ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈၃ စာ. ၁၉၃-စာ. ၁၉၅ ပိုဒ်. ၁
  • ယေရှု လူထောင်နဲ့ချီကို ကျွေးမွေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု လူထောင်နဲ့ချီကို ကျွေးမွေး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ လူထောင်ချီကို ကျွေးမွေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ထောင်နှင့်ချီသောလူအုပ်အား အံ့ဖွယ်နည်းဖြင့်ယေရှုကျွေးမွေး
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့ မုန့်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေရှု လူအများကြီးကိုအစာကျွေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈၃ စာ. ၁၉၃-စာ. ၁၉၅ ပိုဒ်. ၁
လူအုပ်ကြီးကို တမန်တော်တွေ အစာဝေပေးနေ

သင်ခန်းစာ ၈၃

ယေရှု လူထောင်နဲ့ချီကို ကျွေးမွေး

အေဒီ ၃၂၊ ပသခါပွဲ မတိုင်ခင်လေးမှာ တမန်တော်တွေဟာ လှည့်လည်ဟောပြောပြီး ပြန်ရောက်လာတယ်။ သူတို့ အတော်လေး မောနေကြလို့ အနားယူရအောင် ဗက်ဇဲဒမြို့ကို ယေရှု လှေနဲ့ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ လူထောင်နဲ့ချီ လိုက်လာတာကို ယေရှုမြင်တယ်။ တမန်တော်တွေနဲ့ပဲ ယေရှု နေချင်ပေမဲ့ လူတွေကို ကြင်ကြင်နာနာ ကြိုဆိုတယ်။ ပါလာတဲ့လူနာတွေကို ယေရှု ကုပေးပြီး စဟောတော့တယ်။ တစ်နေ့လုံး ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ပေးတယ်။ ညနေစောင်းတော့ တမန်တော်တွေက ‘သူတို့ ဆာနေမှာပဲ။ အစာစားဖို့ ပြန်လွှတ်လိုက်ပါ’ လို့ပြောတယ်။

ယေရှုကို လူငယ်လေးက မုန့်နဲ့ငါး ထည့်ထားတဲ့ ခြင်းပေး

ယေရှုက ‘သူတို့ သွားစရာ မလိုပါဘူး။ အစာကျွေးလိုက်ပါ’ လို့ပြောတော့ တမန်တော်တွေက ‘သူတို့အတွက် အစားအစာ သွားဝယ်ပေးရမှာလား’ လို့မေးတယ်။ တမန်တော် ဖိလိပ္ပုက ‘ပိုက်ဆံအများကြီး ရှိရင်တောင် ဒီလူအုပ်အတွက် စားစရာ အလုံအလောက် ဝယ်လို့ရမှာ မဟုတ်ဘူး’ လို့ပြောတယ်။

ယေရှုက ‘ငါတို့မှာ အစားအစာ ဘယ်လောက်ရှိသလဲ’ လို့ မေးတော့ အန္ဒြေက ‘မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတယ်။ ဘယ်လိုလုပ် လောက်နိုင်မှာလဲ’ တဲ့။ ဒါနဲ့ ယေရှုက ‘အဲဒီမုန့်နဲ့ ငါးကို ယူလာပါ’ လို့ပြောတယ်။ မြက်ခင်းပေါ်မှာ လူတွေကို ၅၀ စီ၊ ၁၀၀ စီ အုပ်စုဖွဲ့ ထိုင်ခိုင်းပြီး မုန့်နဲ့ ငါးကို ယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။ အဲဒီနောက် စားစရာကို တမန်တော်တွေဆီ ပေးလိုက်ပြီး သူတို့က လူတွေကို ဝေပေးတယ်။ ယောက်ျား ၅,၀၀၀၊ မိန်းမတွေ၊ ကလေးတွေပါ အဝစားပြီးတော့ စားကြွင်းစားကျန်တွေကို လိုက်ကောက်သိမ်းတဲ့အခါ တောင်း ၁၂ လုံး အပြည့်ရတယ်။ တကယ် အံ့သြစရာ ကောင်းတယ် မဟုတ်လား။

လူတွေက ယေရှုကို အထင်ကြီးပြီး ဘုရင်မြှောက်ချင်ကြတယ်။ ဒါပေမဲ့ ဘုရင်ဖြစ်ဖို့ အချိန်မတန်သေးမှန်း ယေရှု သိတယ်။ ဒါကြောင့် လူအုပ်ကို ပြန်ခိုင်းပြီး တမန်တော်တွေကို ဂါလိလဲအိုင် တစ်ဖက်ကမ်းကို သွားနှင့်ဖို့ မှာတယ်။ တမန်တော်တွေ လှေစီးပြီး ထွက်သွားတဲ့အခါ ယေရှု တောင်ပေါ် တက်သွားတယ်။ ဘာကြောင့်လဲ သိလား။ သူ့အဖေဆီ ဆုတောင်းချင်လို့။ ယေရှုဟာ ဘယ်လောက်ပဲ အလုပ်များနေပါစေ ဆုတောင်းဖို့ အချိန်ပေးတယ်။

“ပျက်စီးတတ်တဲ့အစာကို မဟုတ်ဘဲ ထာဝရအသက်ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ။ လူသားက ခင်ဗျားတို့ကို အဲဒီအစာ ပေးလိမ့်မယ်။” —ယောဟန် ၆:၂၇

မေးခွန်း– ယေရှုဟာ လူတွေကို ဂရုစိုက်မှန်း ဘယ်လိုပြသလဲ။ ဒါက ယေဟောဝါအကြောင်း ဘာသိရသလဲ။

မဿဲ ၁၄:၁၄-၂၂။ လုကာ ၉:၁၀-၁၇။ ယောဟန် ၆:၁-၁၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ