ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၂/၁ စာ. ၂-၃
  • ဝိညာဉ်ရေးစိတ်ထားနှင့် သင့်သုခချမ်းသာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝိညာဉ်ရေးစိတ်ထားနှင့် သင့်သုခချမ်းသာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တိုက်ရိုက်ဆက်စပ်မှု
  • သင့်ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘုရားတရားစိတ်ဓာတ် ရှိခြင်း ဆိုတာ ဘာလဲ။ ဘယ်ဘာသာထဲမှ မဝင်ဘဲ ဘုရားတရားစိတ်ဓာတ် ရှိသူ ဖြစ်နိုင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မာတိကာ
    နိုးလော့!—၂၀၁၉
  • သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၂/၁ စာ. ၂-၃

ဝိညာဉ်ရေးစိတ်ထားနှင့် သင့်သုခချမ်းသာ

သင်သည် သင့်ကျန်းမာရေးကို အချိန်ကုန်ခံ ဂရုစိုက်ပေမည်။ သင်သည် နေ့စဉ် ရှစ်နာရီအိပ်မည်၊ နာရီအနည်းငယ် ချက်ပြုတ်စားသောက်မည်၊ စားဝတ်နေရေးအဆင်ပြေဖို့ ရှစ်နာရီခန့် အလုပ်လုပ်ရပေမည်။ သင်ဖျားနာလာမည်ဆိုလျှင် ဆရာဝန်ထံသွားရန် သို့မဟုတ် ရိုးရာဆေးဝါးဖော်စပ်ရန် အချိန်ကုန်ခံ၊ ငွေကုန်ခံပေမည်။ ကျန်းမာရေးကောင်းဖို့ အိမ်သန့်ရှင်းရေးလုပ်မည်၊ ရေမိုးချိုးမည်၊ ကိုယ်လက်လှုပ်ရှားမှုပင် မှန်မှန်ပြုလုပ်ပေမည်။

သို့ရာတွင်၊ ကျန်းမာရေးဆက်ကောင်းနေစေဖို့ သင်၏ကာယရေးလိုအပ်ရာများကို ဂရုစိုက်ပေးရုံထက်မက ပြုလုပ်ဖို့လိုသည်။ သင်၏သုခချမ်းသာအတွက် အရေးပါသော အခြားအကြောင်းတစ်ခုလည်း ရှိပါသေးသည်။ သင့်ကျန်းမာရေးသည် သင်၌ ဝိညာဉ်ရေးစိတ်ထားရှိခြင်း၊ မရှိခြင်းဖြစ်သည့် သင်၏ဝိညာဉ်ရေးကျန်းမာမှုနှင့် ဆက်စပ်နေသည်ဟု ဆေးသုတေသနက ဖော်ပြသည်။

တိုက်ရိုက်ဆက်စပ်မှု

“ထိုအကြောင်းနှင့်ပတ်သက်သည့် ဦးဆုံးသုတေသနပြုဆောင်းပါးများတွင် ဝိညာဉ်ရေးတိုးတက်မှုနှင့် ကျန်းမာရေးတိုးတက်မှုတို့ တိုက်ရိုက်ဆက်စပ်မှုများရှိနေကြောင်း တွေ့ခဲ့ရသည်” ဟု ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်မှ ပါမောက္ခ ဟတ်လေ ဂျီ. ပိချ်က ဆိုသည်။ အဆိုပါတွေ့ရှိချက်များအပေါ်ဝေဖန်ရာ၌ ဩစတြေးလျ ဆေးဂျာနယ် (အမ်ဂျေအေ) က “ခရစ်ယာန်ဘာသာတရားကိုင်းရှိုင်းမှုသည် သွေးဖိအားကျမှု၊ ကိုလက်စထရောနည်းမှု ... နှင့် အူမကင်ဆာရောဂါဖြစ်မည့်အန္တရာယ် နည်းပါးမှုတို့နှင့်ပင် ... ဆက်စပ်လျက်ရှိသည်” ဟုဖော်ပြထားသည်။

အလားတူ၊ ယူနိုက်တက်စတိတ်ရှိ ဘာကယ်လီ၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (ယူစီ) က ၂၀၀၂ ခုနှစ်တွင် လူ ၆,၅၄၅ ဦးကိုလေ့လာကြည့်ရာ “တစ်ပတ်လျှင်တစ်ကြိမ် ခရစ်ယာန်ဘာသာရေးဝတ်ပြုပွဲများ တက်ရောက်ခဲ့သူတို့သည် ရံဖန်ရံခါ သို့မဟုတ် ဘယ်တော့မျှ မတက်ရောက်သူတို့ထက် သိသိသာသာပင် အသက်ရှည်ကြ” ကြောင်းတွေ့ရှိခဲ့သည်။ ယူစီ ဘာကယ်လီ၏ ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်းမှ လေ့လာမှုဆိုင်ရာ ဦးဆောင်စာရေးဆရာနှင့် ကထိကတစ်ဦးဖြစ်သူ ဒိုးဂ် အိုမဲန်က ဤသို့ဆိုသည်– “လူမှုရေးပေါင်းသင်းမှုများ၊ ဆေးလိပ်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားကစားခြင်းအပါအဝင် ကျန်းမာရေးနှင့်ဆိုင်သော အမူအကျင့်များအစရှိသည်တို့၏ အကျိုးသက်ရောက်မှုများကို ထည့်တွက်စဉ်းစားပြီးနောက်၌ပင် ဤကွာခြားချက်ရှိနေသည်ကို ကျွန်ုပ်တို့တွေ့ရှိခဲ့ကြသည်။”

ဘဝတွင် ဝိညာဉ်ရေးအမြင်ရှိသူတို့အတွက် အခြားအကျိုးကျေးဇူးများကို ခွဲခြားသတ်မှတ်ပေးရာ၌ အမ်ဂျေအေက ဤသို့ဆိုလေသည်– “ခရစ်ယာန်ဘာသာတရားကိုင်းရှိုင်းသူတို့တွင် အိမ်ထောင်ရေး ပို၍ငြိမ်သက်ခြင်း၊ အရက်နှင့်မူးယစ်ဆေးဝါး သုံးစွဲမှုနည်းပါးခြင်း၊ ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းနှင့် သတ်သေရန်ကြံစည်မှု နည်းခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျဆင်းမှုနည်းပါးခြင်း၊ ကိုယ်ကျိုးမငဲ့သည့်စိတ်ဓာတ် ကြီးမားခြင်းတို့ကို ဩစတြေးလျန်း လေ့လာမှုများက တွေ့ရှိခဲ့ကြသည်။ ထို့အပြင်၊ ဘီအမ်ဂျေ (ယခင်က ဗြိတိသျှ ဆေးဂျာနယ်ဟု လူသိများခဲ့) က “ဝိညာဉ်ရေးယုံကြည်ချက်များ ပိုမိုပြင်းထန်သည့်လူတို့သည် ရင်းနှီးသူတစ်ဦး သေဆုံးသွားသောအခါ ဝိညာဉ်ရေးယုံကြည်ချက်မရှိသူတို့ထက် ဝမ်းနည်းပူဆွေးမှုကို ပို၍လျင်မြန်စွာ ဖြေဖျောက်နိုင်ကြပုံရသည်” ဟုအစီရင်ခံ၏။

စစ်မှန်သောဝိညာဉ်ရေးစိတ်ထားဟူသည် အဘယ်အရာဖြစ်သည်နှင့်ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုးရှိသည်။ သို့တိုင်၊ သင်၏ဝိညာဉ်ရေးအခြေအနေသည် သင်၏ကာယရေးနှင့်စိတ္တကျန်းမာရေးအပေါ် လွန်စွာအကျိုးသက်ရောက်မှုရှိပါသည်။ အထက်ပါအထောက်အထားသည် လွန်ခဲ့သော အနှစ် ၂,၀၀၀ နီးပါးက ယေရှုခရစ်၏ မိန့်ဆိုချက်တစ်ရပ်နှင့် ကိုက်ညီနေပါသည်။ ကိုယ်တော်က ‘ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏’ ဟုမိန့်တော်မူခဲ့၏။ (မဿဲ ၅:၃၊ ကဘ) သင်၏ဝိညာဉ်ရေးအခြေအနေက သင်၏ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို ဩဇာသက်ရောက်နေသောကြောင့် ‘ယုံကြည်စိတ်ချထိုက်သော ဝိညာဉ်ရေးလမ်းညွှန်မှုကို ကျွန်ုပ်အဘယ်မှာ ရရှိနိုင်မည်နည်း။ ဝိညာဉ်ရေးရှိသူတစ်ဦးဖြစ်ရန် အဘယ်အရာလိုအပ်သနည်း’ ဟုမေးမြန်းခြင်းက ကျိုးကြောင်းညီညွတ်ပေသည်။

[Picture Credit Lines on page 2]

Photo Credits: Page 18: Mao Tse-tung and Golda Meir: Hulton/Archive by Getty Images; Francis Ferdinand: From the book The War of the Nations; Hirohito, Lindbergh, & Einstein: U.S. National Archives photo; Stalin: U.S. Army photo; Roosevelt: Franklin D. Roosevelt Library; Churchill: The Trustees of the Imperial War Museum (MH 26392)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ