ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၂/၁ စာ. ၂၄-၂၅
  • ယောရှိက မှန်ရာကို လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောရှိက မှန်ရာကို လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှိမှာ သူငယ်ချင်းကောင်းတွေ ရှိခဲ့
    ကလေးတွေကို သင်ပေးပါ
  • နှိမ့်ချသောယောရှိ—ယေဟောဝါ၏မျက်နှာသာရရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဘုရားသခင့်ပညတ်ကို ချစ်မြတ်နိုးတဲ့ ယောရှိ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သင်မည်သို့ပင် ပြုစုပျိုးထောင်ခံခဲ့ရပါစေ အောင်မြင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၂/၁ စာ. ၂၄-၂၅

သားသမီးတို့ကို သွန်သင်လော့

ယောရှိက မှန်ရာကို လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်

မှန်ရာကိုလုပ်ဆောင်ဖို့ ခက်ခဲမယ်လို့ ကလေးတို့ ထင်သလား။a— ခက်တယ်လို့ ကလေးတို့ ဖြေရင် အဲဒီအဖြေကို လူအများစု သဘောတူကြပါလိမ့်မယ်။ လူကြီးတွေတောင် မှန်တယ်ဆိုတာ သိသိကြီးနဲ့ လုပ်ဖို့ ခက်ခဲကြတယ်။ မှန်ရာကို ရွေးချယ်လုပ်ဆောင်ဖို့ ယောရှိအတွက် ဘာကြောင့် ပိုပြီးခက်ခဲသလဲ ကြည့်ရအောင်။ ယောရှိဆိုတာ ဘယ်သူလဲ ကလေးတို့ သိသလား။—

ယောရှိဆိုတာ ယုဒရှင်ဘုရင် အာမုန်ရဲ့သားပေါ့၊ ယောရှိမွေးဖွားချိန်မှာ အာမုန် အသက် ၁၆ နှစ်ပဲရှိသေးတယ်။ အာမုန်က သူ့ရဲ့အဖေ ဘုရင်,မနာရှေလိုပဲ တော်တော်ဆိုးတယ်။ မနာရှေက ဆိုးသွမ်းတဲ့ဘုရင်တစ်ပါးအဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ အာရှုရိလူတွေက သူ့ကိုဖမ်းခေါ်သွားပြီး ဝေးလံတဲ့ဗာဗုလုန်မှာ အကျဉ်းချထားလိုက်တယ်။ အကျဉ်းထောင်ထဲရှိနေတုန်း မနာရှေက သူ့ကိုခွင့်လွှတ်ဖို့ ယေဟောဝါကို တောင်းပန်တဲ့အတွက် ကိုယ်တော် ခွင့်လွှတ်ခဲ့တယ်။

မနာရှေ ပြန်လွတ်လာတဲ့အခါ ဂျေရုဆလင်မြို့ကို ပြန်လာပြီး ဘုရင်အဖြစ် ပြန်အုပ်စိုးတယ်။ ချက်ချင်းပဲ၊ အရင်က သူလုပ်ခဲ့တဲ့ အမှားတွေကို ပြုပြင်ပြီး ယေဟောဝါကို လူတွေ ဝတ်ပြုနိုင်အောင် ကူညီတယ်။ သူ့ရဲ့သား အာမုန်က သူ့လို အကျင့်ကောင်းတွေကို မကျင့်တဲ့အခါ သူစိတ်ထိခိုက်ခဲ့ရတယ်။ အဲဒီအချိန်လောက်မှာပဲ ယောရှိ မွေးလာတာပေါ့။ မနာရှေက သူ့မြေး ယောရှိနဲ့ အချိန်ဘယ်လောက်ကြာကြာ အတူနေခဲ့တယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ ယေဟောဝါကို ယောရှိ ဝတ်ပြုနိုင်အောင် မနာရှေ ကြိုးစားကူညီနိုင်ခဲ့မယ်လို့ ကလေးတို့ ထင်သလား။—

ယောရှိ ခြောက်နှစ်သားအရွယ်မှာ မနာရှေ သေဆုံးသွားပြီး ယောရှိရဲ့အဖေ အာမုန်က ဘုရင်ဖြစ်လာတယ်။ အာမုန်က နှစ်နှစ်ပဲ အုပ်စိုးရပြီး သူ့ကျွန်တွေသတ်လို့ သေသွားတယ်။ ဒါကြောင့် ယောရှိက ရှစ်နှစ်သားအရွယ်မှာ ရှင်ဘုရင်ဖြစ်လာတာပေါ့။ (၂ ရာဇဝင်ချုပ် အခန်းကြီး ၃၃) အဲဒီနောက် ဘာဖြစ်ခဲ့မယ်လို့ ကလေးတို့ ထင်သလဲ။ ယောရှိက သူ့အဖေ အာမုန်ရဲ့ အကျင့်ဆိုးတွေကို အတုယူခဲ့သလား၊ ဒါမှမဟုတ် နောင်တယူ ပြောင်းလဲလာတဲ့ သူ့အဘိုး မနာရှေရဲ့ အကျင့်ကောင်းကို အတုယူခဲ့သလား။—

ယောရှိက လူငယ်လေးဖြစ်ပေမဲ့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် သူ့အဖေရဲ့ မိတ်ဆွေတွေ ပြောတဲ့စကားကို နားထောင်မယ့်အစား ယေဟောဝါကို ချစ်တဲ့သူတွေရဲ့ စကားကို နားထောင်ခဲ့တယ်။ ယောရှိက ရှစ်နှစ်အရွယ်ပဲရှိသေးပေမဲ့ ဘုရားသခင်ကို ချစ်တဲ့သူတွေရဲ့ စကားကို နားထောင်တာက မှန်တယ်ဆိုတာ ကောင်းကောင်းသိတယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁၊ ၂) ယောရှိကို အကြံဉာဏ်ပေးပြီး သူ့ရဲ့စံနမူနာရှင် ဖြစ်ခဲ့သူတွေအကြောင်း ကလေးတို့ သိချင်သလား။—

ယောရှိ စံထားရတဲ့ပုဂ္ဂိုလ်တစ်ဦးက ပရောဖက်ဇေဖနိ ဖြစ်တယ်။ သူက မနာရှေရဲ့အဖေဖြစ်တဲ့ မင်းကောင်းဟေဇကိရဲ့ သားစဉ်မြေးဆက်ဖြစ်နိုင်တဲ့အတွက် ယောရှိနဲ့ အမျိုးတော်တယ်။ ဘုရင်အဖြစ် ယောရှိ စတင်အုပ်စိုးတဲ့နှစ်တွေမှာ ဇေဖနိက သူ့နာမည်တပ်ထားတဲ့ ကျမ်းစောင်ကို ရေးခဲ့တယ်။ မှန်ရာကို မလုပ်ဆောင်သူတွေ ကြုံတွေ့ရမယ့် ဘေးဆိုးတွေကို ဇေဖနိ သတိပေးတယ်၊ အဲဒီသတိပေးချက်တွေကို ယောရှိ နားထောင်ခဲ့မှာ သေချာတယ်။

ပြီးတော့ ယေရမိရဲ့အကြောင်းကို ကလေးတို့ ကြားဖူးမှာပဲ။ ယေရမိနဲ့ ယောရှိက အတူတူ ကြီးပြင်းလာခဲ့ပြီး သူတို့ကလေးဘဝကတည်းက ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြတာ။ ယေရမိကို သူ့နာမည်တပ်ထားတဲ့ ကျမ်းစောင် ရေးဖို့ ယေဟောဝါ ညွှန်ကြားခဲ့တယ်။ ယောရှိ တိုက်ပွဲကျသွားတော့ ယေရမိခမျာ ဝမ်းနည်းလွန်းလို့ ငိုချင်းတစ်ပုဒ် ရေးစပ်ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၃၅:၂၅) ယေဟောဝါအပေါ် ဆက်ပြီးသစ္စာရှိနိုင်ဖို့ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် အားပေးကူညီခဲ့ကြမလဲဆိုတာ တို့တွေ စဉ်းစားကြည့်နိုင်ပါတယ်။

ယောရှိအကြောင်း လေ့လာတာကနေ ဘာတွေ သင်ယူသိရှိနိုင်မယ်လို့ ထင်သလဲ။— ကလေးတို့ရဲ့ အဖေလဲ ယောရှိရဲ့ အဖေလိုပဲ ယေဟောဝါကို မကိုးကွယ်တဲ့သူ ဖြစ်မယ်ဆိုရင် ဘုရားသခင်အကြောင်း သိလာအောင် ကလေးတို့ကို သင်ပေးနိုင်မယ့် တခြားတစ်ယောက်ယောက် ရှိသလား။ ကလေးတို့ရဲ့အမေ၊ အဘိုး၊ အဘွား ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်က သင်ပေးနိုင်မှာပါ။ ဒါမှမဟုတ် ယေဟောဝါကို ကိုးကွယ်တဲ့သူ တစ်ယောက်ယောက်နဲ့ ကျမ်းစာလေ့လာနိုင်ဖို့ ကလေးတို့ရဲ့မေမေက ခွင့်ပြုပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ ယောရှိကတော့ ကလေးအရွယ်ပဲရှိပေမဲ့ ယေဟောဝါကို ကိုးကွယ်တဲ့သူတွေနဲ့ပဲ ပေါင်းသင်းသင့်တယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ကလေးတို့လည်း သူ့လိုပဲ မှန်ရာကို ရွေးချယ်လုပ်ဆောင်နိုင်ကြပါစေ။

a သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။

မေးခွန်းများ–

  • ယောရှိရဲ့ အဖေနဲ့အဖိုးက ဘယ်သူတွေလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲ။

  • ယောရှိရဲ့အဘိုးက ဘဝမှာ ဘာပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခဲ့သလဲ။

  • ယောရှိအတွက် စံနမူနာရှင်တွေဖြစ်နိုင်တဲ့ ပရောဖက်နှစ်ယောက်ရဲ့ နာမည်က ဘာလဲ၊ သူတို့လို မိတ်ဆွေမျိုးရှိဖို့ အရေးကြီးတယ်လို့ ကလေးတို့ ဘာကြောင့် ထင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ