ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆၇ စာ. ၁၅၈-စာ. ၁၅၉ ပိုဒ်. ၁
  • ဂျေရုဆလင်မြို့ရိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျေရုဆလင်မြို့ရိုး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်မြို့ရိုးအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • နေဟမိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “အကောင်းအားဖြင့် အဆိုးကိုနိုင်လော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ‘အိုဘုရားသခင် ဤအမှုအရာအပေါင်းကို သတိရတော်မူပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆၇ စာ. ၁၅၈-စာ. ၁၅၉ ပိုဒ်. ၁
နေဟမိက ဂျေရုဆလင်မြို့ရိုး ပြန်တည်ဆောက်တာနဲ့ အစောင့်ချတာကို ညွှန်ကြား

သင်ခန်းစာ ၆၇

ဂျေရုဆလင်မြို့ရိုး

နေဟမိဟာ ပါးရှားပြည်၊ ရှုရှန်မြို့မှာနေတဲ့ အစ္စရေးလူမျိုးဖြစ်ပြီး ဘုရင်အာတဇေရဇ်ရဲ့ အမှုထမ်းဖြစ်တယ်။ ယုဒပြည်ကနေ နေဟမိရဲ့အစ်ကို ရောက်လာပြီး ဒီသတင်းဆိုးပြောပြတယ်– ‘ဂျေရုဆလင်မြို့ကို ပြန်သွားတဲ့သူတွေ မလုံခြုံကြဘူး။ ဗာဗုလုန်တွေဖျက်ဆီးလိုက်တဲ့ မြို့ရိုးတွေနဲ့ မြို့တံခါးတွေကိုလည်း ပြန်မဆောက်ရသေးဘူး။’ နေဟမိ စိတ်မကောင်းဖြစ်သွားတယ်။ ဂျေရုဆလင်မြို့ကိုပြန်ပြီး ကူညီပေးချင်လို့ ဘုရင့်ခွင့်ပြုချက်ရဖို့ ဆုတောင်းခဲ့တယ်။

နေဟမိ စိတ်မကောင်းဖြစ်နေတာကို ဘုရင်သတိထားမိတယ်။ ‘မင်းအရင်က ဒီလိုမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ’ လို့မေးတော့ နေဟမိက ‘ဂျေရုဆလင်မြို့ ပျက်စီးနေတော့ ဘယ်ပျော်နိုင်ပါ့မလဲ’ လို့ ပြန်ဖြေတယ်။ ဘုရင်က ‘ငါ ဘာလုပ်ပေးရမလဲ’ လို့မေးတော့ နေဟမိက ချက်ချင်း အသံတိတ် ဆုတောင်းလိုက်တယ်။ ပြီးတော့ ‘မြို့ရိုးပြန်ဆောက်ဖို့ ဂျေရုဆလင်ကို ပြန်ခွင့်ပေးပါ’ လို့ ခွင့်တောင်းတယ်။ ဘုရင်အာတဇေရဇ်က သွားခွင့်ပေးပြီး ခရီးတစ်လျှောက် လုံခြုံဖို့ စီစဉ်ပေးလိုက်တယ်။ နေဟမိကို ယုဒပြည် ဘုရင်ခံအဖြစ်ခန့်ပြီး မြို့ဂိတ်တံခါးတွေအတွက် သစ်သားတွေကိုလည်း ပေးလိုက်တယ်။

နေဟမိ ဂျေရုဆလင်မြို့ ပြန်ရောက်တဲ့အခါ မြို့ရိုးတွေကို စစ်ဆေးတယ်။ ပြီးတော့ ပုရောဟိတ်တွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ‘အခြေအနေ တော်တော်ဆိုးတာပဲ။ ချက်ချင်း အလုပ်စဖို့လိုတယ်’ ဆိုပြီးပြောတော့ လူတွေ သဘောတူကြတယ်။ ဒါနဲ့ မြို့ရိုးကို စဆောက်ကြတယ်။

ဒါပေမဲ့ အစ္စရေးလူမျိုးရဲ့ ရန်သူတချို့က ‘မင်းတို့ဆောက်နေတဲ့ မြို့ရိုးဟာ မြေခွေးတက်ရင်တောင် ပြိုမှာ’ ဆိုပြီး လှောင်ပြောင်တယ်။ ဆောက်လုပ်နေသူတွေဟာ လှောင်ပြောင်တာကို ဂရုမစိုက်ဘဲ ဆက်ဆောက်ကြတယ်။ တဖြည်းဖြည်းနဲ့ ခိုင်ခံ့တဲ့မြို့ရိုး ရုပ်လုံးပေါ်လာတယ်။

ရန်သူတွေဟာ အရပ်ရပ်ကလာပြီး ဂျေရုဆလင်မြို့ကို ရုတ်တရက်တိုက်ခိုက်ဖို့ ကြံစည်တယ်။ ဒီသတင်းကို ကြားတဲ့အခါ ဂျူးတွေ ကြောက်ကုန်ကြတယ်။ ဒါပေမဲ့ နေဟမိက ‘မကြောက်ကြနဲ့။ ယေဟောဝါ ငါတို့နဲ့အတူရှိတယ်’ လို့အားပေးတယ်။ ဆောက်လုပ်နေသူတွေကို ကာကွယ်ပေးဖို့ အစောင့်တွေ ချထားပေးတဲ့အတွက် ရန်သူတွေ တိုက်ခိုက်လို့မရဘူး။

၅၂ ရက်တည်းနဲ့ မြို့ရိုးတွေနဲ့ ဂိတ်တံခါးတွေကို အပြီးအစီး ဆောက်လုပ်နိုင်ခဲ့ကြတယ်။ နေဟမိဟာ အပ်နှံပွဲအတွက် လေဝိသားအားလုံးကို ဂျေရုဆလင်မြို့ဆီ လာဖို့ခေါ်လိုက်တယ်။ သူတို့ကို သီချင်းသည်နှစ်ဖွဲ့ ဖွဲ့လိုက်တယ်။ ဒီအဖွဲ့နှစ်ဖွဲ့က စမ်းရေတွင်းတံခါး လှေကားကနေ မြို့ရိုးပေါ်တက်သွားပြီး လက်ယာရစ်၊ လက်ဝဲရစ် ချီတက်ကြတယ်။ ချီတက်နေရင်း တံပိုး၊ လင်းကွင်း၊ စောင်းတွေ တီးခတ်ပြီး ယေဟောဝါကို ချီးမွမ်းသီချင်း ဆိုကြတယ်။ တစ်ဖွဲ့ကို ဧဇရ၊ နောက်တစ်ဖွဲ့ကို နေဟမိ ဦးဆောင်ပြီး ဗိမာန်တော်မှာ ပြန်ဆုံကြတယ်။ ယောက်ျား၊ မိန်းမ၊ ကလေးပါမကျန် အားလုံးဟာ ယေဟောဝါကို ပူဇော်သက္ကာတွေ ဆက်သပြီး ပွဲခံကြတယ်။ ရွှင်လန်းဝမ်းမြောက်နေတဲ့ သူတို့ရဲ့အသံကို အဝေးကြီးကတောင် ကြားရတယ်။

“မင်းကိုတိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။”—ဟေရှာယ ၅၄:၁၇

မေးခွန်း– နေဟမိ ဘာလို့ ဂျေရုဆလင်မြို့ကို သွားတာလဲ။ ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်တာ ဘယ်လောက်ကြာသလဲ။

နေဟမိ ၁:၁-၁၁။ ၂:၁-၂၀။ ၄:၁-၂၃။ ၅:၁၄။ ၆:၁-၁၉။ ၁၂:၂၇-၄၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ