ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁၄ စာ. ၄၀-စာ. ၄၁ ပိုဒ်. ၁
  • ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အပြစ်ကြီးသော ဤအမှုကို” ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယောသပ်ကို သူ့အစ်ကိုတွေ မုန်းတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သင် အောင်မြင်ဖို့ ယေဟောဝါ ကူညီနေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယောသပ်ထောင်ကျတဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁၄ စာ. ၄၀-စာ. ၄၁ ပိုဒ်. ၁
ပေါတိဖာမိန်းမ အနားကနေ ယောသပ်ထွက်ပြေး

သင်ခန်းစာ ၁၄

ဘုရားစကားနားထောင်တဲ့ ကျွန်တစ်ယောက်

ယောသပ်ဟာ ယာကုပ်ရဲ့ နို့ညှာသား ဖြစ်တယ်။ ယောသပ်ကို အဖေအချစ်ဆုံးဆိုတာ အစ်ကိုကြီးတွေသိတော့ သူတို့ ဘယ်လိုခံစားရသလဲ။ ယောသပ်ကို မနာလိုဖြစ်ပြီး မုန်းတီးလာကြတယ်။ ယောသပ်ဟာ ထူးဆန်းတဲ့အိပ်မက်တွေ မက်တော့ အစ်ကိုတွေကို ပြောပြတယ်။ တစ်နေ့ကျရင် ယောသပ်ကို သူတို့ ဦးညွှတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်နေတော့ ပိုတောင် မုန်းသွားကြတယ်။

ယောသပ်ရဲ့အစ်ကိုတွေ သူ့ကို တွင်းထဲ ပစ်ချနေ

တစ်နေ့၊ ယောသပ်အစ်ကိုတွေဟာ ရှေခင်မြို့အနားမှာ သိုးကျောင်းနေကြတော့ အစ်ကိုတွေကို သွားကြည့်ပါဆိုပြီး ယာကုပ်က ယောသပ်ကို လွှတ်လိုက်တယ်။ ယောသပ်လာနေတာကို အဝေးကနေ အစ်ကိုတွေမြင်ပြီး ‘အိပ်မက်ဆရာ လာနေပြီ။ သူ့ကို သတ်လိုက်ရအောင်’ လို့ အချင်းချင်း ပြောကြတယ်။ ဒီနောက် ယောသပ်ကို ဖမ်းချုပ်ပြီး ရေတွင်းထဲ ပစ်ချလိုက်တယ်။ ဒါပေမဲ့ အစ်ကို ယုဒက ‘မသတ်ပါနဲ့။ ကျွန်အဖြစ်ပဲ ရောင်းစားလိုက်ရအောင်’ လို့ပြောပြီး အီဂျစ်ပြည်ကို ခရီးသွားနေကြတဲ့ မိဒျန်ကုန်သည်တွေဆီ ငွေစ ၂၀ နဲ့ ရောင်းလိုက်ကြတယ်။

ပြီးတော့ အစ်ကိုတွေဟာ ယောသပ်ရဲ့ဝတ်ရုံကို ဆိတ်သွေးထဲနှစ်ပြီး အဖေ့ကိုပြတယ်။ ‘ဒါက အဖေ့သားဝတ်ရုံလား’ လို့မေးတယ်။ ဒါနဲ့ ယောသပ်ကို သားရဲကိုက်သတ်လို့ သေပြီလို့ ယာကုပ်ထင်ပြီး ဝမ်းနည်းကြေကွဲပါလေရော။ ဘယ်သူမှ သူ့ကို နှစ်သိမ့်ပေးလို့မရဘူး။

ယောသပ် ထောင်ကျနေ

အီဂျစ်ပြည်ကိုရောက်တော့ ယောသပ်ဟာ နန်းတွင်းအရာရှိ ပေါတိဖာ အိမ်မှာ ကျွန်အဖြစ် ရောင်းစားခံလိုက်ရတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ယောသပ်နဲ့အတူ ရှိတယ်။ ယောသပ်ဟာ အားကိုးလို့ရသူ၊ ယုံကြည်စိတ်ချနိုင်သူ ဖြစ်တယ်ဆိုတာ ပေါတိဖာ မြင်လာတော့ သူ့ကို လူယုံတော်အဖြစ် ခန့်လိုက်တယ်။

ယောသပ်ဟာ ကိုယ်လုံးကိုယ်ထည်တောင့်တဲ့ လူချောဖြစ်မှန်း ပေါတိဖာမိန်းမ သတိထားမိတယ်။ ဒါနဲ့ သူနဲ့အိပ်ဖို့ ယောသပ်ကို နေ့တိုင်း သွေးဆောင်တော့တယ်။ ယောသပ် ဘာလုပ်မလဲ။ ယောသပ်က ‘ဒီလိုလုပ်တာ မှားတယ်။ သခင်က ကျွန်တော့်ကို စိတ်ချတယ်။ သခင်မက သူ့မိန်းမ။ သခင်မနဲ့ အိပ်ရင် ဘုရားကို ကျွန်တော် ပြစ်မှားတာပဲ’ ဆိုပြီး ငြင်းဆိုတယ်။

တစ်နေ့ကျတော့ ပေါတိဖာမိန်းမဟာ ယောသပ်ကို သူနဲ့အိပ်ဖို့ မရမက တောင်းဆိုတယ်။ ယောသပ်ဝတ်ရုံကို ဆွဲလိုက်တော့ ယောသပ် ထွက်ပြေးသွားတယ်။ ပေါတိဖာ ပြန်လာတဲ့အခါ သူ့ကို ယောသပ်က မတရားလုပ်ဖို့ကြံပါတယ်ဆိုပြီး လိမ်ပြောတယ်။ ပေါတိဖာ အရမ်းစိတ်ဆိုးသွားပြီး ယောသပ်ကို ထောင်ချလိုက်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ယောသပ်ကို မမေ့ပါဘူး။

“ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာဖြစ်လို့ တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။”—၁ ပေတရု ၅:၆

မေးခွန်း– ယောသပ်ရဲ့ အစ်ကိုတွေဟာ သူ့ကို ဘယ်လိုဆက်ဆံကြသလဲ။ ယောသပ် ဘာလို့ ထောင်ကျသွားတာလဲ။

ကမ္ဘာဦး ၃၇:၁-၃၆။ ၃၉:၁-၂၃။ တမန်တော် ၇:၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ