ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁၅ စာ. ၂၁
  • ‘ယေဟောဝါအားပူဇော်လျက် ဆောင်ခဲ့ပါပြီ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ယေဟောဝါအားပူဇော်လျက် ဆောင်ခဲ့ပါပြီ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • “စိတ်နှလုံးတညီတညွတ်တည်း” ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စေတနာစိတ်နှင့်ပေးလှူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင် “ထောက်ပံ့နိုင်ခွင့်” ရှိပြီး ရွှင်လန်းမှုခံစားရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁၅ စာ. ၂၁

‘ယေဟောဝါအားပူဇော်လျက် ဆောင်ခဲ့ပါပြီ’

တစ်စုံတစ်ဦးက သင့်ကို ကြင်နာမှုပြတဲ့အခါ ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြမလဲ။ မိဒျန်လူမျိုးတွေကို တိုက်ခိုက်ပြီးတဲ့နောက် အစ္စရေးတပ်မှူးတွေ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပုံကို သုံးသပ်ကြည့်ပါ။ အဲဒါက အစ္စရေးလူမျိုးတွေ ဗာလပေဂုရကို ကိုးကွယ်တဲ့အပြစ်ပြုပြီးတဲ့နောက် တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဖြစ်တယ်။ ဘုရားသခင်က မိမိလူမျိုးကို အောင်ပွဲခံစေခဲ့ပြီး လက်ရပစ္စည်းတွေကို အစ္စရေးစစ်သား ၁၂,၀၀၀ နဲ့ ကျန်တဲ့အစ္စရေးလူတွေကို ခွဲဝေပေးခဲ့တယ်။ စစ်သားတွေက မိမိတို့ရတဲ့ဝေစုထဲက တချို့ကို ယဇ်ပုရောဟိတ်တွေကို အချိုးကျပေးဖို့နဲ့ ကျန်တဲ့အစ္စရေးလူတွေကလည်း မိမိတို့ဝေစုထဲကနေ တချို့ကို လေဝိသားတွေကိုပေးဖို့ ယေဟောဝါညွှန်ကြားခဲ့တယ်။—တော. ၃၁:၁-၅၊ ၂၅-၃၀။

ဒါပေမဲ့ တပ်မှူးတွေက အဲဒါထက်ပိုပေးချင်ခဲ့ကြတယ်။ အကြောင်းကတော့ ‘ကိုယ်တော်ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ကိုစာရင်းယူပြန်၍ လူတစ်ယောက်မျှမလျော့ပါ” လို့ မောရှေကို သူတို့ ပြောခဲ့ကြတယ်။ ရွှေနဲ့ ရွှေအဆင်တန်ဆာအမျိုးမျိုးကို ယေဟောဝါကိုပူဇော်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရွှေအဆင်တန်ဆာစုစုပေါင်းအလေးချိန်က ပေါင် ၅၀၀ ကျော်ရှိတယ်။—တော. ၃၁:၄၉-၅၄။

ယနေ့လည်း များစွာသောသူတို့က မိမိတို့အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့ရာကို ကျေးဇူတင်ကြောင်းဖော်ပြဖို့ အလားတူလှုံ့ဆော်ခံရကြတယ်။ ဘုရားသခင်ကိုအပ်နှံထားတဲ့ ဘုရားသခင့်ကျေးကျွန်တွေပဲ အဲဒီလိုကျေးဇူးတင်လေးမြတ်မှုကို ပြကြတာမဟုတ်ဘူး။ ဥပမာ၊ အီတလီနိုင်ငံ၊ ဘိုလိုနယာမြို့မှာကျင်းပခဲ့တဲ့ ၂၀၀၉ ခုနှစ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်တဲ့ ကိုယ်စားလှယ်တွေအတွက် အားကစားကွင်းအသွားအပြန် ကြိုပို့ပေးခဲ့တဲ့ ဘတ်စကားယာဉ်မောင်းတစ်ဦးကို သုံးသပ်ကြည့်ပါ။ သူက တည်တည်ငြိမ်ငြိမ်နဲ့ ဂရုတစိုက်မောင်းပေးတဲ့အတွက် သူ့ကားကိုစီးတဲ့သူတွေက ကျေးဇူးတင်ကြောင်းစာတိုလေးရေးပြီး သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်းစာအုပ်နဲ့အတူ ဘောက်ဆူးပါထည့်ပေးကြတယ်။ အဲဒီအတွက် ယာဉ်မောင်းက ဒီလိုပြန်တုံ့ပြန်ခဲ့တယ်– “ကျေးဇူးတင်ကတ်နဲ့ စာအုပ်ကိုတော့ ကျွန်တော် ဝမ်းသာစွာလက်ခံထားလိုက်မယ်။ ခင်ဗျားတို့လုပ်နေတဲ့လုပ်ငန်းမှာ အလှူငွေပါဝင်ချင်တဲ့အတွက် ငွေကိုတော့ ပြန်ပေးမယ်။ ကျွန်တော်က ယေဟောဝါသက်သေတစ်ဦးမဟုတ်ပေမဲ့ ခင်ဗျားတို့ဟာ မေတ္တာကိုအခြေခံပြီး လုပ်ဆောင်နေကြတာကို တွေ့ရလို့ ဒီအလှူငွေထည့်ချင်တာပါ။”

ယေဟောဝါ သင့်အတွက်လုပ်ဆောင်ပေးခဲ့ရာကို ကျေးဇူးတင်ကြောင်းဖော်ပြနိုင်တဲ့နည်းတစ်နည်းက ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေပေးခြင်းဖြစ်တယ်။ (မ. ၂၄:၁၄) တချို့သူတွေအလှူငွေပေးတဲ့နည်းတချို့ကို ပူးတွဲပါလေးထောင့်ကွက်မှာ ဖော်ပြထားပါတယ်။

[စာမျက်နှာ ၂၁ ပါလေးထောင့်ကွက်]

အချို့သူများ လှူဒါန်းတဲ့နည်းလမ်းများ

ကမ္ဘာချီလုပ်ငန်းအတွက် ပါဝင်လှူဒါန်းခြင်း

များစွာသောသူတို့က “ကမ္ဘာချီလုပ်ငန်း” လို့ရေးထားတဲ့ အလှူငွေသေတ္တာမှာ ထည့်ဝင်ဖို့ မိမိတို့ရဲ့ငွေကြေးတွေကို သီးသန့်ဖယ်ထားကြတယ်။

အသင်းတော်တွေက ဒီအလှူငွေတွေကို မိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံရှိ ယေဟောဝါသက်သေများရဲ့ရုံးကို လစဉ်ပေးပို့ကြတယ်။ စေတနာအလျောက်ထည့်ဝင်တဲ့ လှူဒါန်းငွေတွေကို ယေဟောဝါသက်သေ (ကင်းမျှော်စင်) အသင်း၊ အမှတ် ၉၄-ခ အင်းယားလမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့ ဒါမှမဟုတ် သင့်နိုင်ငံကို ကြီးကြပ်ပေးနေတဲ့ ဌာနခွဲရုံးကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ စာတိုက်မှငွေပေးပို့လိုလျှင် အထက်ပါ ကင်းမျှော်စင်အသင်းလိပ်စာနဲ့ ပေးပို့သင့်တယ်။ ကျောက်မျက်ရတနာနဲ့ အခြားတန်ဖိုးရှိအရာတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ဒီလိုပေးပို့လှူဒါန်းရာမှာ လုံးလုံးလျားလျား လှူဒါန်းကြောင်းဖော်ပြတဲ့ စာတိုကလေးပါ ထည့်ပေးသင့်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ