ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၈၉ စာ. ၂၀၈-စာ. ၂၀၉ ပိုဒ်. ၁
  • ယေရှုကို ပေတရု ငြင်းပယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ပေတရု ငြင်းပယ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေရှုကို ပေတရုငြင်းပယ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အာနတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • လာဇရု ရှင်ပြန်ထမြောက် လာသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၈၉ စာ. ၂၀၈-စာ. ၂၀၉ ပိုဒ်. ၁
ကယာဖရဲ့ အိမ်ခြံဝင်းထဲမှာ ပေတရုက ယေရှုကို မသိဘူးလို့ ငြင်းဆိုနေ

သင်ခန်းစာ ၈၉

ယေရှုကို ပေတရု ငြင်းပယ်

ယေရှုဟာ တမန်တော်တွေနဲ့ အထက်ခန်းမှာရှိနေတုန်း ‘ကျွန်တော့်ကို ခင်ဗျားတို့ ဒီည စွန့်ပစ်ကြလိမ့်မယ်’ လို့ပြောတော့ ပေတရုက ‘တခြားသူတွေ စွန့်ပစ်ရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ပစ်ဘူး’ တဲ့။ ယေရှုက ‘ကြက်မတွန်ခင် ကျွန်တော့်ကိုမသိဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်’ လို့ ပေတရုကို ပြောခဲ့တယ်။

ယေရှုကို ကယာဖရဲ့အိမ်ဆီ ဖမ်းခေါ်သွားတဲ့အခါ တမန်တော်အများစု ထွက်ပြေးကြတယ်။ နှစ်ယောက်ကတော့ လူအုပ်နဲ့ လိုက်သွားတယ်။ တစ်ယောက်က ပေတရုပဲ။ ကယာဖအိမ်ခြံဝင်းထဲ သူဝင်သွားပြီး မီးလှုံနေတဲ့အခါ အစေခံမလေးက ပေတရုကို မြင်သွားပြီး ‘ရှင့်ကို ကျွန်မသိတယ်။ ရှင်က ယေရှုနဲ့တစ်ဖွဲ့တည်းပဲ’ လို့ပြောတယ်။

အဲဒီအခါ ပေတရုက ‘မဟုတ်ဘူး။ မင်း ဘာတွေပြောနေတာလဲ’ ဆိုပြီး ဂိတ်တံခါးဘက် ထွက်သွားတယ်။ အစေခံမလေးနောက်တစ်ယောက် သူ့ကို တွေ့ပြီး ‘ဒီလူဟာ ယေရှုနဲ့တစ်ဖွဲ့တည်းပဲ’ လို့ ပြောပြန်ရော။ ပေတရုက ‘ယေရှုကို သိတောင်မသိဘူး’ လို့ ပြန်ဖြေတယ်။ လူတစ်ယောက်ကလည်း ‘မင်းက အဲဒီအဖွဲ့က တစ်ယောက်ပဲ။ မင်းရဲ့ လေသံက ယေရှုလို ဂါလိလဲနယ်သားဖြစ်မှန်း သိနိုင်တယ်’ လို့ပြောတဲ့အခါ ပေတရုက ‘ငါ သူ့ကို မသိဘူး’ လို့ပြောပြီး ကျိန်ဆိုတယ်။

အဲဒီအချိန်မှာပဲ ကြက်တွန်ပါလေရော။ ယေရှု သူ့ကိုလှည့်ကြည့်လိုက်တာ ပေတရု မြင်သွားတဲ့အခါ ယေရှုစကားကို သတိရပြီး အပြင်ထွက်၊ ရှိုက်ကြီးတငင် ငိုတော့တာပဲ။

အဲဒီအတောအတွင်း၊ ကယာဖရဲ့ အိမ်ခြံဝင်းထဲမှာ ဂျူးတရားရုံးချုပ်အဖွဲ့ဟာ ယေရှုကို စစ်ဆေးနေတယ်။ ယေရှုကို သတ်ဖို့ သူတို့ ဆုံးဖြတ်ပြီးပြီ။ အခု အကြောင်းပြချက် ရှာနေကြတယ်။ ဒါပေမဲ့ ဘာအကြောင်းပြချက်မှ ရှာမတွေ့ဘူး။ နောက်ဆုံးတော့၊ ကယာဖက ယေရှုကို ‘မင်းဟာ ဘုရားသားလား’ လို့ တိုက်ရိုက် မေးလိုက်တယ်။ ယေရှုက ‘ဟုတ်တယ်’ လို့ပြန်ဖြေတော့ ကယာဖက ‘ဘာသက်သေမှ မလိုတော့ဘူး။ ဒါဟာ ဘုရားကိုစော်ကားတာပဲ’ လို့ပြောတယ်။ တရားရုံးက ‘ဒီလူသေထိုက်တယ်’ လို့ စီရင်ချက်ချတယ်။ ယေရှုကို တံတွေးနဲ့ ထွေးတယ်၊ မျက်နှာကိုအုပ်ပြီး လက်သီးနဲ့ထိုး၊ ပါးရိုက်တဲ့အပြင် ‘မင်းက ပရောဖက်မှန်ရင် မင်းကို ဘယ်သူရိုက်သလဲ၊ ပြောစမ်းပါ’ လို့လှောင်ကြတယ်။

နောက်တစ်နေ့မှာ ယေရှုကို ဂျူးတရားရုံးချုပ်ကို ခေါ်လာပြီး ‘မင်းဟာ ဘုရားသားလား’ လို့ထပ်မေးပြန်တယ်။ ယေရှုက ‘ခင်ဗျားပြောတဲ့အတိုင်း မှန်တယ်’ လို့ပြန်ဖြေတယ်။ ဒါနဲ့ ဘုရားကိုစော်ကားပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရောမဘုရင်ခံ ပုန္တိပိလတ်ရဲ့ နန်းတော်ဆီ ခေါ်သွားတယ်။ ဘာဆက်ဖြစ်သလဲ။ ကြည့်ရအောင်။

“ခင်ဗျားတို့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားပြီး ကိုယ့်အိမ်ကိုယ် တကွဲတပြား ထွက်ပြေးမယ့်အချိန် ရောက်တော့မယ်။ တကယ်တော့ အဲဒီအချိန်ဟာ အခုပဲ ရောက်နေပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ အဖဘုရားက ကျွန်တော်နဲ့အတူ ရှိတယ်။”—ယောဟန် ၁၆:၃၂

မေးခွန်း– ကယာဖရဲ့အိမ်ခြံဝင်းထဲမှာ ဘာဖြစ်ခဲ့သလဲ။ ဘာအကြောင်းပြချက်နဲ့ ယေရှုကို သေဒဏ်ပေးဖို့ ဆုံးဖြတ်ကြသလဲ။

မဿဲ ၂၆:၃၁-၃၅၊ ၅၇–၂၇:၂။ မာကု ၁၄:၂၇-၃၁၊ ၅၃–၁၅:၁။ လုကာ ၂၂:၅၅-၇၁။ ယောဟန် ၁၃:၃၆-၃၈။ ၁၈:၁၅-၁၈၊ ၂၅-၂၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ