ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၈ စာ. ၁၁၆-စာ. ၁၁၇ ပိုဒ်. ၁
  • မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဇရတ်တမြို့က မုဆိုးမ ယုံကြည်ခြင်းကြောင့် ဆုချခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဧလိယကဲ့သို့သောယုံကြည်ခြင်း သင်၌ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဘုရားသခင်ဆီကနေ နှစ်သိမ့်မှုရရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၈ စာ. ၁၁၆-စာ. ၁၁၇ ပိုဒ်. ၁
ထင်းကောက်နေတဲ့ မုဆိုးမကို ဧလိယ လှမ်းခေါ်

သင်ခန်းစာ ၄၈

မုဆိုးမရဲ့သား အသက်ပြန်ရှင်လာ

ဂျုံအိုးနဲ့ ဆီအိုး

မိုးခေါင်နေချိန်မှာ ယေဟောဝါက ဧလိယကို ‘ဇရတ္တမြို့ကို သွားပါ။ မုဆိုးမတစ်ယောက်က မင်းကို ကျွေးမွေးလိမ့်မယ်’ လို့ပြောတယ်။ မြို့တံခါးနားမှာ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက် ထင်းကောက်နေတာ ဧလိယ တွေ့တယ်။ ရေတစ်ခွက်တိုက်ပါလို့ တောင်းလိုက်တယ်။ ရေသွားယူတဲ့အခါ ဧလိယက ‘မုန့်တစ်ချပ်ပါ ယူလာပေးပါလား’ လို့ပြောတော့ မုဆိုးမက ‘ကျွန်မမှာ ဘာမုန့်မှ မရှိဘူး။ ကျွန်မသားနဲ့ ကျွန်မစားဖို့ ဂျုံနည်းနည်းနဲ့ ဆီနည်းနည်းပဲ ရှိတယ်’ လို့ပြောတယ်။ ဧလိယက ‘ကျုပ်အတွက် မုန့်လုပ်ပေးရင် မိုးပြန်ရွာတဲ့အထိ မင်းရဲ့ဂျုံနဲ့ဆီ မကုန်စေရဘူးလို့ ယေဟောဝါ ကတိပေးတယ်’ လို့ ပြောတယ်။

ဒါနဲ့ မုဆိုးမက အိမ်ပြန်ပြီး ယေဟောဝါရဲ့ ပရောဖက်အတွက် မုန့်လုပ်ပေးတယ်။ ဒီနောက် ယေဟောဝါ ပြောတဲ့အတိုင်း မုဆိုးမနဲ့ သူ့သားဟာ မိုးခေါင်နေချိန်အတွင်းမှာ စားစရာ မပြတ်ခဲ့ဘူး။ ဂျုံနဲ့ဆီ အမြဲရှိခဲ့တယ်။

နောက်ပိုင်း အဖြစ်ဆိုးတစ်ခု ကြုံလိုက်ရတယ်။ မုဆိုးမရဲ့သားလေး အသည်းအသန်ဖျားပြီး ဆုံးသွားတယ်။ ဧလိယကို အကူအညီတောင်းတဲ့အခါ ဧလိယက မုဆိုးမရဲ့သားကို ပွေ့ပြီး သူ့အခန်းကို တက်သွားတယ်။ ကလေးကို ခုတင်ပေါ်တင်ပြီး ‘ယေဟောဝါ၊ ကလေးအသက်ပြန်ရှင်လာအောင် လုပ်ပေးပါ’ လို့ဆုတောင်းတယ်။ အဲဒီလို ယေဟောဝါ လုပ်ပေးမယ်ဆိုရင် ဘာလို့ အံ့ဩစရာဖြစ်မလဲ။ ဘာလို့လဲဆိုတော့ လူသေကနေ အသက်ပြန်ရှင်လာသူ တစ်ခါမှ မရှိဖူးဘူး။ ပြီးတော့ ဒီမုဆိုးမနဲ့ သူ့သားလေးက အစ္စရေးလူမျိုးလည်း မဟုတ်ဘူး။

ဒါပေမဲ့ ကလေး အသက်ပြန်ရှင်လာတယ်။ ဒါနဲ့ ဧလိယက မုဆိုးမကို ‘ကြည့်ပါ၊ ခင်ဗျားသား အသက်ပြန်ရှင်ပြီ’ လို့ ပြောတယ်။ သူ သိပ်ပျော်သွားပြီး ‘ရှင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့လူ၊ ယေဟောဝါရဲ့ ပရောဖက်ပဲ’ လို့ ဧလိယကို ပြောတယ်။

အသက်ပြန်ရှင်လာတဲ့ သားကို ဧလိယက မုဆိုးမကိုအပ်ပေး

“ကျီးအတွေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ မလုပ်ဘူး။ သူတို့မှာ ကျီတွေ၊ သိုလှောင်ခန်းတွေ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။”—လုကာ ၁၂:၂၄

မေးခွန်း– ဇရတ္တမြို့သူ မုဆိုးမဟာ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဘယ်လို ပြခဲ့သလဲ။ ဧလိယဟာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ပရောဖက်ဖြစ်မှန်း ဘယ်လိုသိရသလဲ။

၁ ဘုရင်များ ၁၇:၈-၂၄။ လုကာ ၄:၂၅၊ ၂၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ