ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈၅ စာ. ၁၉၈-စာ. ၁၉၉ ပိုဒ်. ၁
  • ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခေါင်းမာလှသော ဖာရိရှဲတို့၏ မယုံကြည်မှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဝမ်းတွင်းပါ မျက်မမြင်တစ်ဦးအား စက္ခုအလင်းရစေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈၅ စာ. ၁၉၈-စာ. ၁၉၉ ပိုဒ်. ၁
မွေးရာပါ မျက်စိမမြင်တဲ့လူကို ဖာရိရှဲတွေ မေးမြန်း

သင်ခန်းစာ ၈၅

ယေရှု ဥပုသ်နေ့မှာ ရောဂါကုပေး

ယေရှုကို ဖာရိရှဲတွေ မုန်းလွန်းလို့ သူ့ကိုဖမ်းဖို့ အကြောင်းရှာနေကြတယ်။ ဥပုသ်နေ့မှာ ရောဂါမကုပေးသင့်ဘူးလို့ သူတို့ပြောတယ်။ ဒါပေမဲ့ ဥပုသ်နေ့တစ်နေ့၊ လမ်းဘေးမှာ တောင်းစားနေတဲ့ မျက်မမြင်တစ်ယောက်ကို ယေရှုတွေ့လိုက်တော့ ‘ဘုရားသခင်ရဲ့ တန်ခိုးက ဒီလူကို ဘယ်လို ကူညီပေးမယ်ဆိုတာ ကြည့်လိုက်ပါ’ လို့ တပည့်တွေကို ပြောတယ်။ အဲဒီနောက် မြေပေါ် တံတွေးထွေးပြီး တံတွေးနဲ့ ရွှံ့ဖြစ်အောင် လုပ်တယ်။ ဒီရွှံ့ကို အဲဒီလူရဲ့ မျက်စိပေါ်မှာ လိမ်းပေးပြီး ‘ရှိလောင်ရေကန်မှာ သွားဆေးလိုက်ပါ’ လို့ပြောတယ်။ မျက်မမြင်လည်း သွားဆေးလိုက်တော့ သူ့ဘဝမှာ ပထမဦးဆုံးအကြိမ် မျက်စိမြင်လာတယ်။

လူတွေ အတော်လေး အံ့သြသွားကြတယ်။ သူတို့က ‘ဒီလူဟာ ထိုင်ပြီးတောင်းစားနေတဲ့သူ မဟုတ်လား။ ဒါမှမဟုတ် သူနဲ့တူတဲ့ လူများလား’ လို့ပြောနေကြတယ်။ သူကိုယ်တိုင်ကတော့ ‘ကျွန်တော်ဟာ မွေးရာပါ မျက်စိမမြင်တဲ့လူပါ’ လို့ ဝန်ခံတယ်။ ဒါနဲ့ လူတွေက ‘ဒီလိုဆိုရင် မင်း ဘယ်လိုလုပ် မျက်စိမြင်လာတာလဲ’ လို့မေးတော့ အဖြစ်အပျက်ကို သူ ပြောပြတယ်။ အဲဒီအခါ သူ့ကို ဖာရိရှဲတွေဆီ ခေါ်သွားတယ်။

ဖာရိရှဲတွေကို အဲဒီလူက ‘ကျွန်တော့်မျက်စိကို ယေရှု ရွှံ့လိမ်းပေးပြီး သွားဆေးခိုင်းတယ်။ ဆေးပြီးတာနဲ့ မြင်လာတာပဲ’ လို့ ပြောပြတယ်။ ဖာရိရှဲတွေက ‘ယေရှုဟာ ဥပုသ်နေ့မှာ ရောဂါကုတယ်ဆိုတော့ သူ့တန်ခိုးက ဘုရားဆီကလာတာ မဖြစ်နိုင်ဘူး’ လို့ပြောတယ်။ တချို့ကျတော့လည်း ‘သူ့တန်ခိုးဟာ ဘုရားဆီကလာတာ မဖြစ်နိုင်ဘူးဆိုရင် သူ ရောဂါကုပေးနိုင်မှာ မဟုတ်ဘူး’ လို့ပြောကြတယ်။

ဖာရိရှဲတွေက အဲဒီလူရဲ့ မိဘတွေကို ခေါ်ပြီး ‘ခင်ဗျားတို့ရဲ့သားက ဘယ်လိုလုပ် မျက်စိပြန်မြင်လာတာလဲ’ လို့မေးတယ်။ ယေရှုကိုယုံကြည်တဲ့ ဘယ်သူ့ကိုမဆို တရားဇရပ်ကနေ နှင်ထုတ်မယ်လို့ ဖာရိရှဲတွေ ပြောထားလို့ မိဘတွေက ကြောက်ပြီး ‘မသိပါဘူး။ သူ့ကိုသာ မေးကြည့်လိုက်ပါ’ လို့ပြောတယ်။ မျက်မမြင်ဖြစ်ခဲ့ဖူးသူက ‘ကျွန်တော် ပြောပြီးပြီပဲ။ ဘာလို့ဆက်မေးနေကြတာလဲ’ လို့ပြောတဲ့အထိ သူ့ကို ဖာရိရှဲတွေ အထပ်ထပ်မေးနေကြတာ။ နောက်ဆုံး ဖာရိရှဲတွေ စိတ်ဆိုးဆိုးနဲ့ သူ့ကို မောင်းထုတ်လိုက်ကြတယ်။

ယေရှု သူ့ဆီသွားပြီး ‘မေရှိယကို ယုံကြည်သလား’ လို့မေးတော့ ‘သူ ဘယ်သူလဲဆိုတာကိုသိရင် ကျွန်တော် ယုံကြည်မှာပါ’ လို့ ပြန်ဖြေတယ်။ ယေရှုက ‘ကျွန်တော်ဟာ မေရှိယပဲ’ လို့ပြောပြတယ်။ ယေရှုဟာ သနားကြင်နာတတ်သူပါပဲ။ အဲဒီလူကို မျက်စိပြန်မြင်စေတဲ့အပြင် ယုံကြည်သူဖြစ်လာဖို့လည်း ကူညီပေးတယ်။

“ခင်ဗျားတို့ မှားနေပြီ။ ကျမ်းစကားကိုရော ဘုရားသခင်ရဲ့တန်ခိုး လုပ်ဆောင်ပုံကိုပါ နားမလည်ကြဘဲကိုး။” —မဿဲ ၂၂:၂၉

မေးခွန်း– မျက်စိမမြင်တဲ့လူကို ယေရှု ဘယ်လို ကူညီပေးသလဲ။ ယေရှုကို ဖာရိရှဲတွေ ဘာကြောင့် မုန်းတာလဲ။

ယောဟန် ၉:၁-၄၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ