ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁၅ စာ. ၂၂
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • စုံလင်သောအသက်—အိပ်မက်မျှမဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံမယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁၅ စာ. ၂၂

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှုက နားထောင်နေသူတွေကို “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ပြည့်ဝစုံလင်တော်မူသည်နည်းတူ သင်တို့လည်း ပြည့်ဝစုံလင်ကြရမည်” လို့ပြောခဲ့တယ်။ ယနေ့ခေတ်လူသားတွေက ဘယ်လိုနည်းနဲ့ “ပြည့်ဝစုံလင်” နိုင်ကြသလဲ။—မ. ၅:၄၈။

ဒီမေးခွန်းရဲ့အဖြေကိုရဖို့ “စုံလင်သော” နဲ့ “စုံလင်ခြင်း” ဆိုတဲ့စကားလုံးတွေကို သမ္မာကျမ်းစာမှာ ဘယ်လိုအသုံးပြုထားသလဲဆိုတာ နားလည်ဖို့လိုတယ်။ ကျမ်းစာမှာ “စုံလင်တယ်” လို့ဖော်ပြတဲ့အရာအားလုံးက အပြည့်ဝဆုံးသဘောနဲ့ စုံလင်တာကို မဆိုလိုဘူး။ ယေဟောဝါသာ အပြည့်ဝဆုံးသဘောနဲ့ စုံလင်ခြင်းကို ပိုင်ဆိုင်တယ်။ လူတွေ ဒါမှမဟုတ် အရာဝတ္ထုတွေကတော့ နှိုင်းရသဘောနဲ့ပဲ စုံလင်နိုင်တယ်။ “စုံလင်တယ်” လို့ပြန်ဆိုတဲ့ ဟေဗြဲနဲ့ ဂရိကျမ်းစာအသုံးအနှုန်းက အခွင့်အာဏာရှိသူတစ်ဦး ချမှတ်တဲ့စံနှုန်းအရ “ပြည့်စုံခြင်း၊” “ရင့်သန်ဖွံ့ဖြိုးခြင်း၊” ဒါမှမဟုတ် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။

အာဒံနဲ့ ဧဝဟာ စုံလင်တဲ့ ကိုယ်ကျင့်တရား၊ စုံလင်တဲ့ ကိုယ်ခန္ဓာရှိပြီး သူတို့တွေဟာ စုံလင်တဲ့အတွက် ယေဟောဝါနဲ့ အကောင်းဆုံးဆက်ဆံရေးရှိခဲ့ကြတယ်။ သူတို့ရဲ့ဖန်ဆင်းရှင်ချမှတ်ထားတဲ့ စံနှုန်းအရ သူတို့ဟာ စုံလင်ကြတယ်။ ဒါပေမဲ့ မနာခံမှုကြောင့် သူတို့ဟာ စုံလင်ခြင်းစံနှုန်းတွေကို မပြည့်မီတော့ဘဲ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့မျိုးဆက်တွေပါ စုံလင်ခြင်းကို ဆုံးရှုံးခဲ့ကြရတယ်။ ဒါကြောင့် အာဒံကနေတစ်ဆင့် အပြစ်၊ မစုံလင်မှုနဲ့ သေခြင်းက လူသားမျိုးနွယ်တစ်ခုလုံးပေါ် ကျရောက်ခဲ့တယ်။—ရော. ၅:၁၂။

ဒါပေမဲ့ ယေရှုရဲ့ တောင်ပေါ်တရားတော်မှာ ဖော်ပြထားတဲ့အတိုင်း မစုံလင်တဲ့လူသားတွေတောင် နှိုင်းရသဘောနဲ့ စုံလင်နိုင်ကြတယ်။ အဲဒီဟောပြောချက်မှာ လူသားတွေအတွက် မေတ္တာနဲ့ပတ်သက်တဲ့ စုံလင် ဒါမှမဟုတ် ပြည့်စုံတဲ့ စံနှုန်းတွေကို ချမှတ်ခဲ့တယ်။ ဒီမေတ္တာက လူသားတွေအပေါ် ဘုရားသခင်ပြသခဲ့တဲ့ မေတ္တာမျိုးဖြစ်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်- “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ သို့ဖြင့် လူဆိုး၊ လူကောင်းတို့အပေါ် နေကိုထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူသော ကောင်းကင်ဘုံရှိ သင်တို့အဖ၏ သားများဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။” (မ. ၅:၄၄၊ ၄၅) ဒီလိုမေတ္တာမျိုးပြခြင်းဖြင့် ယေရှုရဲ့တပည့်တွေက ဘုရားသခင်ရဲ့စုံလင်တဲ့ ပုံသက်သေကို တုပနိုင်ကြမှာဖြစ်တယ်။

ဒီနေ့လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေက တခြားသူတွေအပေါ် မေတ္တာပြရာမှာ အဲဒီမြင့်မားတဲ့စံနှုန်းအတိုင်းလိုက်ဖို့ ကြိုးစားကြတယ်။ သူတို့တွေဟာ နောက်ခံအမျိုးမျိုး၊ လူမျိုးနဲ့ ဘာသာရေးနောက်ခံအသီးသီးရှိသူတွေကို တိကျမှန်ကန်တဲ့သမ္မာကျမ်းစာအသိပညာသိရှိဖို့ ကူညီပေးလိုကြတယ်။ သက်သေခံတွေဟာ နိုင်ငံပေါင်း ၂၃၆ နိုင်ငံမှာ စိတ်ဝင်စားသူတွေနဲ့ ကျမ်းစာသင်အံမှု ၇,၀၀၀,၀၀၀ ကျော် ကျင်းပနေကြတယ်။

“သင်တို့ကိုချစ်သောသူတို့ကိုသာ ချစ်လျှင် အဘယ်အကျိုးရှိမည်နည်း။ အခွန်ခံတို့ပင် ထိုသို့ပြုတတ်ကြသည် မဟုတ်လော။ သင့်ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် အဘယ်သို့ ထူးမြတ်သနည်း။ လူမျိုးခြားတို့လည်း ထိုနည်းတူ ပြုတတ်ကြသည် မဟုတ်လော” လို့ ယေရှုမေးခဲ့တယ်။ (မ. ၅:၄၆၊ ၄၇) စစ်မှန်တဲ့ခရစ်ယာန်တွေဟာ ပညာရေး၊ လူမျိုးရေးနောက်ခံတွေကြောင့် မျက်နှာလိုက်တာမျိုးမရှိသလို ကျေးဇူးတုံ့ပြန်နိုင်တဲ့သူတွေအပေါ်သာ မေတ္တာပြခြင်းမျိုးလည်းမရှိဘူး။ အဲဒီအစား ဆင်းရဲသူ၊ ဖျားနာသူ၊ လူကြီးလူငယ်အားလုံးကို ကူညီပေးကြတယ်။ ဒီလိုနည်းအားဖြင့် ခရစ်ယာန်တွေက ယေဟောဝါရဲ့မေတ္တာကို တုပပြီး နှိုင်းရသဘောနဲ့ ပြည့်ဝစုံလင်ကြတယ်။

အာဒံဆုံးရှုံးခဲ့တဲ့ စုံလင်ခြင်းကို ကျွန်ုပ်တို့ ပြန်ရနိုင်ဦးမလား။ ပြန်ရနိုင်ပါတယ်၊ ယေရှုရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ခြင်းအားဖြင့် နာခံမှုရှိတဲ့လူသားတွေဟာ ‘စာတန်၏အမှုအရာများကို ချိုးဖျက်ရန် ဘုရားသခင့်သားတော်ကြွလာ’ တဲ့ ခရစ်တော် အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်းမှာ အပြည့်အဝ စုံလင်လာမှာဖြစ်တယ်။—၁ ယော. ၃:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ