ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၅/၁ စာ. ၈
  • ဖခင်ကို သားကူညီပေးခဲ့ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖခင်ကို သားကူညီပေးခဲ့ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့ ညီဆီကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အစည်းအဝေး တက်ခြင်းက ကျွန်တော်တို့အကြောင်း ဘာဖော်ပြသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • စိတ်ဝင်စားမှုတင်ပြသူအားလုံးကို ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ရွေးနုတ်ဖိုးမှ အကျိုးကျေးဇူးရရှိရန် အခြားသူများကိုကူညီပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၅/၁ စာ. ၈

ဖခင်ကို သားကူညီပေးခဲ့ပုံ

အင်္ဂလန်နိုင်ငံမှ ဂျိမ်းစ်သည် အသက် ၃၀ ကျော်တွင် အကြီးအကျယ်စိတ်ဖောက်ပြန်ပြီး ယဉ်ယဉ်လေးနှင့် စိတ်ကွန့်မြူးခြင်းရောဂါရခဲ့၏။ သို့တိုင် သူ၏မိခင်၊ အစ်မတို့နှင့်အတူ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကို နှစ်နှင့်ချီ၍ တက်ရောက်ခဲ့ပြီ။ သို့သော် ဖခင်ဖြစ်သူသည် သူတို့၏ယုံကြည်ချက်များကို စိတ်ဝင်စားမှု တစ်ခါမျှမပြခဲ့ချေ။ မိတ်ဆွေတစ်ဦးအား ခရစ်တော်၏သေခြင်း သတိရအောက်မေ့ပွဲသို့ ဖိတ်ခေါ်ပုံကို သရုပ်ပြသည့် အစည်းအဝေးကိုတက်ခဲ့ပြီး တစ်ညနေခင်းတွင် ဂျိမ်းစ်သည် မိမိအခန်းသို့ အပြေးအလွှားဝင်သွားသည်။ သူ၏မိခင်သည် စိုးရိမ်တကြီးဖြင့် သူ့နောက်သို့လိုက်သွားသောအခါ ဂျိမ်းစ်သည် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းအဟောင်းများကို အပူတပြင်းရှာဖွေနေသည်ကို တွေ့လိုက်ရ၏။ နောက်ကျောစာမျက်နှာတွင် သတိရအောက်မေ့ပွဲ ဖိတ်ခေါ်ချက်ရုပ်ပုံပါသည့် မဂ္ဂဇင်းတစ်စောင်ကို ဂျိမ်းစ်ရွေးယူလိုက်ပြီး ဖခင်ဆီသို့ ပြေးသွားသည်။ ရုပ်ပုံကို ဦးဆုံးထိုးပြပြီး ဖခင်အားလက်ညှိုးထိုးကာ “အဖေ” ဟုခေါ်လိုက်သည်! ဂျိမ်းစ်က သတိရအောက်မေ့ပွဲကို တက်ရောက်ရန် သူ၏ဖခင်အား ဖိတ်ခေါ်နေကြောင်း မိခင်နှင့်ဖခင်တို့သိရှိကာ တအံ့တသြဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်ကြ၏။ ထိုအခါ သူ၏ဖခင်က တက်မည်ဟုပြောလိုက်သည်။

သတိရအောက်မေ့ပွဲကျင်းပမည့် ညနေခင်းတွင် ဂျိမ်းစ်သည် ဖခင်၏အဝတ်ဗီရိုကိုဖွင့်၍ ဘောင်းဘီရှည်တစ်ထည်ရွေးကာ ဖခင်ထံယူသွားပြီး ဝတ်ပါဟု အမူအရာဖြင့်ပြသည်။ ဖခင်က အစည်းအဝေး မတက်ဖြစ်ဘူးဟု ပြောခဲ့၏။ သို့ ဖြင့် ဂျိမ်းစ်နှင့် သူ၏မိခင်တို့သာ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ သွားကြသည်။

၎င်းနောက်ပိုင်းတွင် အသင်းတော်အစည်းအဝေးများကိုတက်ရန် မိခင်က ဂျိမ်းစ်ကို အသင့်ပြင်ဆင်ပေးတိုင်း သူသည် တဖြည်းဖြည်းငြင်းဆန်လာတတ်ပြီး ဖခင်နှင့်အတူ အိမ်တွင်နေရစ်လိုခဲ့၏။ တနင်္ဂနွေတစ်မနက်တွင် အစည်းအဝေးသွားရန် မိခင်က ဂျိမ်းစ်ကိုပြင်ဆင်ပေးဖို့ ကြိုးစားသောအခါ ထို့အတူငြင်းဆိုပြန်၏။ ထိုအခါ ဂျိမ်းစ်၏ဖခင်က သားဘက်လှည့်၍ “ဂျိမ်းစ်၊ ဒီနေ့ အဖေ စည်းဝေးသွားရင် သားရောသွားမှာလား” ဟုမေးလိုက်ရာ မိခင်မှာ အကြီးအကျယ်အံ့အားသင့်ခဲ့ရ၏။ ဂျိမ်းစ်၏မျက်နှာ ပြုံးရွှင်သွားလေသည်။ သူ၏ဖခင်ကို ပွေ့ဖက်၍ “ဟုတ်ကဲ့!” ဟုပြောလိုက်ရာ သူတို့သုံးဦးစလုံး ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ သွားကြလေသည်။

ထိုနေ့ရက်မှစ၍ ဂျိမ်းစ်၏ဖခင်သည် တနင်္ဂနွေအစည်းအဝေးတိုင်းကို မပြတ်တမ်းတက်ရောက်ခဲ့၏၊ သို့သော် များမကြာမီ ဖခင်ဖြစ်သူက မိမိသည်လည်း တိုးတက်မှုရှိရမည်ဆိုလျှင် အခြားအစည်းအဝေးများကိုပါ တက်ရတော့မည်ဟု ဆိုလေသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သူပြောသည့်အတိုင်းပြုလုပ်ခဲ့ရာ နောက်နှစ်လအကြာတွင် ကျမ်းစာကို မှန်မှန်လေ့လာတော့သည်။ ထိုအခါ ဂျိမ်းစ်၏ဖခင်သည် အလျင်အမြန်တိုးတက်လာပြီး သူ၏ဘဝတွင် လိုအပ်သလိုပြုပြင်ပြောင်းလဲခဲ့ရာ များမကြာမီ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတွင်ပင် ပါဝင်လာ၏။ သမ္မာကျမ်းစာစတင်လေ့လာပြီး တစ်နှစ်အကြာတွင် သူ၏ဘဝကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ရေနှစ်ခြင်းခံယူခဲ့၏။ လောလောဆယ်တွင် သူ၏အသင်းတော်၌ ဓမ္မအမှုထမ်းအဖြစ် အမှုထမ်းဆောင်လျက်ရှိသည်။ ယခုထိုမိသားစုအားလုံး ယေဟောဝါ၏အမှုတော်ကို စည်းလုံးညီညွတ်စွာ ထမ်းဆောင်နေကြပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ