ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၉/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မိသားစု ပျော်ရွှင်အောင် ဘယ်လို လုပ်နိုင်သလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • သာယာသောအိမ်ထောင် တည်ဆောက်နိုင်ပုံ
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၉/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

အိမ်ထောင်သာယာနိုင်ဖို့ ဘာလုပ်ရမလဲ

အိမ်ထောင်သာယာနိုင်ဖို့ဆိုရင် အိမ်ထောင်အစပြုရှင် ယေဟောဝါဘုရားပေးတဲ့ ကျမ်းစာအကြံပြုချက်တွေကို လိုက်နာရမယ်။ ဒီအကြံပြုချက်တွေက အိမ်ထောင်ကို သာယာချမ်းမြေ့စေနိုင်တဲ့ အရည်အသွေးတွေကို ဖြစ်ပေါ်စေပြီး အိမ်ထောင် ပြိုကွဲသွားစေနိုင်တဲ့ စိတ်သဘောထားတွေကို ရှောင်ရှားစေနိုင်တယ်။ ဒါ့အပြင် အိမ်ထောင်သာယာချမ်းမြေ့ဖို့ ဘယ်လို ပြောဆိုဆက်သွယ်ရမလဲဆိုတာကိုလည်း သင်ပေးတယ်။—ကောလောသဲ ၃:၈-၁၀၊ ၁၂-၁၄ ကိုဖတ်ပါ။

ဇနီးမောင်နှံတွေဟာ တစ်ဦးကိုတစ်ဦး ဂုဏ်တင်ပြီး လေးစားသင့်တယ်။ ဘုရားသခင်ချမှတ်ပေးထားတဲ့ အိမ်ထောင်တာဝန်တွေကို ကိုယ်စီလက်တွေ့ကျင့်သုံးမယ်ဆိုရင် အိမ်ထောင်သာယာနိုင်ပါတယ်။—ကောလောသဲ ၃:၁၈၊ ၁၉ ကိုဖတ်ပါ။

အိမ်ထောင်တည်မြဲနိုင်ဖို့ ဘာလုပ်ရမလဲ

ဇနီးမောင်နှံတွေဟာ တစ်ဦးကိုတစ်ဦး ချစ်ကြမယ်ဆိုရင် အိမ်ထောင်တည်မြဲနိုင်ပါတယ်။ ဘုရားသခင်က ဇနီးမောင်နှံအချင်းချင်း ဘယ်လို မေတ္တာပြရမလဲဆိုတာ သင်ပေးတယ်။ ကိုယ်တော်နဲ့ သားတော်ယေရှုဟာ ကိုယ်ကျိုးစွန့်မေတ္တာပြရာမှာ အကောင်းဆုံး စံနမူနာရှင်တွေဖြစ်လို့ သူတို့ကို တုပနိုင်တယ်။—၁ ယောဟန် ၄:၇၊ ၈၊ ၁၉ ကိုဖတ်ပါ။

ခင်ပွန်းရော ဇနီးပါ အိမ်ထောင်မင်္ဂလာကို ဘုရားပေးအစီအစဉ်တစ်ခုအဖြစ် ရှုမြင်ပြီး လေးမြတ်မယ်ဆိုရင် အိမ်ထောင်တည်မြဲပါလိမ့်မယ်။ ယောက်ျားနဲ့ မိန်းမ ရာသက်ပန် ပေါင်းစည်းနေထိုင်သွားဖို့ အိမ်ထောင်မင်္ဂလာကို ဘုရားသခင် စီမံထားပြီး အဲဒါက မိသားစုတွေကို လုံခြုံမှုခံစားရစေတယ်။ အိမ်ထောင်ရေး တည်မြဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ကာယရေးရော စိတ်ပိုင်းဆိုင်ရာမှာပါ အချင်းချင်း အပြန်အလှန် ဖြည့်ဆည်းပေးနိုင်စွမ်း ပေးထားတဲ့အပြင် ကိုယ်တော့်ရဲ့ ပုံသဏ္ဌာန်ဖြစ်တဲ့ မေတ္တာကို တုပနိုင်စွမ်းနဲ့ ဖန်ဆင်းပေးထားလို့ဖြစ်တယ်။—ကမ္ဘာဦး ၁:၂၇; ၂:၁၈၊ ၂၄ ကိုဖတ်ပါ။

ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၄ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေ ကူးယူနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ