ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၂ စာ. ၈၀-စာ. ၈၁ ပိုဒ်. ၂
  • ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်းဖြင့် အင်အားကြီးသောစစ်တပ်ကို ဗာရက် အပြီးအပိုင်ချေမှုန်းခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါဖြစ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင့်စေတနာစိတ်က ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၂ စာ. ၈၀-စာ. ၈၁ ပိုဒ်. ၂
ဗာရက်က ဒေဗောရကို အတူလိုက်ဖို့ ခေါ်နေ

သင်ခန်းစာ ၃၂

ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်

ယေဟောဝါလူမျိုးကို နှစ်အတော်ကြာ ဦးဆောင်ခဲ့တဲ့ ယောရှု အသက် ၁၁၀ မှာ သေဆုံးသွားတယ်။ သူ အသက်ရှင်နေသရွေ့ ယေဟောဝါကို အစ္စရေးတွေ ကိုးကွယ်တယ်။ ဒါပေမဲ့ ယောရှု မရှိတော့တဲ့အခါ ခါနန်လူမျိုးတွေလို ရုပ်တုတွေ ကိုးကွယ်လာတယ်။ အစ္စရေးတွေဟာ ယေဟောဝါနောက် မလိုက်တော့တဲ့အတွက် ခါနန်ဘုရင် ယာဘိန်ဟာ သူတို့ကို နှိပ်စက်တော့တယ်။ လူတွေက ယေဟောဝါဆီ အကူအညီတောင်းဆိုတဲ့အခါ ခေါင်းဆောင်အသစ် ဗာရက်ကို ကိုယ်တော် လွှတ်ပေးတယ်။ ဒီခေါင်းဆောင်က လူတွေကို ယေဟောဝါဆီ ပြန်လာစေမှာ ဖြစ်တယ်။

ပရောဖက်မ ဒေဗောရက ဗာရက်ကို လူလွှတ်ခေါ်ပြီး သူ့ကို ယေဟောဝါဆီက ဒီသတင်းကို ပေးတယ်။ ‘လူ ၁၀,၀၀၀ ကိုခေါ်ပြီး ချီတက်ပါ။ ကိရှုန်သဲချောင်းမှာ ယာဘိန်မင်းရဲ့ ဗိုလ်ချုပ် သိသရကို မင်းအနိုင်ရမယ်။’ ဒီအခါ ဒေဗောရကို ဗာရက်က ‘အစ်မ လိုက်မှ ကျွန်တော်သွားမယ်’ လို့ပြောတော့၊ ဒေဗောရက ‘ကောင်းပြီ၊ လိုက်ခဲ့မယ်။ ဒါပေမဲ့ သိသရကို မင်းသတ်ခွင့်ရမှာ မဟုတ်ဘူး။ ယေဟောဝါဘုရားက အမျိုးသမီးတစ်ယောက်ကို သတ်ခွင့်ပေးလိမ့်မယ်’ တဲ့။

စစ်တိုက်ဖို့ ပြင်ဆင်တဲ့အခါ ဒေဗောရက တာဗော်တောင်ကို ဗာရက်စစ်တပ်နဲ့ လိုက်သွားတယ်။ ဒီသတင်းကို သိသရ ကြားတာနဲ့ စစ်မြင်းရထားနဲ့ စစ်သည်အားလုံးကို တောင်ခြေက ချိုင့်ဝှမ်းမှာ စုလိုက်တယ်။ ဒီနောက် ဗာရက်ကို ဒေဗောရက ‘ဒီနေ့၊ ယေဟောဝါက မင်းကို စစ်နိုင်စေလိမ့်မယ်’ လို့ပြောတယ်။ ဗာရက်လည်း ပါလာတဲ့လူ ၁၀,၀၀၀ နဲ့အတူ သိသရရဲ့ အင်အားကြီးစစ်တပ်ကို တိုက်ခိုက်ဖို့ တောင်ပေါ်ကနေ ဆင်းလာတယ်။

အဲဒီအချိန်မှာ၊ ယေဟောဝါက ကိရှုန်ချောင်းကို ရေကြီးစေတဲ့အတွက် သိသရ စစ်မြင်းရထားတွေ ရွှံ့ဗွက်ထဲ နစ်ကုန်ရော။ နောက်ဆုံး၊ သိသရဟာ မြင်းရထားပေါ်က ဆင်းပြီး ခြေကျင် ထွက်ပြေးရတော့တယ်။ ဗာရက်နဲ့ သူ့စစ်သားတွေကြောင့် သိသရရဲ့စစ်သည်တွေ ကျဆုံးကုန်တယ်။ သိသရဟာ ထွက်ပြေးသွားပြီး ယေလရဲ့တဲမှာ ပုန်းနေတယ်။ ယေလက နို့တစ်ခွက်တိုက်ပြီး စောင်ခြုံပေးတယ်။ မောပန်းနေတဲ့ စစ်ဗိုလ်ချုပ် အိပ်မောကျသွားတဲ့အခါ ယေလက အနားကို အသာလေးသွားပြီး တဲငုတ်တိုင်ကို နားထင်ကနေ မြေကြီးထဲ စိုက်ဝင်တဲ့အထိ ရိုက်သွင်းလိုက်တယ်။ ဒါနဲ့ သူသေသွားတယ်။

ဗာရက်နဲ့ ဒေဗောရ ယေဟောဝါကို ချီးမွမ်းသီချင်းဆို

အဲဒီအချိန်မှာ သိသရကို လိုက်ရှာနေတဲ့ ဗာရက်ရောက်လာတော့ ယေလက ထွက်ကြိုပြီး ‘လာပါ။ ရှင်လိုက်ရှာနေတဲ့လူကို ကျွန်မပြမယ်’ တဲ့။ ဗာရက်က တဲထဲဝင်ကြည့်တဲ့အခါ သိသရ သေနေတာကို တွေ့လိုက်တယ်။ အစ္စရေးတွေ စစ်နိုင်လို့ ဒေဗောရနဲ့ ဗာရက်တို့က သီချင်းဆိုပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။ ဒါနဲ့ပဲ နောက်အနှစ် ၄၀ လုံးလုံး အစ္စရေးတွေ အေးအေးဆေးဆေး နေနိုင်ကြတယ်။

“သတင်းကောင်း ကြေညာတဲ့ အမျိုးသမီးတွေဟာ အတိုင်းမသိ များပြားတယ်။”—ဆာလံ ၆၈:၁၁

မေးခွန်း– အစ္စရေးတွေကို ဒေဗောရ ဘယ်လိုကူညီပေးသလဲ။ ယေလက ဘယ်လို သတ္တိပြခဲ့သလဲ။

တရားသူကြီး ၄:၁–၅:၃၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ