ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၃၇
  • အလုပ်၊ ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်၊ ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆို
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေကြေး
    နိုးလော့!—၂၀၁၄
  • ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၃၇
သင်ခန်းစာ ၃၇။ လက်သမားတစ်ဦး သံရိုက်နေ။

သင်ခန်းစာ ၃၇

အလုပ်၊ ငွေနဲ့ပတ်သက်တဲ့ ကျမ်းစာအဆို

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

အလုပ်အကိုင်၊ ငွေကြေးအတွက် စိတ်ပူဖူးပါသလား။ စားဝတ်နေရေးအတွက် လုံးပန်းရင်း ယေဟောဝါကို ဝတ်ပြုဖို့ဆိုတာ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာမှာ လက်တွေ့ကျတဲ့ အကြံဉာဏ် ပေးထားတယ်။

၁။ အလုပ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြသလဲ။

ဘုရားသခင်က ကျွန်တော်တို့ကို အလုပ်မှာ ပျော်စေချင်တယ်။ “ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက် ကောင်းတာ ဘာမှမရှိဘူး” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၂:၂၄) ယေဟောဝါဟာ အလုပ်ကြိုးစားတယ်။ ကျွန်တော်တို့လည်း ဘုရားကို အတုယူတဲ့အနေနဲ့ အလုပ်ကြိုးစားရင် ဘုရား ပျော်ရွှင်မယ်။ ကိုယ်တိုင်လည်း ပျော်မယ်။

အလုပ်က အရေးကြီးတယ်။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုရေးထက် အလုပ်ကို ဦးစားမပေးသင့်ဘူး။ (ယောဟန် ၆:၂၇) ဘုရားကို ဦးစားထားရင် လိုအပ်ရာတွေကို ထောက်မပေးမယ်လို့ ကတိပေးတယ်။

၂။ ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်က ဘာလဲ။

‘ငွေက ကာကွယ်ပေးတယ်’ လို့ ကျမ်းစာက ဆိုတယ်။ ဒါပေမဲ့ ငွေရှိရုံနဲ့ မပျော်နိုင်ဘူးလို့လည်း သတိပေးတယ်။ (ဒေသနာ ၇:၁၂) ငွေမမက်ဖို့၊ “ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်” ဖို့ အားပေးတယ်။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) ရှိတာလေးနဲ့ ရောင့်ရဲတဲ့အတွက် လိုဘမပြည့်လို့ စိတ်ပျက်ရတာမျိုး မရှိဘူး။ မလိုအပ်ဘဲ အကြွေး မတင်တော့ဘူး။ (ပညာအလိမ္မာ ၂၂:၇) လောင်းကစား လုပ်လို့၊ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားလို့ အန္တရာယ်ကြုံတာမျိုး မရှိဘူး။

၃။ ငွေကို ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဘယ်လို သုံးနိုင်သလဲ။

ယေဟောဝါဟာ ရက်ရောတဲ့ဘုရား ဖြစ်တယ်။ ကျွန်တော်တို့လည်း ‘ရက်ရောပြီး သူတစ်ပါးကို ဝေမျှပေးရာမှာ အသင့်ရှိခြင်း’ အားဖြင့် ဘုရားကို အတုယူကြတယ်။ (၁ တိမောသေ ၆:၁၈) အသင်းတော်၊ လိုအပ်နေသူတွေ၊ အထူးသဖြင့် ယုံကြည်သူချင်းတွေကို ထောက်မကူညီဖို့ ငွေကို ရက်ရက်ရောရော ပေးလှူနိုင်တယ်။ ပေးတဲ့ပမာဏကို မဟုတ်ဘဲ စိတ်ရင်းကို ယေဟောဝါ အလေးထားတယ်။ စေတနာစိတ်နဲ့ ပေးတဲ့အခါ ကိုယ်တိုင် ပျော်သလို ယေဟောဝါကိုလည်း ပျော်ရွှင်စေတယ်။​—တမန်တော် ၂၀:၃၅ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

အလုပ်အပေါ် မျှတတဲ့အမြင်ရှိခြင်း၊ ရောင့်ရဲခြင်းတို့ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာပါ။

၄။ အလုပ် လုပ်ကိုင်ပုံအားဖြင့် ယေဟောဝါကို ဂုဏ်တင်ပါ

ယေဟောဝါနဲ့ ဆက်ဆံရေးက အလုပ်နဲ့ပတ်သက်တဲ့ သဘောထားအပေါ် သက်ရောက်မှု ရှိသင့်တယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ယေဟောဝါအတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်ကြပါ (၄:၃၉)

  • ဒီဗီဒီယိုမှာ အလုပ်အပေါ် ဂျေစင်ရဲ့ သဘောထား၊ လုပ်ရပ်နဲ့ပတ်သက်ပြီး ဘယ်အချက်ကို သဘောကျသလဲ။

  • အလုပ်ကို သူ့နေရာနဲ့သူ ထားဖို့ ဂျေစင် ဘာလုပ်သလဲ။

ကောလောသဲ ၃:၂၃၊ ၂၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အလုပ်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထား ဘာကြောင့် အရေးကြီးသလဲ။

ပုံ။ အလုပ်ကိုပဲ ဦးစားထားသူ။ ၁။ နေ့အချိန် ရုံးခန်းမှာ အလုပ်လုပ်နေ။ ၂။ ညနေပိုင်းမှာ အလုပ်လုပ်နေ။ ၃။ အလုပ်ဖော်တွေ အိမ်ပြန်သွားပေမဲ့ သူ ဆက်အလုပ်လုပ်နေ။ ၄။ အိမ်မှာ တစ်ယောက်တည်း ညစာစားနေ။

အလုပ်က အရေးကြီးပေမဲ့ ဝတ်ပြုရေးကို ပိုဦးစားပေးသင့်

ပုံ။ ပိုအရေးကြီးတဲ့အရာတွေအတွက် အချိန်ပေးနေသူ။ ၁။ နေ့အချိန် ရုံးခန်းမှာ အလုပ်လုပ်နေ။ ၂။ ညနေပိုင်းမှာ အလုပ်ကပြန်။ ၃။ အစည်းအဝေးမှာ လက်ထောင်နေ။ ၄။ ဇနီး၊ ကလေးနှစ်ယောက်နဲ့ ညစာစားနေ။

၅။ ရောင့်ရဲခြင်းက အကျိုးရှိစေ

လူတွေဟာ ငွေကို သဲကြီးမဲကြီး ရှာကြတယ်။ ကျမ်းစာကတော့ ဒီလို အကြံပေးတယ်။ ၁ တိမောသေ ၆:၆-၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျမ်းစာက ဘယ်လို အကြံပေးသလဲ။

ကျွန်တော်တို့မှာ ငွေများများစားစား မရှိလည်း ပျော်ရွှင်နိုင်ပါတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ “ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” (၃:၂၀)

  • ဒီမိသားစုတွေ ဆင်းရဲပေမဲ့ ဘာကြောင့် ပျော်ကြသလဲ။

ရလေ လိုချင်လေ ဖြစ်နေရင်ကော။ ဒီအန္တရာယ်အကြောင်း ယေရှု ပြောပြတယ်။ လုကာ ၁၂:၁၅-၂၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုရဲ့ ပုံဥပမာကနေ ဘာသင်ယူရသလဲ။​—အခန်းငယ် ၁၅ ကို ကြည့်ပါ။

ပညာအလိမ္မာ ၁၀:၂၂ နဲ့ ၁ တိမောသေ ၆:၁၀ တို့ကို ဖတ်ပြီး နှိုင်းယှဉ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘာက ပိုအရေးကြီးတယ်လို့ ထင်သလဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလား၊ ငွေအများကြီး ရှိတာလား။ ဘာကြောင့်လဲ။

  • ငွေနောက်လိုက်တဲ့အတွက် ဘာပြဿနာတွေ ကြုံရသလဲ။

၆။ ကျွန်တော်တို့ လိုအပ်ရာကို ယေဟောဝါ ဖြည့်ဆည်းမယ်

ငွေရဖို့၊ အလုပ်ရဖို့ ခက်ခဲချိန်မှာ ယေဟောဝါကို ယုံကြည်ခြင်း ရှိမရှိ သိသာလာတယ်။ အဲဒီအချိန်မှာ ဘာလုပ်နိုင်သလဲဆိုတာ သိဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ လိုအပ်ရာကို ယေဟောဝါ ဖြည့်ဆည်းပေးမယ် (၆:၂၁)

  • ဒီဗီဒီယိုထဲက ညီအစ်ကို ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ။

  • အခက်အခဲတွေကို အောင်မြင်ဖို့ သူ ဘာလုပ်ခဲ့သလဲ။

မဿဲ ၆:၂၅-၃၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါကို ဦးစားထားသူတွေအတွက် ဘာကတိပေးထားသလဲ။

လူတချို့ အဆို။ “မိသားစုကို ရှာကျွေးဖို့ အလုပ်ကြိုးစားရမယ်။ အပတ်တိုင်း အစည်းအဝေး မသွားနိုင်ဘူး။”

  • ယေဟောဝါကို ဝတ်ပြုဖို့ ဦးစားထားတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်မှန်း ဘယ်ကျမ်းချက်က သင့်ကို စိတ်ချစေသလဲ။

အနှစ်ချုပ်

အလုပ်ရှိဖို့၊ ငွေရှိဖို့ လိုပေမဲ့ ယေဟောဝါအတွက် အမှုဆောင်ခြင်းကနေ အာရုံမလွဲသင့်ဘူး။

ပြန်လည်သုံးသပ်ခြင်း

  • အလုပ်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင် ရှိဖို့ ဘာက ကူညီနိုင်သလဲ။

  • ရောင့်ရဲစိတ်က ဘယ်လို အကျိုးရှိစေသလဲ။

  • မိမိလူမျိုးကို ယေဟောဝါ ထောက်ပံ့မယ်ဆိုတဲ့ ကတိကို ယုံကြည်ကြောင်း ဘယ်လို ပြနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ငွေဟာ မကောင်းဘူးလို့ ကျမ်းစာဆိုသလား ဖတ်ကြည့်ပါ။

“ငွေဟာ မကောင်းမှုအမျိုးမျိုးရဲ့ ဇာစ်မြစ်လား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ဘယ်လို ပေးကမ်းမှုမျိုးကို ဘုရား နှစ်သက်သလဲ လေ့လာပါ။

“ပေးကမ်းခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

လောင်းကစားခြင်းဟာ အန္တရာယ်ကင်းတဲ့ ကစားနည်းလား။

“လောင်းကစားခြင်း​ —သမ္မာကျမ်းစာရှုထောင့်” (နိုးလော့! မတ် ၂၀၁၅)

လောင်းကစားသမား၊ ဖောက်ထွင်းဝိဇ္ဇာတစ်ဦး ဘာကြောင့် ပြောင်းလဲသွားသလဲ ဖတ်ကြည့်ပါ။

“မြင်းပြိုင်ပွဲတွေကို အရူးအမူးဖြစ်ခဲ့” (ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၂၀၁၁)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ