ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈၈ စာ. ၂၀၆
  • ယေရှုကို ဖမ်းဆီးကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ဖမ်းဆီးကြ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သစ္စာဖောက်ခြင်းနှင့် ဖမ်းဆီးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဥယျာဉ်ထဲမှာ ယေရှုရှိနေတုန်းကအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈၈ စာ. ၂၀၆
ဂေသရှေမန်ဥယျာဉ်မှာ ယေရှုကို ယုဒ သစ္စာဖောက်

သင်ခန်းစာ ၈၈

ယေရှုကို ဖမ်းဆီးကြ

ယေရှုနဲ့ တမန်တော်တွေဟာ ကိဒြုန်ချိုင့်ဝှမ်းကို ဖြတ်ပြီး သံလွင်တောင်ပေါ် တက်သွားကြတယ်။ အဲဒီအချိန်က သန်းခေါင်းကျော်ပြီ။ လပြည့်ညလည်း ဖြစ်တယ်။ ဂေသရှေမန်ဥယျာဉ်ကို ရောက်တဲ့အခါ ယေရှုက သူတို့ကို “ဒီမှာ နေခဲ့ကြဦး။ သတိနဲ့စောင့်နေကြပါ” လို့ပြောတယ်။ ပြီးတော့ ရှေ့နားလေး ဆက်သွားပြီး ပျပ်ဝပ်ရင်း “အဖရဲ့ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ဆုတောင်းတယ်။ အဲဒီနောက် ယေဟောဝါက ယေရှုကို အားပေးဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်လိုက်တယ်။ တမန်တော်တွေဆီ ယေရှု ပြန်သွားတဲ့အခါ သုံးယောက်သား အိပ်နေတာကို မြင်လိုက်တယ်။ ဒါနဲ့ ယေရှုက ‘ထကြတော့။ ဒီအချိန်ဟာ အိပ်နေရမယ့်အချိန် မဟုတ်ဘူး။ ကျွန်တော့်ကို ရန်သူလက်ထဲ အပ်မယ့်အချိန် ရောက်ပြီ’ လို့ပြောတယ်။

ယုဒကို ငွေထုပ်ပေး

မကြာခင်မှာပဲ တုတ်တွေ၊ ဓါးတွေကိုင်လာတဲ့ လူအုပ်ကို ယုဒ ဦးဆောင်ပြီး ရောက်လာတယ်။ ဒီဥယျာဉ်ကို လာနေကျဆိုတော့ ယေရှု ဘယ်မှာရှိမယ်ဆိုတာ သူသိတယ်။ ယေရှုဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပြပေးမယ်လို့ စစ်သားတွေကို သူပြောထားတယ်။ ယေရှုဆီ သူတန်းသွားပြီး “ဆရာ၊ မင်္ဂလာပါ” ဆိုပြီး နမ်းလိုက်တယ်။ ဒါနဲ့ ယေရှုက ‘ယုဒ၊ ကျွန်တော့်ကိုနမ်းပြီး သစ္စာဖောက်လိုက်တာပေါ့’ လို့ပြောလိုက်တယ်၊။

ဒီနောက် ယေရှု ရှေ့တိုးပြီး “ဘယ်သူ့ကို ရှာနေတာလဲ” လို့ လူအုပ်ကို မေးလိုက်တယ်။ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ သူတို့ဖြေတော့ ယေရှုက “ကျွန်တော်ဟာ ယေရှုပဲ” လို့ပြောတာနဲ့ လူတွေက နောက်ကိုဆုတ်ပြီး လဲကျကုန်တယ်။ လူအုပ်ကို ယေရှု နောက်တစ်ကြိမ် ဒီလိုထပ်မေးတယ်- “ဘယ်သူ့ကို ရှာနေတာလဲ။” ဒါနဲ့ သူတို့က “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ ပြန်ဖြေတော့ ယေရှုက “ကျွန်တော်ဟာ ယေရှုပါလို့ ပြောပြီးပြီပဲ။ ကျွန်တော့်ကို ရှာနေတာဆိုရင် သူတို့တွေ သွားပါစေ” လို့ပြောတယ်။

ဘာဖြစ်နေမှန်း ပေတရု ရိပ်မိတဲ့အခါ ပါလာတဲ့ဓားကို ဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ကျွန် မာလခုကို ခုတ်လိုက်တာ နားရွက်ပြတ်သွားတယ်။ ယေရှုက ချက်ချင်းပဲ နားကိုတို့ပြီး ကုပေးလိုက်တယ်။ ပြီးတော့ ပေတရုကို “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကိုကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်” လို့ပြောတယ်။ ဒီနောက် စစ်သားတွေက ယေရှုကို ဖမ်းဆီးပြီး လက်တွေကို ချည်နှောင်လိုက်တယ်။ တမန်တော်တွေကတော့ ထွက်ပြေးကုန်တယ်။ လူအုပ်က ယေရှုကို ပုရောဟိတ်မင်း အန္နတ်ဆီခေါ်သွားပြီး စစ်ဆေးမေးမြန်းတယ်။ အန္နတ်က ယေရှုကို ပုရောဟိတ်မင်း ကယာဖအိမ်ကို ပို့လိုက်ပြန်တယ်။ တမန်တော်တွေ ဘာဖြစ်သွားလဲ သိလား။

“ဒီလောကမှာ ခင်ဗျားတို့ ဆင်းရဲဒုက္ခခံရလိမ့်မယ်။ ဒါပေမဲ့ သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ။” —ယောဟန် ၁၆:၃၃

မေးခွန်း– ဂေသရှေမန်ဥယျာဉ်မှာ ဘာဖြစ်ခဲ့သလဲ။ အဲဒီညမှာ ယေရှုလုပ်ခဲ့တာတွေကနေ ဘာသင်ယူနိုင်သလဲ။

မဿဲ ၂၆:၃၆-၅၇။ မာကု ၁၄:၃၂-၅၀။ လုကာ ၂၂:၃၉-၅၄။ ယောဟန် ၁၈:၁-၁၄၊ ၁၉-၂၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ