ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၄/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုးညစ်သော နာမ်ဝိညာဉ်အင်အားစုကို တွန်းလှန်လော့
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဝိညာဉ်သတ္တဝါတွေ—ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • နတ်ဆိုးများကိုမည်သို့တွန်းလှန်နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၄/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

လူတစ်ဦးသည် နတ်ဆိုးများ၏နှောင့်ယှက်ခြင်းကိုခံနေရလျှင် ယင်းမှ လွတ်မြောက်ရန် မည်သို့ပြုလုပ်နိုင်သနည်း။

နတ်ဆိုး၏တိုက်ခိုက်နှောင့်ယှက်ခြင်းကို ခံနေရသူတို့ သည် ယင်းမှ လွတ်မြောက်နိုင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြပါသည်။ ထိုသို့လွတ်မြောက်ရန် ဆုတောင်းခြင်းသည် အလွန်အရေးပါသောကဏ္ဍမှပါဝင်သည်။ (မာကု ၉:၂၅-၂၉) သို့သော် နတ်ဆိုးများ၏နှောင့်ယှက်ခြင်းကို ခံရသူအနေနှင့် ထပ်ဆင့်လုပ်ဆောင်ရန်များရှိပေသည်။ အဘယ်အရာများလုပ်ဆောင်ဖို့ လိုကြောင်း ပထမရာစုခရစ်ယာန်များ၏ဖြစ်ရပ်က ဖော်ပြသည်။

ရှေးဧဖက်မြို့မှ လူအချို့သည် ခရစ်တော်၏နောက်လိုက်များ မဖြစ်လာမီက နတ်ဆိုးပညာကို လိုက်စားခဲ့ကြသည်။ သို့သော် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ စိတ်ပိုင်းဖြတ်ပြီးနောက် “နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်သောသူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။” (တမန်တော် ၁၉:၁၉) ဧဖက်မြို့မှ အဆိုပါယုံကြည်ခါစလူသစ်များသည် နတ်ဆိုးပညာနှင့်ပတ်သက်သောစာစောင်များကို ဖျက်ဆီးပစ်ခြင်းအားဖြင့် ယခုခေတ် နတ်ဆိုးနှောင့်ယှက်ခြင်းမှ လွတ်မြောက်လိုသူများအတွက် ပုံသက်သေကောင်းပြခဲ့ကြသည်။ ဤသို့သောသူတို့သည် နတ်ဆိုးပညာနှင့်သက်ဆိုင်ရာမှန်သမျှကို မဖြစ်မနေဖယ်ရှားပစ်ရမည်။ ထိုတွင် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်များ၊ အီလက်ထရောနစ်စနစ်ဖြင့် ရရှိနိုင်သော သတင်းအချက်အလက်များ၊ နတ်ဆိုးပညာနှင့်ဆက်နွှယ်သော သီချင်းခွေများအပြင် “အကာအကွယ်” အဖြစ်ဝတ်ဆင်ရသော သို့မဟုတ် နတ်ဆိုးပညာနှင့်ဆက်နွှယ်သော အဆောင်လက်ဖွဲ့ပစ္စည်းများစသည်တို့ ပါဝင်သည်။—တရားဟောရာ ၇:၂၅၊ ၂၆; ၁ ကောရိန္သု ၁၀:၂၁။

နတ်ဆိုးပညာနှင့်ပတ်သက်သော သူတို့၏စာအုပ်များကို ဧဖက်ခရစ်ယာန်များ ဖျက်ဆီးပစ်ပြီး နှစ်အနည်းငယ်အကြာတွင် တမန်တော်ပေါလုက “ငါတို့သည် . . . နတ်ဆိုးတို့နှင့် . . . ဆိုင်ပြိုင်တိုက်လှန်ရကြ၏” ဟုရေးသားခဲ့သည်။ (ဧဖက် ၆:၁၂) ခရစ်ယာန်များကို ပေါလုဤသို့တိုက်တွန်းခဲ့၏– ‘စာတန်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။’ (ဧဖက် ၆:၁၁) ထိုအကြံပြုချက်သည် လက်တွေ့ကျသက်ဆိုင်ဆဲပင်ဖြစ်သည်။ ခရစ်ယာန်များသည် နတ်ဆိုးများရန်မှ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ မိမိတို့၏ဝိညာဉ်ရေးခံတပ်ကို ခိုင်ခံ့စေရမည်။ ‘စာတန်ပစ်ခတ်သော မီးစက်လက်နက်ကိုကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့’ ဟုပေါလုအလေးပေးဖော်ပြခဲ့သည်။ (ဧဖက် ၆:၁၆) လူတစ်ဦးသည် သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် သူ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ (ရောမ ၁၀:၁၇; ကောလောသဲ ၂:၆၊ ၇) ထို့ကြောင့် သမ္မာကျမ်းစာကို မှန်မှန်လေ့လာခြင်းသည် နတ်ဆိုးသြဇာလွှမ်းမိုးမှုမှ အကာအကွယ်ပေးသော ယုံကြည်ခြင်းကို တိုးပွားစေသည်။—ဆာလံ ၉၁:၄; ၁ ယောဟန် ၅:၅။

ဧဖက်မြို့မှ အဆိုပါခရစ်ယာန်များသည် အရေးပါသောခြေလှမ်းနောက်တစ်ခုကို လှမ်းဖို့လိုအပ်ခဲ့သည်။ “ကာလအစဉ်စိတ်နှလုံးပါလျက် ဆုတောင်း . . . ခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့” ဟု ပေါလုကသူတို့ကို မှာကြားခဲ့သည်။ (ဧဖက် ၆:၁၈) မှန်ပါသည်၊ ယနေ့ နတ်ဆိုးတိုက်ခိုက်ခြင်းမှ လွတ်မြောက်လိုသူတို့သည် ယေဟောဝါ၏ကာကွယ်မှုရဖို့ ထက်သန်စွာဆုတောင်းခြင်း အမှန်တကယ်လိုအပ်သည်။ (သု. ၁၈:၁၀; မဿဲ ၆:၁၃; ၁ ယောဟန် ၅:၁၈၊ ၁၉) သမ္မာကျမ်းစာက ဤသို့ဆိုသည်မှာ လျောက်ပတ်ပေသည်– ‘ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့လိုက်ကြလော့။ စာတန်ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံကပြေးသွားလိမ့်မည်။’—ယာကုပ် ၄:၇။

နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံနေရသူကိုယ်တိုင် ထက်သန်စွာ ဆုတောင်းသင့်သည်မှန်သော်လည်း အခြားခရစ်ယာန်စစ်များကလည်း ယေဟောဝါကို အမှန်တကယ်ဝတ်ပြုလိုသူ၊ နတ်ဆိုးတို့ကို အစွမ်းကုန်ကြိုးစားတွန်းလှန်နေသူအတွက် ကူ၍ဆုတောင်းပေးနိုင်ပါသည်။ နတ်ဆိုးတို့၏နှောင့်ယှက်မှုများကို တွန်းလှန်နိုင်ဖို့ ထိုသူအား ဝိညာဉ်ခွန်အားပေးပါရန် ဘုရားသခင်ထံ သူတို့တောင်းလျှောက်နိုင်ကြသည်။ သမ္မာကျမ်းစာက ‘ဖြောင့်မတ်သောသူ၏ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၏’ ဟု ဖော်ပြထားရာ ဘုရားသခင့်ကျေးကျွန်များ၏ဆုတောင်းချက်များသည် ‘စာတန်ကိုဆီးတား’ ရန် အစွမ်းကုန်ကြိုးစားနေသော နတ်ဆိုးများ၏နှောင့်ယှက်ခြင်းကို ခံနေရသူအား အမှန်တကယ် အကျိုးပြုပါလိမ့်မည်။—ယာကုပ် ၅:၁၆၊ သမ္မာ။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဧဖက်မြို့မှ ယုံကြည်သူများသည် နတ်ဆိုးပညာနှင့်ပတ်သက်သော စာစောင်များကို ဖျက်ဆီးခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ