ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၈/၁ စာ. ၃၀
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • နတ်ဆိုးစွဲနေတဲ့ကောင်လေးကို ကုသပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နတ်ပူးသောသူငယ် ကုသခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကပေရနောင်မြို့မှာ ကြီးမားတဲ့အမှုဆောင်လုပ်ငန်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၈/၁ စာ. ၃၀

စာရှုသူများထံမှမေးခွန်းလွှာ

မဿဲ ၁၇:၂၀ အရ တမန်တော်များသည် ‘ယုံကြည်ခြင်းနည်းသောကြောင့်’ ဝေဒနာခံစားနေရသောသူငယ်တစ်ဦးကို မကုသနိုင်ကြခြင်းဖြစ်သည်။ သို့သော် မာကု ၉:၂၉ ၌မူ သူတို့မကုသနိုင်ကြခြင်းမှာ ဆုတောင်းခြင်းလိုသောကြောင့်ဟုဆိုသည်။ ဤခရစ်ဝင်မှတ်တမ်းများတွင် မတူသောအကြောင်းရင်းများကို အဘယ်ကြောင့်ဖော်ပြသနည်း။

အမှန်မှာ ထိုမှတ်တမ်းနှစ်ခုသည် မဆန့်ကျင်ဘဲ အပြန်အလှန်ဖြည့်စွက်ပေးခြင်းဖြစ်သည်။ ဦးဆုံး မဿဲ ၁၇:၁၄-၂၀ ကိုကြည့်ပါ။ လူတစ်ယောက်က မိမိသားသည် ဝက်ရူးပြန်ရောဂါသည်ဖြစ်ကြောင်းနှင့် ယေရှု၏တပည့်တော်များသည် သူ့အားမကုသပေးနိုင်ကြောင်း လျှောက်ဆိုသည်။ သို့နှင့် ယေရှုသည် သူငယ်အားနှောင့်ယှက်နေသည့် နတ်ဆိုးကိုနှင်ထုတ်ခြင်းဖြင့် ကုသပေးခဲ့သည်။ တပည့်တော်များက မိမိတို့အဘယ်ကြောင့် မနှင်ထုတ်နိုင်ကြောင်းမေးကြသည်။ မဿဲ၏မှတ်တမ်း (သမ) အရ “သင်တို့ယုံကြည်ခြင်းနည်းကြသောကြောင့်တည်း။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှ ယုံကြည်ခြင်းရှိလျှင် ဤတောင်အား ဤအရပ်မှ ထိုအရပ်သို့ရွေ့လော့ဟုဆိုသော်၊ ရွေ့လိမ့်မည်။ သင်တို့မတတ်စွမ်းနိုင်သော အရာမည်သည်မျှရှိမည်မဟုတ်။ ငါအမှန်ဆိုသည်” ဟုယေရှုမိန့်ဆိုခဲ့သည်။

ယခု အသေးစိတ်အချက်အလက်များပိုများသည့် မာကု ၉:၁၄-၂၉ ကိုဖွင့်ပါ။ ဥပမာ၊ မာကု ၉:၁၇ က ဤဖြစ်ရပ်တွင် ရုတ်တရက်ဖြစ်သော ဤဝက်ရူးပြန်ခြင်းသည် နတ်ဆိုးကြောင့်ဖြစ်သည်ဟူသော အသေးစိတ်အချက်အလက်ကိုဖော်ပြပေးသည်။ အခြားနေရာတွင် သမ္မာကျမ်းစာက ယေရှုသည် ဝက်ရူးပြန်ရောဂါသည်များနှင့် နတ်ဆိုးနှိပ်စက်ခံရသူများကို ကုသပေးခဲ့သည်ဟူ၍ ဖော်ပြထားသည်ကိုသတိပြုသင့်သည်။ (မဿဲ ၄:၂၄) ဤထူးခြားသောအခြေအနေတွင် ရုတ်တရက်တက်ခြင်းသည် သမားတော်လုကာအတည်ပြုထောက်ခံပြောသည်အတိုင်း နာမ်ဝိညာဉ်ဆိုးဖြစ်သည့် “နားပင်း၍စကားအသောနတ်” ကြောင့်ဖြစ်သည်။ (လုကာ ၉:၃၉; ကောလောသဲ ၄:၁၄) မာကု ၉:၁၈ မှ “နတ် [“နတ်ဆိုး၊” ကဘ] သည်ဖမ်းစားလေရာရာ၌” ဟူသောစကားစုကို သတိပြုပါ။ ထို့ကြောင့် သူငယ်သည် နတ်ဆိုး၏အနှောင့်အယှက်ကို တရစပ်ခံနေရခြင်းမဟုတ်ဘဲ အခါအားလျော်စွာသာဖြစ်သည်။ သို့တိုင် တပည့်တော်များသည် နတ်ဆိုးကိုမနှင်ထုတ်နိုင်သောကြောင့် ထိုသူငယ်ကိုမကုသပေးနိုင်ကြပါ။ မိမိတို့အဘယ်ကြောင့် မကုသပေးနိုင်ကြောင်းမေးသောအခါ ယေရှုက ‘ဆုတောင်းခြင်းမှတစ်ပါး မည်သည့်နည်းဖြင့်မျှ၊ ထိုနတ်မျိုးကိုမထွက်စေနိုင်’ (သမ) ဟုပြန်ဖြေကြားခဲ့သည်။

သို့သော် မာကု၏မှတ်တမ်းကို အသေအချာဖတ်ရှုကြည့်ရာတွင် မဿဲမှတ်တမ်းတင်ထားရာနှင့် ကွဲလွဲဆန့်ကျင်မှုမရှိကြောင်း တွေ့ ရှိရသည်။ မာကု ၉:၁၉ တွင် ယေရှုသည် ထိုလူမျိုးဆက်၏ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် ဝမ်းနည်းကြောင်း ဖတ်ရှုရသည်။ အခန်းငယ် ၂၃ တွင် ယေရှုက သူငယ်၏ဖခင်အား “ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်သည်” ဟုမိန့်ဆိုကြောင်း မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် မာကုသည်လည်း ယုံကြည်ခြင်း၏အရေးကြီးမှုကို အလေးထားတင်ပြသည်။ အခန်းငယ် ၂၉ တွင် မာကုသည် နောက်ထပ်အသေးစိတ်အချက်အလက်တစ်ခုကို ဖော်ပြခြင်းမျှသာဖြစ်သည်။ မဿဲကော လုကာပါထည့်မရေးသည့် ဆုတောင်းခြင်းအကြောင်း ယေရှု၏မိန့်တော်မူချက်ကို မာကုကဖြည့်စွက်လိုက်ခြင်းဖြစ်သည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့မည်သို့ပြောနိုင်သနည်း။ အခြားအချိန်အခါများတွင် တမန်တော် ၁၂ ပါးကော တပည့်တော် ၇၀ ပါနာမ်ဝိညာဉ်ဆိုးများကို နှင်ထုတ်ခဲ့ကြသည်။ (မာကု ၃:၁၅; ၆:၁၃; လုကာ ၁၀:၁၇) သို့သော် ဤအခါတွင်မူ တပည့်တော်များသည် နတ်ဆိုးကိုမနှင်ထုတ်နိုင်ခဲ့ပါ။ အဘယ်ကြောင့်နည်း။ ဤမှတ်တမ်းအသီးသီးမှ အသေးစိတ်အချက်အလက်များကို ပေါင်းစပ်ကြည့်မည်ဆိုလျှင် သူတို့သည် ဤဖြစ်ရပ်တွင် ထိုသို့လုပ်ဆောင်ရန် အသင့်မရှိဟု ယူဆရပေမည်။ နတ်ဆိုးများသည် ခြားနားသောကြန်အင်များ၊ စိတ်ဝင်စားရာများနှင့် အရည်အသွေးများရှိပုံပေါ်သောကြောင့် အခက်အခဲကြုံတွေ့နေရသည့် အကြောင်းတစ်ခုမှာ နတ်ဆိုးအမျိုးအစားကြောင့်ဖြစ်ဖွယ်ရှိသည်။ ထိုနတ်ဆိုးမျိုးနှင့်ပတ်သက်၍ ဘုရားသခင့်အကူအညီရရန် အထူးခိုင်မြဲသောယုံကြည်ခြင်းနှင့် စိတ်အားထက်သန်စွာ ဆုတောင်းခြင်းလိုအပ်နေသည်။ မှန်ပါသည်၊ ယေရှုတွင် ထိုယုံကြည်ခြင်းမျိုးရှိသည်။ ဆုတောင်းခြင်းကိုနားညောင်းတော်မူသောအရှင်၊ ကိုယ်တော့်ခမည်းတော်၏ ကျောထောက်နောက်ခံပြုမှုကိုလည်း ကိုယ်တော်ရရှိထားသည်။ (ဆာလံ ၆၅:၂၊ ကဘ) နတ်ဆိုးကိုနှင်ထုတ်ခြင်းဖြင့် ဝေဒနာခံစားနေရသောသူငယ်ကို ယေရှုကုသပေးနိုင်ရုံမက ကုလည်းကုသပေးခဲ့ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ