာကို အတုယူပါ။ သင်ဟာ မိဘဖြစ်မယ်ဆိုရင် ဘုရားသခင်ကို ချစ်တတ်လာအောင် သားသမီးတွေကို သင်ပေးပါ။ (ပညာအလိမ္မာ ၂၂:၆) သင်ဟာ ဖခင်ဖြစ်မယ်ဆိုရင် အိမ်ထောင်ကို “ကောင်းစွာဦးစီး” ပါ။ (၁ တိမောသေ ၃:၄၊ ၅။ ၅:၈) သားသမီးတို့၊ မိဘကို နာခံပါ။ (ကောလောသဲ ၃:၂၀) မိသားစုဝင်တိုင်း မှားတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် နှိမ့်ချမှုပြပြီး အချင်းချင်း ခွင့်လွှတ်ကြပါ။ ဒါတွေဟာ မိသားစုဝင်တိုင်းအတွက် ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေပဲ။

a သားသမီးတွေကို ကာကွယ်ပေးနိုင်ပုံအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်၊ အခန်း ၃၂ ကိုဖတ်ပါ။

b ဘုရားပညတ်နဲ့ဆန့်ကျင်တဲ့အရာ တစ်ခုခုလုပ်ဖို့ မိဘတွေ ပြောလာရင်တော့ နာခံဖို့မလိုဘူး။—တမန်တော် ၅:၂၉။

အကျဉ်းချုပ်

အမှန်တရား ၁။ မိသားစုကို ယေဟောဝါ အစပြုပေးခဲ့တယ်

“ဒါကြောင့် ကျွန်တော် အဖဘုရားကို ဒူးထောက်ပြီး ဆုတောင်းတယ်။ အဖဘုရားကြောင့် ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်က မိသားစုတိုင်း တည်ရှိနေတာ။”—ဧဖက် ၃:၁၄၊ ၁၅

ပျော်ရွှင်တဲ့မိသားစုကို သင် ဘယ်လိုပိုင်ဆိုင်နိုင်သလဲ။

  • ကမ္ဘာဦး ၁:၂၆–၂၈

    ပထမဆုံးမိသားစုကို ယေဟောဝါ အစပြုပေးခဲ့တယ်။

  • ဧဖက် ၅:၁၊ ၂

    မိသားစုပျော်ရွှင်မှုရဲ့ သော့ချက်ဟာ ယေဟောဝါနဲ့ ယေရှုကို အတုယူခြင်း ဖြစ်တယ်။

အမှန်တရား ၂။ ခင်ပွန်းကောင်း၊ ဇနီးကောင်း ဖြစ်နိုင်ပုံ

“ခင်ဗျားတို့လည်း . . . ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”—ဧဖက် ၅:၃၃

လင်နဲ့မယား အချင်းချင်း ဘယ်လို ဆက်ဆံသင့်သလဲ။

  • ဧဖက် ၅:၂၂–၂၉

    လင်ယောက်ျားဟာ မိသားစုကို တာဝန်ယူရမယ်။ ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံသင့်တယ်။

  • ကောလောသဲ ၃:၁၉။ ၁ ပေတရု ၃:၄

    အချင်းချင်း ကြင်နာဖို့၊ ထောက်ထားစာနာဖို့ လိုတယ်။

  • ၁ ပေတရု ၃:၁၊ ၂၊ ၇

    လင်နဲ့မယား အချင်းချင်း ဂုဏ်တင်ပြီး ရိုသေလေးစားရမယ်။

  • ၁ တိမောသေ ၅:၈။ တိတု ၂:၄၊ ၅

    လင်ယောက်ျားဟာ မိသားစုကို ထောက်ပံ့ရမယ်။ ဇနီးဟာ အိမ်သူအိမ်သားတွေကို ကောင်းကောင်း ဂရုစိုက်ရမယ်။

အမှန်တရား ၃။ မိဘကောင်း ဖြစ်နိုင်ပုံ

“ဖခင်တို့၊ သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ပါနဲ့။ ယေဟောဝါ မိန့်မှာတဲ့အတိုင်း သူတို့ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်ကြပါ။” —ဧဖက် ၆:၄

မိဘတွေမှာ ဘာတာဝန်ရှိသလဲ။

  • တရားဟောရာ ၆:၄–၉။ ပညာအလိမ္မာ ၂၂:၆

    သားသမီးတွေကို ယေဟောဝါအကြောင်း အချိန်ယူသင်ပေးဖို့ လိုတယ်။ ကလေးတစ်ဦးစီကို ငယ်စဉ်ကတည်းက ယေဟောဝါရဲ့မိတ်ဆွေဖြစ်အောင် စိတ်ရှည်ရှည်နဲ့ ကူညီပေးပါ။

  • ၁ ပေတရု ၅:၈

    လိင်ဆိုင်ရာ မတော်မတရားပြုခြင်းနဲ့ တခြားအန္တရာယ်တွေကနေ ရှောင်ရှားနိုင်ပုံကို သားသမီးတွေကို သင်ပေးပါ။

  • ယေရမိ ၃၀:၁၁။ ဟီဘရူး ၁၂:၉–၁၁

    သားသမီးတွေကို ဆုံးမဖို့လိုတယ်။ ဒါပေမဲ့ ဒေါသတကြီး၊ ရက်စက်ကြမ်းတမ်းစွာ မဆုံးမသင့်ဘူး။

အမှန်တရား ၄။ သားသမီးတွေဆီကနေ ဘုရားသခင် မျှော်လင့်တဲ့အရာ

‘သားသမီးတို့၊ မိဘကို နာခံကြပါ။’—ဧဖက် ၆:၁

သားသမီးတွေ ဘာကြောင့် မိဘကို နာခံသင့်သလဲ။

  • ပညာအလိမ္မာ ၂၃:၂၂–၂၅။ ကောလောသဲ ၃:၂၀

    မိဘကိုနာခံမယ်ဆိုရင် ယေဟောဝါရော မိဘတွေပါ စိတ်ချမ်းသာမယ်။

  • ၁ ကောရိန္သု ၁၅:၃၃

    ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့ပါ။ ဒါဆိုရင် မှန်တာကိုလုပ်ဖို့ လွယ်ကူပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ