ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၈/၁၅ စာ. ၃-၄
  • အိမ်ထောင်ရေးနှောင်ကြိုး အားပျော့နေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ရေးနှောင်ကြိုး အားပျော့နေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကွာရှင်းခြင်းနှင့်ပတ်သက်ပြီး သိသင့်သောအချက် လေးချက်
    နိုးလော့!—၂၀၁၀
  • ကွာရှင်းခြင်းက သားသမီးတွေကို ထိခိုက်နိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • အိမ်ထောင်ရေးနှောင်ကြိုးများကို ခိုင်မြဲစေနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၈/၁၅ စာ. ၃-၄

အိမ်ထောင်ရေးနှောင်ကြိုး အားပျော့နေခြင်း

မိခင်ငယ်တစ်ဦးသည် နှစ်လသားလေးကို ပွေ့ပိုက်ထားရာမှ ရုတ်တရက်ကမူးရှူးထိုးနှင့် ကလေးကို ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ နာရီပိုင်းတွင် သူငယ်သေဆုံးရှာသည်။ “သူ့ကို တမင်တကာပစ်ချတာ။ ကျွန်မခင်ပွန်း မိသားစုကိုမှ ဂရုမစိုက်တာ” ဟုမိခင်ဖြစ်သူပြောသည်။ ယင်းကိစ္စကို ခင်ပွန်းနှင့်ဖြေရှင်းမည့်အစား အပြစ်ကင်းသည့်ကလေးအပေါ် သူမအမျက်ထွက်ပြခဲ့သည်။

ဤမျှအစွန်းရောက်ပြုမူတတ်သည့်မိခင်များ နည်းပါလိမ့်မည်။ သို့သော် သူမ၏ခံစားချက်မျိုးကို ခံစားရသူ များပါသည်။ မိမိတို့၏အိမ်ထောင်ရေး သာယာစေရန် အိမ်ထောင်သည်များအတွက် ပို၍ပို၍ခဲယဉ်းလာပေပြီ။ “ယနေ့ အမေရိကန်နိုင်ငံတွင် အိမ်ထောင်ရေးသာယာမှု ဤမျှလျော့နည်းနေစဉ် စိုးရိမ်ဖွယ်ရာ များလွန်းလှသဖြင့် အိမ်ထောင်ရေးတာဝန်ကို ခြွင်းချက်မရှိ ထမ်းဆောင်ပါမည်ဟု . . . ဆင်ခြင်တုံတရားရှိသူ မည်သူမျှ ကတိမပြုလိုကြပါ” ဟု Journal of Marriage and the Familyကဆိုသည်။

ဤရုန်းရင်းဆန်ခတ်ဖြစ်နေသောကာလတွင် စာရိတ္တယိုယွင်းခြင်း၊ မသင့်မြတ်ခြင်း၊ အကြွေးတင်ခြင်း၊ ယောက္ခထီး၊ ယောက္ခမ၊ ယင်းတို့ဘက်မှ ဆွေမျိုးများနှင့် မသင့်မတင့်ဖြစ်ခြင်း၊ အတ္တသဘောတို့က အိမ်တွင်းရေးပဋိပက္ခဖြစ်ပွားစေရာ ယင်းတို့ကြောင့် လင်မယားကွာရှင်းမှု ဖြစ်ပေါ်လာတတ်ပါသည်။ အခြေအနေ အလွန်ဆိုးရွားသည့်အတွက် လင်မယားကွာရှင်းခြင်းကို အပြင်းအထန်ကန့်ကွက်သော ဂျပန်နိုင်ငံရှိကက်သလစ်အသင်းပင် အိမ်ထောင်ကွာရှင်းပြီး နောက်အိမ်ထောင်ပြုသူများ အဆင်ပြေရေးအတွက် အထူးကော်မတီတစ်ခု ဖွဲ့ထားရပါသည်။ ချာ့ချ်မှန်မှန်တက်သူများစွာတို့သည်လည်း အိမ်ထောင်ကွာရှင်းရေးနှင့်ဆက်စပ်သည့် ပြဿနာများကို တွေ့ကြုံနေကြရသည်။

သို့ရာတွင် အိမ်ထောင်ကွာရှင်းမှုအရေအတွက်ကို အနည်းငယ်သာ ဖော်ပြပါသည်။ အမှန်မှာ၊ ကွာရှင်းမှုများတိုးလာရခြင်း၏ အကြောင်းရင်းကား ကွာရှင်းရန်ပိုလွယ်ကူစေသည့် လူမှုရေးဆိုင်ရာ ခေတ်အတွေးအခေါ်များသာမဟုတ်ဘဲ အိမ်ထောင်ရေးဘဝ၏ အရည်အသွေး ယုတ်လျော့ညံ့ဖျင်းမှုဖြစ်ကြောင်း အမေရိကန်တွင်ပြုစုသော သုတေသနတစ်ခုက ဖော်ပြပါသည်။ ကြိုးစားမှုမရှိ၊ တာဝန်ခံယူမှုနည်းသည့်အတွက် အိမ်ထောင်ပြုခြင်း၏ ဆွဲဆောင်မှုရောင်ခြည် မှေးမှိန်ပျောက်ကွယ်နေပါသည်။ လူအများအမြင်အရ အိမ်ထောင်ဖက်ဖြစ်ကြသော်လည်း ခွဲအိပ်နေကြပြီး တစ်ဦးကိုတစ်ဦး စကားပြောချိန် ရှိခဲသည်။ မိမိ၏သီးခြားသင်္ချိုင်းဂူကို ကိုယ်တိုင်ဝယ်ယူထားသော ‘ဂူထဲမှာ ကျွန်မခင်ပွန်းနဲ့ကျွန်မ ယှဉ်မနေချင်ဘူး’ ဟုပြောသည့် အရှေ့တိုင်းအမျိုးသမီးတစ်ဦးကဲ့သို့ပင် အချို့သူများခံစားနေကြရရှာသည်။ သူမခမျာ ယခုဘဝတွင် လင်ယောက်ျားကိုမကွာရှင်းနိုင်သည့်အတွက် သေပြီးနောက်ကွာပစ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။ ဝမ်းနည်းစရာမှာ ဤကဲ့သို့သောသူများသည် မကွာရှင်းဘဲ ပေါင်းနေကြရသော်လည်း သူတို့၏အိမ်ထောင်ရေးဘဝသည် သာယာပျော်ရွှင်မှုမပေးပါ။

အီစာအို၏အဖြစ်သည် ထိုအတိုင်းပင်။ စိတ်ကူးပေါ်၍ ဇနီးဖြစ်သူကို ထိမ်းမြားခဲ့သည့်အတွက် သူ၏အတ္တဆန်သောဘဝပုံစံကို ပြောင်းလဲလိုက်ရန် ဆန္ဒလုံးဝမရှိပါ။ အဝေးပြေးကုန်ကားမောင်းသူအဖြစ် ဝင်ငွေကောင်းသော်လည်း မိသားစုကို ကျွေးမွေးပြုစုမည့်အစား ရလေသမျှကို သူသောက်စားသုံးဖြုန်းပါသည်။ ယင်းကြောင့် ဇနီးသည်နှင့် အမြဲစကားများလေ့ရှိသည်။ “ကျွန်တော်အခက်အခဲကြုံတိုင်း အိမ်ပြန်ပြီး မိသားစုကို ပွက်တော့တာဘဲ” ဟုအီစာအို ပြောပြသည်။ မငြိမ်းနိုင်သောမီးတောင်ပမာ လင်မယားကွာရှင်းခြင်းကိစ္စသည် နေ့စဉ်ပေါက်ကွဲနေပါသည်။

အမျိုးသား၊ အမျိုးသမီး မြောက်မြားစွာတို့သည် ဆိုးရွားသည့်အိမ်ထောင်ရေးအခြေအနေကို သည်းခံနေကြရသည်။ သူတို့ကွာရှင်းသည်ဖြစ်စေ၊ မကွာရှင်းဘဲနေသည်ဖြစ်စေ အိမ်ထောင်သာယာမှုမရရှိကြချေ။ သူတို့အိမ်ထောင်ရေးကို သာယာစေနိုင်သည့်နည်းလမ်း ရှိပါသလော။ သူတို့၏ အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်မြဲစေရန် မည်သို့ပြုလုပ်နိုင်ပါသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ