ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၇၁ စာ. ၁၆၈-စာ. ၁၆၉ ပိုဒ်. ၉
  • မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခေါင်းမာလှသော ဖာရိရှဲတို့၏ မယုံကြည်မှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဝမ်းတွင်းပါ မျက်မမြင်တစ်ဦးအား စက္ခုအလင်းရစေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၇၁ စာ. ၁၆၈-စာ. ၁၆၉ ပိုဒ်. ၉
မျက်မမြင်ဖြစ်ခဲ့ဖူးသူ သူတောင်းစားက ဒေါသထွက်နေတဲ့ ဖာရိရှဲတွေကို ပြန်ဖြေတဲ့အခါ မိဘတွေကြည့်နေ

အခန်း ၇၁

မျက်မမြင် ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

ယောဟန် ၉:၁၉-၄၁

  • မျက်မမြင် ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

  • ဘာသာရေး ခေါင်းဆောင်တွေဟာ “မျက်မမြင်တွေဖြစ်”

ဖာရိရှဲတွေဟာ မွေးရာပါ မျက်မမြင်ကို ယေရှု ကုသပေးခဲ့တယ်ဆိုတာ လက်မခံနိုင် ဖြစ်နေကြတယ်။ ဒါနဲ့ သူ့မိဘတွေကိုခေါ်ပြီး မေးမြန်းကြတယ်။ မိဘတွေကလည်း “တရားဇရပ်ကနေ နှင်ထုတ်” ခံရနိုင်မှန်း သိထားတယ်။ (ယောဟန် ၉:၂၂) ဂျူးအသိုင်းအဝိုင်းကနေ အပယ်ခံရမယ်ဆိုရင် မိသားစုရဲ့ လူမှုရေး၊ စီးပွားရေး အများကြီး ထိခိုက်နစ်နာနိုင်တယ်။

ဖာရိရှဲတွေက “ဒီတစ်ယောက်က မျက်စိမမြင်ဘဲ မွေးလာတဲ့ ခင်ဗျားတို့ရဲ့သား ဟုတ်သလား။ ဒါဆို သူ ဘယ်လိုလုပ် မျက်စိပြန်မြင်လာတာလဲ” ဆိုတဲ့ မေးခွန်းနှစ်ခု မေးတယ်။ မိဘတွေက “ဒါ ကျုပ်တို့သား ဟုတ်ပါတယ်။ မွေးကတည်းက မျက်စိမမြင်ဘူးဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ သူ အခု ဘယ်လို မျက်စိမြင်လာတယ်ဆိုတာကိုတော့ မသိပါဘူး။ မျက်စိမြင်အောင် လုပ်ပေးတဲ့လူကိုလည်း မသိပါဘူး” လို့ဖြေတယ်။ သားဖြစ်သူက အကြောင်းစုံ ပြောပြထားခဲ့မယ်ဆိုရင်တောင် မိဘတွေက “သူလည်း အရွယ်ရောက်နေပြီပဲ။ သူ့ကိုသာ မေးကြည့်လိုက်ပါ” လို့ အလိမ္မာနည်းနဲ့ ပြောလိုက်တယ်။—ယောဟန် ၉:၁၉-၂၁။

ဒါနဲ့ ဖာရိရှဲတွေက မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်၊ ယေရှု အပြစ်လုပ်တဲ့သက်သေ သူတို့မှာရှိတယ်လို့ပြောပြီး ခြိမ်းခြောက်ကြတယ်။ “ဘုရားသခင်ရှေ့မှာ အမှန်အတိုင်းပြောပါ။ အဲဒီလူဟာ အပြစ်သားပဲဆိုတာ ငါတို့သိတယ်” လို့ပြောပြီး ဖိအားပေးကြတယ်။ မျက်မမြင် ဖြစ်ခဲ့ဖူးသူက “အဲဒီလူ အပြစ်သား ဟုတ်မဟုတ်တော့ မသိဘူး။ အရင်က ကျွန်တော်မျက်စိမမြင်ဘူး၊ အခု မြင်ရတယ်။ ဒါပဲ ကျွန်တော်သိတယ်” ဆိုပြီး သူတို့ရဲ့ စွပ်စွဲချက်ကို ဆန့်ကျင်ပြီး ဖြေလိုက်တယ်။—ယောဟန် ၉:၂၄၊ ၂၅။

ဖာရိရှဲတွေက မကျေနပ်သေးတဲ့အတွက် “သူ မင်းကို ဘာလုပ်ပေးသလဲ။ မင်းမျက်စိမြင်အောင် ဘယ်လို လုပ်ပေးလိုက်တာလဲ” လို့ထပ်မေးတယ်။ အဲဒီလူက “ကျွန်တော်ပြောပြီးပြီပဲ။ ခင်ဗျားတို့မှ နားမထောင်တာ။ ဘာလို့ ထပ်ကြားချင်ရတာလဲ။ ခင်ဗျားတို့လည်း သူ့တပည့်ဖြစ်ချင်တာလား” လို့ သတ္တိရှိရှိ ပြောချလိုက်တယ်။ ဒီအခါ သူတို့က ဒေါသတကြီးနဲ့ “မင်းကသာ အဲဒီလူရဲ့ တပည့်ကွ။ ငါတို့က မောရှေရဲ့တပည့်။ မောရှေကို ဘုရားသခင် ဗျာဒိတ်ပေးခဲ့မှန်း ငါတို့သိတယ်။ ဒီလူကတော့ ဘယ်ကလာမှန်း ငါတို့မသိဘူး” ဆိုပြီး ကဲ့ရဲ့ကြတယ်။—ယောဟန် ၉:၂၆-၂၉။

သူတောင်းစားလည်း အံ့သြသွားပြီး “ကျွန်တော့်ကို မျက်စိမြင်အောင် လုပ်ပေးတာတောင် သူဘယ်ကလာမှန်း ခင်ဗျားတို့မသိတာ အံ့ဩတယ်” လို့ပြောလိုက်တယ်။ ပြီးတော့ ဘုရားက ဘယ်လိုလူမျိုးရဲ့ စကားကို လက်ခံနားထောင်ပေးတယ် ဆိုတာနဲ့ပတ်သက်ပြီး အခုလို ယုတ္တိရှိရှိ ကျိုးကြောင်းဆင်ခြင်ပြတယ်– “ဘုရားသခင်က အပြစ်သားတွေ ပြောတာကို နားမထောင်ဘူး။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး အလိုတော်ဆောင်တဲ့သူ ပြောတာကိုပဲ နားထောင်တယ်ဆိုတာ ကျွန်တော်တို့ သိကြတာပဲ။ တစ်ယောက်ယောက်က မွေးရာပါ မျက်မမြင်ကို မျက်စိမြင်အောင် လုပ်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ရှေးအချိန်ကတည်းက မကြားဖူးဘူး။” ဒီနောက် “အဲဒီလူဟာ ဘုရားသခင်ဆီကလာတာ မဟုတ်ရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” လို့ ကောက်ချက်ချလိုက်တယ်။—ယောဟန် ၉:၃၀-၃၃။

ကျိုးကြောင်းဆီလျော်တဲ့ အဲဒီစကားတွေကို ဖာရိရှဲတွေ ပြန်မချေပနိုင်ဘူး။ ဒါနဲ့ “မွေးကတည်းက အပြစ်ပါလာတဲ့ မင်းလိုလူက ငါတို့ကို သွန်သင်နေရသလား” ဆိုပြီး ဒေါသတကြီးနဲ့ သူ့ကို မောင်းထုတ်ပစ်ကြတယ်။—ယောဟန် ၉:၃၄။

ဒီသတင်းကို ယေရှုကြားတာနဲ့ အဲဒီလူကို လိုက်ရှာပြီး “လူသားကို ယုံကြည်သလား” လို့မေးတယ်။ သူက “သခင်၊ လူသားက ဘယ်သူလဲ၊ ပြောပြပါ။ ဒါမှ ကျွန်တော် ယုံကြည်လို့ရမှာပါ” လို့ပြန်ဖြေတယ်။ ယေရှုက “သူ့ကို ခင်ဗျားမြင်ဖူးပါတယ်။ တကယ်တော့ အခု ခင်ဗျားနဲ့ စကားပြောနေတာ လူသားပဲ” လို့ဖြေတယ်။—ယောဟန် ၉:၃၅-၃၇။

ဒီအခါ သူက “သခင်၊ ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောပြီး ယေရှုကို ယုံကြည်လေးစားကြောင်း ပြတဲ့အနေနဲ့ ဦးညွှတ်တယ်။ ယေရှုက “ဘုရားသခင် စီရင်ဆုံးဖြတ်နိုင်ဖို့ ဒီလောကကို ကျွန်တော်လာတာ။ မျက်မမြင်တွေ မြင်လာဖို့၊ မျက်စိမြင်တဲ့သူတွေ မျက်စိကွယ်သွားဖို့ပဲ” ဆိုပြီး လေးနက်တဲ့စကားတွေ ပြောလိုက်တယ်။—ယောဟန် ၉:၃၈၊ ၃၉။

ဖြစ်ချင်တော့၊ အဲဒီမှာ ဖာရိရှဲတွေ ရှိနေတယ်။ သူတို့ကိုယ်သူတို့ မျက်မမြင်တွေ မဟုတ်မှန်း သိကြပေမဲ့ ဘုရားရေးရာဘက် လမ်းပြပေးသူတွေဖြစ်တဲ့ သူတို့ရဲ့အခြေအနေက ဘယ်လိုရှိသလဲ။ “ငါတို့က မျက်မမြင်မှ မဟုတ်တာ” လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး သူတို့ပြောတယ်။ ဒါနဲ့ ယေရှုက “ခင်ဗျားတို့ဟာ မျက်မမြင်ဖြစ်နေရင် အပြစ်မရှိဘူး။ အခုတော့ ‘ငါတို့ မျက်စိမြင်တယ်’ လို့ပြောတဲ့အတွက် ခင်ဗျားတို့အပြစ် ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး” လို့ပြောတယ်။ (ယောဟန် ၉:၄၀၊ ၄၁) သူတို့သာ အစ္စရေးပြည်မှာ ဆရာတွေ မဟုတ်ဘူးဆိုရင် ယေရှုကို မေရှိယအဖြစ် လက်မခံနိုင်တာကို နားလည်ပေးလို့ ရပါတယ်။ အခုတော့ သူတို့က ပညတ်တရားကို နောကျေနေသူတွေဖြစ်တယ်။ ဒါကြောင့် ယေရှုကို လက်မခံတာက ကြီးလေးတဲ့အပြစ်ပဲ။

  • မျက်မမြင်ဖြစ်ခဲ့ဖူးသူရဲ့ မိဘတွေဟာ ဖာရိရှဲတွေရှေ့ ခေါ်မေးခံရတဲ့အခါ ဘာဖြစ်လို့ ကြောက်နေကြတာလဲ။ သူတို့ ဘယ်လို အဖြေပေးသလဲ။

  • ယုတ္တိရှိရှိ ကျိုးကြောင်းဆင်ခြင်ပြတဲ့ ဘယ်စကားတွေကြောင့် ဖာရိရှဲတွေ ဒေါသထွက်ကြသလဲ။

  • ဖာရိရှဲတွေအနေနဲ့ ယေရှုကို ဆန့်ကျင်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်ဖြစ်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ