ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၉ မေးခွန်းများ ၁-၅
  • မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်မိသားစု ပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၉ မေးခွန်းများ ၁-၅

အခန်း ၉

မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ

၁။ မိသားစုပျော်ရွှင်မှုအတွက် တရားဝင်လက်ထပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

စုံတွဲတစ်တွဲ တရားဝင် လက်မှတ်ထိုးနေ

ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါဆီကလာတဲ့ သတင်းကောင်းတစ်ခုကတော့ မိသားစုတွေကို ပျော်ရွှင်စေချင်တယ်ဆိုတဲ့ အချက်ပါပဲ။ (၁ တိမောသေ ၁:၁၁) အိမ်ထောင်ကို အစပြုပေးခဲ့တဲ့ပုဂ္ဂိုလ်က ဘုရားသခင်ပါ။ မိသားစု ပျော်ရွှင်ဖို့ဆိုရင် တရားဝင်လက်ထပ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက မိဘနဲ့ သားသမီးတွေကို ချစ်ခင်ပျော်ရွှင်စေလို့ပါပဲ။ ခရစ်ယာန်တွေဟာ တရားဝင် လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ ဒေသန္တရ ဥပဒေတွေကို လေးစားကြရမယ်။​—လုကာ ၂:၁၊ ၄၊ ၅ ကိုဖတ်ပါ။

အိမ်ထောင်မင်္ဂလာကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ။ ဘုရားသခင်က အိမ်ထောင် မင်္ဂလာကို ရာသက်ပန်ဖြစ်စေချင်တယ်။ ဘုရားသခင်က ဇနီးမောင်နှံတွေ အချင်းချင်း သစ္စာရှိစေချင်တယ်။ (ဟီဘရူး ၁၃:၄) ကွာရှင်းတာကို မုန်းတီးတယ်။ (မာလခိ ၂:၁၆) အိမ်ထောင်ရေးဖောက်ပြန်မှသာ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခွင့်ရှိပါတယ်။​—မဿဲ ၁၉:၃-၆၊ ၉ ကိုဖတ်ပါ။

၂။ ဇနီးမောင်နှံအချင်းချင်း ဘယ်လို ပြောဆိုပြုမူရမလဲ။

ပျော်ရွှင်နေတဲ့ မောင်နှံ

ယေဟောဝါဘုရားဟာ အမျိုးသားနဲ့အမျိုးသမီးကို အိမ်ထောင်မှာ အပြန်အလှန် ထောက်မဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တာဖြစ်တယ်။ (ကမ္ဘာဦး ၂:၁၈) အိမ်ထောင်ဦးစီးဖြစ်တဲ့ ခင်ပွန်းသည်ဟာ မိသားစု စားဝတ်နေရေးအတွက် ထောက်ပံ့ပေးရမယ့်အပြင် ဘုရားသခင်အကြောင်း သွန်သင်ပေး ရာမှာလည်း ဦးဆောင်ရမယ်။ ကိုယ့်ဇနီးကို ကိုယ်ကျိုးစွန့်မေတ္တာပြဖို့လည်း လိုတယ်။ ဇနီးမောင်နှံအချင်းချင်း အပြန်အလှန် ချစ်မြတ်နိုးပြီး လေးစားရပါမယ်။ ဇနီးမောင်နှံအားလုံး အပြစ်ကင်းတဲ့သူတွေ မဟုတ်ကြတဲ့အတွက် ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်၊ ဒါမှသာ အိမ်ထောင်သာယာမယ်။​—ဧဖက် ၄:၃၁၊ ၃၂။ ၅:၂၂-၂၅၊ ၃၃။ ၁ ပေတရု ၃:၇ တို့ကိုဖတ်ပါ။

၃။ အိမ်ထောင်ရေး မသာယာတာနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို စွန့်ပစ်သင့်သလား။

အိမ်ထောင်မှာ ပြဿနာတွေ ကြုံနေရပြီဆိုရင် ဇနီးမောင်နှံအချင်းချင်း မေတ္တာနဲ့ ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။ (၁ ကောရိန္သု ၁၃:၄၊ ၅) အိမ်ထောင်သည်တွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို အကြောင်းပြပြီး ခွဲနေတာမျိုးကို သမ္မာကျမ်းစာမှာ မထောက်ခံထားပါဘူး။​—၁ ကောရိန္သု ၇:၁၀-၁၃ ကိုဖတ်ပါ။

၄။ သားသမီးတို့၊ သင်တို့ကို ဘုရားသခင် ဘယ်လို ဖြစ်စေချင်သလဲ။

မိဘတွေက သားသမီးတွေကို အိမ်မှာ သင်ကြားပေးနေ

ဘုရားသခင်က သားသမီးတွေကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် လူငယ်ဘဝမှာ ဘယ်လိုပျော်မွေ့ရမယ်ဆိုတာ အကောင်းဆုံးအကြံဉာဏ်တွေ ပေးထားပါတယ်။ ဒါ့အပြင် ဘုရားသခင်က မိဘတွေရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုံတွေ ကနေတစ်ဆင့် သင်တို့ကို အကျိုးရယူစေချင်တယ်။ (ကောလောသဲ ၃:၂၀) ပြီးတော့ သင့်ကို ဖန်ဆင်းတဲ့အရှင်နဲ့ သားတော် ယေရှုတို့ရဲ့အလိုတော် ထမ်းဆောင်ခြင်းကနေ ရွှင်လန်းမှုခံစားစေချင်တယ်။​—ဒေသနာ ၁၁:၉–၁၂:၁။ မဿဲ ၁၉:၁၃-၁၅။ ၂၁:၁၅-၁၆ တို့ကိုဖတ်ပါ။

၅။ မိဘတို့၊ သားသမီးတွေ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။

မိဘတစ်ဦး သူ့ကလေးကို စကားပြောနေ

သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် မိဘများ ကြိုးစားလုပ်ဆောင်ကြရမယ်။ (၁ တိမောသေ ၅:၈) ဒါပေမဲ့ သားသမီးတွေ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ဘုရားသခင်ကို ချစ်မြတ်နိုးဖို့၊ ဘုရားသခင်အကြောင်း သင်ယူလေ့လာဖို့ သွန်သင်ပေးရမယ်။ (ဧဖက် ၆:၄) ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း အလုပ်နဲ့သက်သေပြတာက သင့်ကလေးရဲ့ စိတ်နှလုံးထဲ တစ်သက်လုံး စွဲမှတ်သွားစေနိုင်ပါတယ်။ သင့်ကလေး အပြုသဘောနဲ့ စဉ်းစား တွေးခေါ်တတ်လာအောင် သမ္မာကျမ်းစာကို အခြေခံပြီး သွန်သင်ပေးပါ။​—တရားဟောရာ ၆:၄-၇။ ပညာအလိမ္မာ ၂၂:၆ တို့ကိုဖတ်ပါ။

ကလေးတွေကို ချီးမွမ်းပေးပြီး အားပေးတာက အကျိုးရှိစေပါတယ်။ ကလေးတွေကို ဆုံးမပဲ့ပြင်ဖို့၊ တည့်မတ်ပေးဖို့လည်း လိုအပ်တယ်။ အဲဒါက သူတို့လေးတွေရဲ့ ပျော်ရွှင်မှုကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကနေ ကာကွယ်ပေးရာရောက်ပါတယ်။ (ပညာအလိမ္မာ ၂၂:၁၅) ဒါပေမဲ့ ကြမ်းကြမ်းတမ်းတမ်း ဆုံးမတာမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။​—ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။

မိဘတွေနဲ့ သားသမီးတွေအတွက် အထူးသဖြင့် အကူအညီဖြစ်စေတဲ့ ကျမ်းစာ အခြေပြု စာပေအတော်များများကို ယေဟောဝါသက်သေတွေ ထုတ်ဝေထားပါတယ်။​—ဆာလံ ၁၉:၇၊ ၁၁ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၄ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ