ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၈/၁၅ စာ. ၃၂
  • “လုပ်ဆောင်နိုင်သမျှမှာ အကောင်းဆုံးပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လုပ်ဆောင်နိုင်သမျှမှာ အကောင်းဆုံးပဲ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၈/၁၅ စာ. ၃၂

“လုပ်ဆောင်နိုင်သမျှမှာ အကောင်းဆုံးပဲ”

အဲလက်စ္စစ်သည် အသက်ငါးနှစ်သားလေးဖြစ်ပြီး မက္ကစီကိုနိုင်ငံ၊ မွန်ရီးလီယားမြို့တွင် နေထိုင်သည်၊ သူ၏မိဘတို့သည် ကျမ်းစာလေ့လာနေကြပြီး ယေဟောဝါသက်သေတို့၏ အစည်းအဝေးများကို တက်ရောက်နေကြသည်။ သူ၏မိသားစုနှင့်အတူ တိုက်နယ်စည်းဝေးပွဲတစ်ခု တက်ရောက်စဉ် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းအကြောင်း သရုပ်ပြတစ်ခုကို သူသတိပြုမိသည်။ ထိုအခါ သူသည် ဖခင်ဘက်လှည့်ကာ “အဖေ၊ အဖေ ဘာကြောင့်သွားပြီး မဟောပြောတာလဲ” ဟုမေးခဲ့သည်။ ဖခင်ဖြစ်သူက “ဟောပြောနိုင်ဖို့ ကျမ်းစာလေ့လာနေတုန်းပဲလေ” ဟုပြန်ဖြေသည်။ အဲလက်စ္စစ်က– “အဖေ လုပ်ဆောင်နိုင်သမျှမှာ အဲ့ဒါအကောင်းဆုံးပဲ” ဟု စိတ်အားထက်သန်စွာ ပြန်ပြောခဲ့သည်။

ယေဟောဝါကိုသိကျွမ်းခြင်းပညာနှင့်အညီ လုပ်ဆောင်ရန်လိုကြောင်း ဤကလေးငယ် သဘောပေါက်သည်။ သူသည် သူ၏ဝမ်းကွဲမောင်နှမများနှင့်တစ်အိမ်တည်း နေထိုင်သောကြောင့် ဦးဆုံး ယေဟောဝါထံဆုတောင်းပြီးမှ မိဘများသင်ကြားပေးထားသည့် ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ်မှ သင်ယူသိရှိခဲ့သမျှတို့ကို သူ၏ဝမ်းကွဲများအား တစ်ဆင့်ပြန်ပြောပြသည်။ အဲလက်စ္စစ်သည် စာမဖတ်တတ်သေးသော်လည်း စာအုပ်ထဲမှ ရုပ်ပုံများကိုကြည့်ပြီး အကြောင်းအရာအားလုံးကို ကောင်းကောင်းသိထား၏။ ဘုရားသခင်၏ရည်ရွယ်ချက်အကြောင်း မိမိသိရှိထားရာများကို တစ်အိမ်မှတစ်အိမ် သွားပြောပြလိုကြောင်းပြောခဲ့သည်။

မှန်ပါသည်၊ ကြီးငယ်မဟူ မိမိတို့ထံမှ “သန့်ရှင်းသောဘုရားသခင်” ယေဟောဝါ မျှော်လင့်ထားသည်နှင့်အညီ နေထိုင်နိုင်ပြီး လူမျိုးအပေါင်းကို ကိုယ်တော့်အကြောင်းသက်သေခံရန် အကောင်းတကာ့ အကောင်းဆုံးအခွင့်အရေး ရရှိထားကြသည်။ (ဟေရှာယ ၄၃:၃; မဿဲ ၂၁:၁၆) လူတစ်ဦးလုပ်ဆောင်နိုင်သမျှတွင် ယင်းသည် အကောင်းဆုံးအလုပ်ဖြစ်သည်မှာ သေချာပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ