လူအများအတွက် ယေရှု အသက်စွန့်ခဲ့
ယေရှုခရစ်က မြေကြီးပေါ်သို့ မိမိကြွလာရခြင်းမှာ “သူတစ်ပါးကိုစေစားရန် လာသည်မဟုတ်။ သူတစ်ပါးအစေကိုခံ၍ လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူ” သည်ဟု နောက်လိုက်များအား မိန့်တော်မူခဲ့၏။ (မဿဲ ၂၀:၂၈) ကိုယ်တော်သည် အခြားသူများအကျိုးအတွက် မိမိအသက်ကို တလိုတလား စွန့်လွှတ်ခဲ့သည်။
ယေရှုသည် မိမိသေခြင်းအားဖြင့် ရွေးနုတ်ဖိုးကို မည်သို့ပေးခဲ့သနည်း။ အဘယ်ကြောင့် ထိုသို့ပေးရန် လိုအပ်ရသနည်း။ ယေရှုသည် မည်သူတို့အတွက် မိမိအသက်ကို စွန့်ခဲ့သနည်း။ ကိုယ်တော်၏သေခြင်းသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
ယင်းမေးခွန်းများအတွက် ကျမ်းစာအဖြေများကို မိမိတို့နှင့်အတူ ဆန်းစစ်ရန် ယေဟောဝါသက်သေများက သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ ဤနှစ်တွင် ယေရှု၏သေခြင်း နှစ်ပတ်လည်နေ့သည် မတ်လ ၃၀ ရက်၊ အင်္ဂါနေ့ နေဝင်ပြီးနောက်တွင် ကျရောက်ပါသည်။ ထိုအခါသမယတွင် အထက်ဖော်ပြပါမေးခွန်းများ၏ ကျမ်းစာအဖြေများကို ဆွေးနွေးပါမည်။
သင့်အိမ်နှင့်အနီးဆုံးဖြစ်သည့် ဝတ်ပြုရာခန်းမကို သင် တက်ရောက်နိုင်ပါသည်။ အချိန်နှင့်နေရာ အတိအကျကို ဒေသခံယေဟောဝါသက်သေများထံ ကျေးဇူးပြု၍ စုံစမ်းပါလေ။