ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁ စာ. ၃၂
  • “သတိနှင့်စောင့်နေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သတိနှင့်စောင့်နေကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁ စာ. ၃၂

“သတိနှင့်စောင့်နေကြလော့”

ရှေးခေတ်တံခါးမှူးများသည် မြို့အဝင်ဝနှင့် ဝတ်ပြုရာအိမ်တော်အဝင်ဝများ၊ အချို့အခြေအနေများတွင် ကိုယ်ပိုင်အိမ်များ၏ တံခါးဝများတွင် စောင့်ရကြသည်။ တံခါးမှူးများသည် ညအချိန်တွင် ဂိတ်များ ပိတ်ထားကြောင်း သေချာစစ်ဆေးရမည့်အပြင် ကင်းစောင့်အနေနှင့်လည်း တာဝန်ယူရသည်။ ယင်းသည် အလွန်တာဝန်ကြီး၏၊ အကြောင်းမှာ မြို့၏လုံခြုံမှုသည် မြို့သားတို့အား သူတို့၏အန္တရာယ်အချက်ပေးသံအပေါ် မူတည်နေ၏။

တံခါးစောင့်များဟုလည်းခေါ်သော တံခါးမှူးများ၏တာဝန်ကို ယေရှုခရစ် ကောင်းစွာသိထားသည်။ တစ်ချိန်တွင် ကိုယ်တော်သည် မိမိ၏တပည့်များကို တံခါးစောင့်များနှင့် ပုံနှိုင်းပြီး ဂျူးအစီအစဉ်စနစ်၏ဆုံးခန်းကို စောင့်ကြည့်နေရန် တိုက်တွန်းခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ထိုနေ့ရက်ကာလသည် အဘယ်အခါ ကျရောက်မည်ကို သင်တို့မသိကြသဖြင့် သတိနှင့်စောင့်နေကြလော့။ နိုးနိုးကြားကြားရှိနေကြလော့။ . . . နိုင်ငံရပ်ခြားသို့သွားသူ လူတစ်ဦးသည် မိမိ၏အိမ်ကို . . . ထားခဲ့၏။ တံခါးမှူးအား သတိနှင့်စောင့်နေရန် မှာထားခဲ့၏။ သင်တို့သည် အိမ်ရှင်အဘယ်အခါ ကြွလာမည်ကိုမသိ။”—မာကု ၁၃:၃၃-၃၅၊ သတင်းကောင်း။

ထိုနည်းတူစွာ၊ ယခု ဤကင်းမျှော်စင် ဂျာနယ်သည် “သတိနှင့်စောင့်နေကြလော့” ဟူသော ယေရှု၏တိုက်တွန်းချက်ကို ကြေညာခဲ့သည်မှာ ၁၂၅ နှစ်ကျော်ခဲ့ပြီ။ မည်သို့အားဖြင့်နည်း။ ဤမဂ္ဂဇင်း၏စာမျက်နှာ ၂ တွင်ဖော်ပြထားသည့်အတိုင်း “ကမ္ဘာ့အခြင်းအရာများသည် သမ္မာကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေသည်နှင့်အမျှ ၎င်းအခြင်းအရာများကို ယင်းက စောင့်ကြည့်လျက်ရှိ၏။ များမကြာမီ ဘုရားသခင့်နိုင်ငံတော်သည် လူလူချင်း နိုင်ထက်စီးနင်းပြုသူများအား ဖျက်ဆီးပြီး ကမ္ဘာကို ပရဒိသုအဖြစ်သို့ ပြောင်းလဲစေမည်ဟူသော သတင်းကောင်းဖြင့် လူအပေါင်းတို့ကို နှစ်သိမ့်ပါသည်။” ကင်းမျှော်စင်ကို ဘာသာစကားပေါင်း ၁၅၀ နှင့်စောင်ရေ ၂၆,၀၀၀,၀၀၀ ကျော် ကမ္ဘာအနှံ့ဝေငှခြင်းဖြင့် ကမ္ဘာပေါ်တွင် အဖြန့်ဝေရဆုံး ဘာသာရေးမဂ္ဂဇင်းဖြစ်၏။ သခင်ယေရှုခရစ် ပြန်ကြွလာပြီး ဤအစီအစဉ်စနစ်ကို တရားစီရင်တော့မည်ဖြစ်ရာ ယေဟောဝါသက်သေများသည် ထိုသို့အားဖြင့် ရှေးခေတ်တံခါးမှူးများနည်းတူ ဝိညာဉ်ရေးအရ “နိုးနိုးကြားကြားရှိနေ” ရန် နေရာတိုင်းရှိလူတို့ကို တိုက်တွန်းနှိုးဆော်လျက်ရှိကြသည်။—မာကု ၁၃:၂၆၊ ၃၇၊ သတင်းကောင်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ