ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆၆ စာ. ၁၅၆-စာ. ၁၅၇ ပိုဒ်. ၁
  • ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧဇရမှတ်စာမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင်၏သွန်သင်ခြင်းသည် ထိရောက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခက်ခဲချိန်မှာတောင် ယုံကြည်စိတ်ချမှု ရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • စေတနာစိတ်အပြည့်ရှိတဲ့ ကျေးကျွန်တွေကို ယေဟောဝါအလိုရှိ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆၆ စာ. ၁၅၆-စာ. ၁၅၇ ပိုဒ်. ၁
လူထုရင်ပြင်မှာ ဧဇရဟာ ယေဟောဝါကိုချီးမွမ်းတာကို သဘောတူတဲ့အနေနဲ့ လူတွေ လက်ဖြန့်နေကြ

သင်ခန်းစာ ၆၆

ဘုရားသခင့်ပညတ်တွေကို ဧဇရ သင်ပေး

အစ္စရေးလူအများစု ဂျေရုဆလင်မြို့ကို ပြန်သွားတာ အနှစ် ၇၀ ကြာနေပြီ။ ဒါပေမဲ့ တချို့ကတော့ ပါးရှားအင်ပါယာ နယ်မြေတချို့မှာ နေကြတုန်းပဲ။ သူတို့ထဲက တစ်ယောက်က ယေဟောဝါရဲ့ ပညတ်တွေကို သင်ပေးတဲ့ ပုရောဟိတ် ဧဇရပဲ။ ဂျေရုဆလင်မြို့က လူတွေဟာ ဘုရားပညတ်ကို မလိုက်နာကြမှန်း ဧဇရသိသွားတဲ့အခါ ပြန်သွားပြီး ကူညီပေးချင်တယ်။ ဒါနဲ့ ပါးရှားဘုရင် အာတဇေရဇ်က ‘ဘုရားက မင်းကို ဉာဏ်ပညာပေးလို့ ကိုယ်တော့်ပညတ်ကို မင်းသွန်သင်ပေးနိုင်တာ။ သွားပါ၊ လိုက်ချင်တဲ့သူတွေကိုလည်း ခေါ်သွားပါ’ လို့ခွင့်ပေးတယ်။ ဧဇရလည်း ဂျေရုဆလင်မြို့ကို ပြန်ချင်သူတွေနဲ့ တွေ့ဆုံတယ်။ ခရီးတစ်လျှောက် အန္တရာယ်ကင်းဖို့ ဆုတောင်းပြီး ထွက်လာကြတယ်။

လေးလကြာပြီးနောက် ဂျေရုဆလင်မြို့ကို ရောက်သွားတယ်။ ဂျူးခေါင်းဆောင်တွေဟာ ဧဇရဆီလာပြီး ‘အစ္စရေးတွေဟာ ဘုရားစကား နားမထောင်ဘူး။ မှားယွင်းတဲ့ဘုရားတွေကို ဝတ်ပြုတဲ့ မိန်းမတွေနဲ့ လက်ထပ်ကြတယ်’ လို့ပြောတယ်။ ဒါနဲ့ ဧဇရ ဘာလုပ်သလဲ။ လူတွေရှေ့မှာ ဒူးထောက်ပြီး ဒီလိုဆုတောင်းတယ်– ‘ယေဟောဝါဘုရား၊ ကျွန်တော်တို့အတွက် ကိုယ်တော်အများကြီး လုပ်ပေးပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ်တော့်ကို ပြစ်မှားကြပါပြီ။’ လူတွေဟာ နောင်တရပေမဲ့ မှန်တာကို မလုပ်ကြသေးဘူး။ ဧဇရဟာ အကြီးအကဲတွေ၊ တရားသူကြီးတွေကို ရွေးချယ်ပြီး အဲဒီကိစ္စကို စုံစမ်းခိုင်းတယ်။ နောက်သုံးလအတွင်းမှာ ယေဟောဝါကို ဝတ်မပြုသူတွေကို နှင်ထုတ်လိုက်တယ်။

တစ်ဆယ့်နှစ်နှစ် ကြာသွားပြီ။ ဒီအတောအတွင်း ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်ကြတယ်။ ဧဇရဟာ လူထုရင်ပြင်မှာ လူတွေကို စုဝေးစေပြီး ဘုရားသခင့်ပညတ်ကို ဖတ်ပြတယ်။ ပညတ်ကျမ်းကို ဧဇရ ဖွင့်တဲ့အခါ လူတွေ မတ်တတ်ရပ်နေကြတယ်။ ယေဟောဝါကို ဧဇရ ချီးမွမ်းတဲ့အခါ လူတွေက သဘောတူကြောင်း ကောင်းကင်ဘက် လက်ဖြန့်ပြီး တင်ပြကြတယ်။ ပညတ်ကျမ်းကို ဧဇရဖတ်ပြီး ရှင်းပြတဲ့အခါ လူတွေ အာရုံစိုက်နားထောင်ကြတယ်။ ယေဟောဝါကို ပြစ်မှားမိပြန်ပြီလို့ ဝန်ခံပြီး ငိုကြွေးကြတယ်။ နောက်တစ်နေ့မှာ ဧဇရဟာ နောက်ထပ်ပညတ်တွေကို ဖတ်ပြပြန်တယ်။ တဲနေပွဲ ကျင်းပရတော့မယ်ဆိုတာ သူတို့ သိသွားတယ်။ ချက်ချင်းပဲ ပွဲတော်အတွက် စပြင်ဆင်ကြတော့တယ်။

ပွဲနေ့ခုနစ်ရက်အတွင်း လူတွေ ပျော်ရွှင်ကြပြီး သီးထွက်ကောင်းတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။ ယောရှုအချိန်မှာ ဒီလိုတဲနေပွဲမျိုးကို နောက်ဆုံးကျင်းပခဲ့ကြတာ။ ပွဲတော်ပြီးလို့ လူတွေ စုဝေးတဲ့အခါ ဧဇရ ဒီလိုဆုတောင်းတယ်- ‘ယေဟောဝါဟာ ကျွန်ဘဝကနေ ကျွန်တော်တို့ကို ကယ်တင်တယ်၊ တောကန္တာရမှာ ကျွေးမွေးတယ်၊ ဒီပြည်ကိုလည်း ပေးတယ်။ ဒါပေမဲ့ ကိုယ်တော့်ကို ထပ်ခါထပ်ခါ ပြစ်မှားနေကြတယ်။ ပရောဖက်တွေလွှတ်ပြီး သတိပေးပေမဲ့ နားမထောင်ကြဘူး။ ဒါတောင်မှ၊ ကိုယ်တော် စိတ်ရှည်တုန်းပဲ။ အာဗြဟံကို ကိုယ်တော် ပေးခဲ့တဲ့ကတိ မပျက်ဘူး။ အခု ကိုယ်တော့်စကား နားထောင်ပါ့မယ်လို့ ကတိပေးပါတယ်။’ ကတိခံဝန်ချက်ကို ချရေးပြီး မှူးမတ်တွေ၊ လေဝိသားတွေနဲ့ ပုရောဟိတ်တွေက တံဆိပ်ခတ်ကြတယ်။

“ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်။” —လုကာ ၁၁:၂၈

မေးခွန်း– ဂျေရုဆလင်မြို့ကို စုဝေးလာတဲ့ အစ္စရေးတွေကို ဧဇရ ဘာသင်ပေးသလဲ။ လူတွေ ဘာကတိပေးသလဲ။

ဧဇရ ၇:၁-၂၈။ ၈:၂၁-၂၃၊ ၃၁၊ ၃၂။ ၉:၁–၁၀:၁၉။ နေဟမိ ၈:၁-၁၈။ ၉:၁-၃၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ