ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၈/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ရောမမြို့ကို ပေါလု ရွက်လွှင့်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဘေးဆိုးကိုပေါလုအနိုင်ယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သုရကုတ်—ပေါလု၏ရေကြောင်းခရီးတွင် တစ်ထောက်နားခဲ့သောမြို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၈/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

အချို့သူတို့က စစ္စလီကျွန်းတောင်ဘက်ရှိ မော်လ်တာကျွန်းပေါ်မဟုတ်ဘဲ အခြားကျွန်းတစ်ကျွန်းပေါ်တွင် ပေါလုလိုက်ပါသော သင်္ဘောပျက်ခဲ့သည်ဟုဆိုကြ၏။ အဘယ်နေရာတွင် သင်္ဘောပျက်ခဲ့ခြင်းနည်း။

တမန်တော်ပေါလုသည် မော်လ်တာကျွန်းပေါ်မဟုတ်ဘဲ ဂရိအနောက်ဘက်ကမ်းရိုးတန်း၊ အိုင်အို နီးယန်းပင်လယ်ရှိ ခေါ်ဖူးကျွန်းအနီးမှ စက်ဖလိုးနီးယား (သို့မဟုတ်၊ ခက်ဖယ်လီနီယား) ကျွန်းပေါ် သင်္ဘောပျက်ခဲ့သည်ဟု မကြာသေးမီက အဆိုပြုကြသောကြောင့် ဤမေးခွန်းကိုမေးရခြင်းဖြစ်သည်။ ပေါလုသည် ရောမတပ်မှူးယုလိ၏ ထိန်းသိမ်းမှုအောက်တွင် အခြားစစ်သားများ၊ ပေါလု၏အပေါင်းပါများနှင့်အတူ ကဲသရိမြို့မှထွက်ခွာခဲ့ကြောင်း မှုတ်သွင်းခံမှတ်တမ်းက ဖော်ပြသည်။ မြေပုံတွင် ဖော်ပြထားသည့်အတိုင်း ဇိဒုန်နှင့် မုရမြို့သို့ သူတို့  ရွက်လွှင့်ခဲ့ကြ၏။ အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့မှ ဂျုံစပါးတင်ဆောင်သော သင်္ဘောကြီးပေါ်ပြောင်းတက်ကာ အနောက်ဘက်ရှိ ကနိဒ်မြို့သို့ ခရီးဆက်ခဲ့ကြသည်။ သူတို့စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း အစ်ဂျီယန်ပင်လယ်ကိုဖြတ်ပြီး ဂရိနိုင်ငံအစွန်အဖျားမှ ရွက်လွှင့်၍ ရောမမြို့သို့ မရောက်နိုင်ခဲ့ကြချေ။ လေပြင်းတိုက်ခတ်မှုက တောင်ဘက်ရှိ ကရေတေကျွန်းနှင့် ယင်း၏ ကမ်းခြေများရှိ လေကွယ်ရာသို့ ဦးတည်စေခဲ့သည်။ ထိုတွင် ဖဲဟေဗင်ဟူသော ဆိပ်ကမ်း၌ သင်္ဘောကပ်ခဲ့ကြသည်။ “ကရေတေကျွန်းမှ . . . လွှင့်” သောအခါ “ဥရုကလုဒုန်အမည်ရှိသော လေပြင်းမုန်တိုင်း” သည် သင်္ဘောကို “တစ်ဟုန်တည်း ဆောင်သွား” လေ၏။ ဂျုံစပါးတင်ဆောင်သော လေးလံသည့်သင်္ဘောကြီးသည် ဆယ့်လေးညအထိ “အရပ်လေးမျက်နှာသို့ လူးလာသွား” ခဲ့သည်။ နောက်ဆုံးသော် ဂရိကျမ်းစာက မေလိတေဟုခေါ်သော ကျွန်းပေါ်တွင် လူ ၂၇၆ ဦးပါသော သင်္ဘောပျက်ခဲ့သည်။—တမန်တော် ၂၇:၁–၂၈:၁။

နှစ်များတစ်လျှောက် ဤမေလိတေသည် အဘယ်ကျွန်းဖြစ်သည်နှင့်ပတ်သက်၍ အမျိုးမျိုးအဆိုပြုခဲ့ကြပြီ။ အချို့က ခရိုအေးရှားကမ်းခြေ မလှမ်းမကမ်းမှ အေဒရီအက်ဒစ်ပင်လယ်ထဲရှိ ယနေ့ မေးလရက်ကျွန်းဟု ခေါ်ကြသော၊ မေလိတေအေလီရီကာကျွန်းဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုကျွန်းဖြစ်နိုင်ဖွယ်မရှိချေ၊ အကြောင်းမှာ ပေါလု၏နောက်တစ်ဆင့် ဆက်၍သွားသည့်ခရီးလမ်းကြောင်းမှာ သုရကုတ်၊ စစ္စလီနှင့် ယင်းမှ အီတလီနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းဖြစ်ရာ မြောက်ပိုင်းရှိ အဆိုပါမေးလရက်ကျွန်းနှင့် မည်သို့မျှချိတ်ဆက်ကြည့် ၍မရပေ။—တမန်တော် ၂၈:၁၁-၁၃။

မေလိတေသည် ယခုမော်လ်တာကျွန်းဟု လူတို့သိကြသော မေလိတေ အာဖရိကန်နပ်စ်ကျွန်းကို ရည် ညွှန်းသည်ဟု ကျမ်းစာဘာသာပြန်သူအများစုက ကောက်ချက်ချကြသည်။ ပေါလုလိုက်ပါလာသောသင်္ဘော နောက်ဆုံးဆိုက်ကပ်ခဲ့သည့် ဆိပ်ကမ်းမှာ ကရေတေကျွန်းမှ ဖဲဟေဗင်ဆိပ်ကမ်းဖြစ်သည်။ ထို့နောက် လေပြင်းမုန်တိုင်းကြောင့် အနောက်ဘက် ကောဒကျွန်းသို့ လွှင့်သွားခဲ့သည်။ ထိုလေပြင်းကြောင့် သင်္ဘောသည် ရက်ပေါင်းများစွာ လွှင့်ခဲ့ရသည်။ လေဟုန်စီးသွားသော သင်္ဘောသည် အနောက်ဘက်ဝေးဝေးသို့ လွှင့်သွားပြီး မော်လ်တာကျွန်းသို့ရောက်သွားခြင်းသည် အမှန်တကယ်ယု တ္တိ ရှိ၏။

တိုက်မြဲလေ၊ “မျောသွားသည့်အရပ်နှင့် မျောသွားသည့်နှုန်း” ကိုသုံးသပ်ကြည့်ရာတွင် ကာနီဘဲနှင့် ဟောက်စန်တို့က စိန့်ပေါလ်၏ဘဝအသက်တာနှင့်စာများဟူသောစာအုပ်တွင် ဤသို့ဖော်ပြသည်– “ကလော်ဒါကျွန်း [သို့မဟုတ်၊ ကောဒကျွန်း] နှင့် မော်လ်တာကျွန်း အကွာအဝေးသည် မိုင်ပေါင်း ၄၈၀ မရှိချေ။ တိုက်ဆိုင်မှုသည် အလွန်ထူးခြားသောကြောင့် ဆယ့်လေးရက်မြောက်ညတွင် သင်္ဘောသားများ [ချဉ်းကပ်ခဲ့သော] ကမ်းသည် မော်လ်တာကျွန်းမှလွဲ၍ အခြားကျွန်းမဖြစ်နိုင်ဟု ထင်မြင်ယူဆစရာအကြောင်း မရှိသလောက်ပင်။ မော်လ်တာကျွန်းဖြစ်ဖို့ ဖြစ်နိုင်ခြေများစွာရှိ၏။”

အခြားအရပ်ဒေသဖြစ်မည်ဟုအဆိုပြုကြသော်လည်း ပူးတွဲပါမြေပုံ၌တွေ့ ရှိရသော မော်လ်တာကျွန်းပေါ် သင်္ဘောပျက်ခြင်းသည် ကျမ်းစာမှတ်တမ်းနှင့် ကိုက်ညီဟန်ရှိ၏။

[စာမျက်နှာ ၂၀ ပါ မြေပုံ/ ရုပ်ပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ယေရုရှလင်

ကဲသရိ

ဇိဒုန်

မုရ

ကနိဒ်

ကရေတေ

ကောဒ

မော်လ်တာ

စစ္စလီ

သုရကုတ်

ရောမ

မေးလရက်

ဂရိ

စက်ဖလိုးနီးယား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ