ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၃/၁ စာ. ၃၂
  • ‘ယင်းကြောင့် သင်ဂုဏ်ယူသင့်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယင်းကြောင့် သင်ဂုဏ်ယူသင့်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၃/၁ စာ. ၃၂

‘ယင်းကြောင့် သင်ဂုဏ်ယူသင့်’

ဘုရားသခင်၏ စစ်မှန်သောကျေးကျွန်များသည် ရိုးသားခြင်း၏အရေးကြီးမှုကို အသိအမှတ်ပြုကြသည်။ ဖန်ဆင်းရှင်ကိုချစ်သည့်စိတ်က သူတို့ကို ရိုးသားစေသည်။ သာဓကအနေနှင့် လာဇရို၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ မက္ကဆီကိုနိုင်ငံ၊ ဝေါတူလ်မြို့ရှိ ဟိုတယ်တစ်ခုတွင် သူအလုပ်လုပ်ခဲ့စဉ်က ဧည့်ခန်းတွင် ဒေါ်လာ ၇၀ တွေ့ခဲ့သည်။ သူသည် ထိုငွေကို မန်နေဂျာထံ ချက်ချင်းသွားအပ်ခဲ့သည်။ ခဏအကြာတွင် ပိုက်ဆံအိတ်တစ်အိတ်ကို ရေအိမ်တွင် တွေ့လိုက်ပြန်သည်။ ၎င်းကို ဧည့်ကြိုစားပွဲသို့ သွားအပ်သောအခါ ပိုက်ဆံအိတ်ကျပျောက်သွားသောအမျိုးသမီးမှာ ဝမ်းသာအံ့သြသွားခဲ့သည်။

သူ၏လုပ်ရပ်များကို အထွေထွေမန်နေဂျာသိသွားရာ ငွေနှင့်ပိုက်ဆံအိတ်ကို ပြန်ပေးရန် အဘယ်အရာက လှုံ့ဆော်ပေးခဲ့ကြောင်း လာဇရိုအား မေးမြန်းခဲ့သည်။ သမ္မာကျမ်းစာမှ လေ့လာသိရှိခဲ့သော ကျင့်ဝတ်စံနှုန်းများကြောင့် မိမိမပိုင်ဆိုင်သောအရာကို မယူခြင်းဖြစ်ကြောင်း လာဇရိုက ပြန်ဖြေခဲ့သည်။ အထွေထွေမန်နေဂျာက ကျေးဇူးတင်ကြောင်း ဤသို့စာရေးဖော်ပြခဲ့သည်– “ယနေ့အချိန်တွင် မြင့်မားသောကျင့်ဝတ်စံနှုန်းများ စွဲကိုင်သူများကို တွေ့ရခဲပါသည်။ သင်၏သဘောထားကို ကျွန်ုပ်တို့ ချီးကျူးပါသည်။ သင်သည် ကိုယ်ကျင့်တရားကောင်းသူဖြစ်ကြောင်း ဖော်ပြခဲ့ပြီး သင်၏လုပ်ဖော်ဆောင်ဖက်များအတွက် စံနမူနာထားရမည့်သူဖြစ်သည်။ ယင်းကြောင့် သင်နှင့်သင့်မိသားစု ဂုဏ်ယူသင့်သည်။” လာဇရိုသည် ထိုလ၏အကောင်းဆုံးအလုပ်သမားအဖြစ် ဂုဏ်ပြုခြင်းခံခဲ့ရသည်။

လာဇရို ပစ္စည်းများပြန်ပေးလိုက်ခြင်းမှာ မှားသည်ဟု အလုပ်သမားတချို့က ယူဆခဲ့ကြသည်။ သို့သော် အလုပ်ရှင်၏တုံ့ပြန်မှုကို သူတို့တွေ့မြင်သောအခါ လာဇရိုအား ကျင့်ဝတ်မူများကို စွဲကိုင်ခြင်းအတွက် ချီးကျူးခဲ့ကြသည်။

သမ္မာကျမ်းစာက ယေရှု၏နောက်လိုက်များကို “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရန်နှင့် “အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ” ရန် တိုက်တွန်းထားသည်။ (ဂလာတိ ၆:၁၀; ဟေဗြဲ ၁၃:၁၈) ခရစ်ယာန်များအနေနှင့် ရိုးသားမှုတင်ပြခြင်းဖြင့် “ဟုတ်မှန်ဖြောင့်မတ်သော” ယေဟောဝါဘုရားသခင်ကို ဘုန်းထင်ရှားစေမည်မှာ သေချာပါသည်။—တရားဟောရာ ၃၂:၄။ (g05 06/08-E)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ