ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈၂ စာ. ၁၉၂-စာ. ၁၉၃ ပိုဒ်. ၂
  • ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုဆီ ဆုတောင်းလို့ရသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈၂ စာ. ၁၉၂-စာ. ၁၉၃ ပိုဒ်. ၂
ဖာရိရှဲတစ်ယောက် လူဘုံလည်မှာ ဆုတောင်းနေတာကို လူတွေ ရပ်ကြည့်နေ

သင်ခန်းစာ ၈၂

ယေရှုက တပည့်တွေကို ဆုတောင်းတတ်ဖို့ သင်ပေး

ဖာရိရှဲတွေ လုပ်သမျှဟာ လူအထင်ကြီးခံချင်လို့ပဲ။ လူတွေ သတိထားမိအောင် သနားကြင်နာကြတယ်။ ဆုတောင်းချက် အရှည်ကြီးတွေကို အလွတ်ကျက်ထားပြီး လူအများကြီးရှိတဲ့ တရားဇရပ်တွေ၊ လမ်းဆုံလမ်းဝတွေမှာ ထပ်ခါထပ်ခါ အသံကျယ်ကျယ် ရွတ်ဆိုတယ်။ ဒါကြောင့် ယေရှုက ‘ဖာရိရှဲတွေလို ဆုမတောင်းနဲ့။ စကားလုံး အများကြီးသုံးမှ ဘုရား သဘောကျမယ်လို့ သူတို့ထင်တယ်။ အဲဒီလိုမဟုတ်ဘူး။ ဆုတောင်းတယ်ဆိုတာ နှစ်ကိုယ်ကြားပဲ။ တစ်မျိုးတည်း ထပ်ခါထပ်ခါ မပြောနဲ့။ ယေဟောဝါက ကိုယ့်ခံစားချက်အတိုင်း ဆုတောင်းတာကို ကြိုက်တယ်။

လူငယ်လေး ဒူးထောက်ဆုတောင်းနေ

‘ဒီလို ဆုတောင်းရမယ်– “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။”’ ဒီနေ့အတွက် အစာကို ပေးဖို့၊ အပြစ်တွေကို ခွင့်လွှတ်ဖို့နဲ့ ကိုယ့်ကိစ္စတွေအတွက် ဆုတောင်းလို့ရတယ်ဆိုပြီး ယေရှုပြောတယ်။

‘တောင်းမြဲတောင်းပါ။ ကောင်းတဲ့အရာတွေကိုပေးဖို့ အဖယေဟောဝါကို တောင်းနေပါ။ ဘယ်မိဘမဆို ကိုယ့်ကလေးကို အကောင်းတွေပဲ ပေးချင်တာ။ သားက မုန့်ကိုတောင်းရင် မိဘက ကျောက်ခဲ ပေးပါ့မလား။ ငါးကိုတောင်းရင် မြွေကို ပေးပါ့မလား’ လို့ ယေရှုပြောတယ်။

ပြီးတော့ ဒီလိုရှင်းပြတယ်- ‘ခင်ဗျားက ကလေးတွေကို ကောင်းတဲ့အရာတွေ ပေးတတ်ရင် အဖယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်ကို ပေးမယ် မဟုတ်လား။ ဆုတောင်းဖို့ပဲ လိုတာ။’ ယေရှုပြောတဲ့အတိုင်း ဆုတောင်းနေကြသလား။ ဆုတောင်းတဲ့အခါ ဘာတွေထည့်တောင်းသလဲ။

“တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။”—မဿဲ ၇:၇

မေးခွန်း– တပည့်တွေ ဆုတောင်းတတ်ဖို့ ယေရှု ဘယ်လို သင်ပေးသလဲ။ ကိုယ့်အတွက် အရေးကြီးတာတွေကို ထည့်ဆုတောင်းသလား။

မဿဲ ၆:၂-၁၈။ ၇:၇-၁၁။ လုကာ ၁၁:၁၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ