ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁/၁ စာ. ၃၀-၃၁
  • မြင့်မြတ်တဲ့အရာတွေကို တန်ဖိုးထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင့်မြတ်တဲ့အရာတွေကို တန်ဖိုးထားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အထူးတာဝန်တစ်ခု မောရှေ ရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁/၁ စာ. ၃၀-၃၁

လူငယ်စာရှုသူများအတွက်

မြင့်မြတ်တဲ့အရာတွေကို တန်ဖိုးထားပါ

ညွှန်ကြားချက်မျာ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဓိကဇာတ်ကောင်မျာ– ဣဇာက်၊ ရေဗက္က၊ ယာကုပ်နဲ့ ဧသော

အကျဉ်းချုပ်– ဧသောဟာ သားဦးအရာကို သူ့ရဲ့အမြွှာညီ ယာကုပ်ဆီ ရောင်းခဲ့တယ်။

၁ ကမ္ဘာဦး ၂၅:၂၀-၃၄ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

ယာကုပ်နဲ့ဧသောတို့ဟာ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့အချိန်မှာတောင် ဘယ်လိုစရိုက်တွေ ရှိခဲ့ကြသလဲ။

․․․․․

အရွယ်ရောက်နေပြီဖြစ်တဲ့ ယာကုပ်နဲ့ဧသောတို့ရဲ့ ပုံပန်းသဏ္ဌာန်တွေ ဘယ်လိုရှိမယ်ဆိုတာ ပုံဖော်ကြည့်ပါ။

․․․․․

အခန်းငယ် ၃၀ ကနေ ၃၃ မှာ ယာကုပ်နဲ့ဧသောတို့ စကားအပြန်အလှန် ပြောဆိုနေတာကိုကြည့်ပြီး သူတို့ရဲ့ခံစားချက် ဘယ်လိုရှိမယ်လို့ သင်ထင်သလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

သားဦးအရာနဲ့ပတ်သက်ပြီး သင်လက်လှမ်းမီသလောက် စာအုပ်စာပေတွေမှာ ရှာဖွေလေ့လာကြည့်ပါ။ သားဦးအရာက ဘာကြောင့် အရေးကြီးရတာလဲ။ သားဦးအရာကို ပဲဟင်းတစ်ခွက်နဲ့ ရောင်းစားလိုက်တာက ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားသလဲ။

․․․․․

၂ ကမ္ဘာဦး ၂၇:၁-၁၀၊ ၃၀-၃၈ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

သားဦးအရာရဲ့ ကောင်းချီးကို ညီဖြစ်သူ ရရှိသွားပြီဆိုတာ ဧသော သိလိုက်ရတဲ့အခါ သူဘယ်လိုခံစားရမယ်လို့ သင် ထင်သလဲ။

______________

ထပ်လေ့လာကြည့်ပါဦး။

ယာကုပ် ကောင်းချီးရအောင် ရေဗက္ကနဲ့ယာကုပ်တို့ အကွက်ဆင်လိုက်တာ မှားသလား။ မှားတယ်ဆိုရင် ဘာကြောင့်လဲ။ မမှားဘူးဆိုရင်လည်း ဘာကြောင့်လဲ။ (သဲလွန်စ– ကမ္ဘာဦး ၂၅:၂၃၊ ၃၃ ကိုဖတ်ကြည့်ပါ။)

․․․․․

၃ သင်ယူသိရှိခဲ့တာတွေကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာတွေကို ချရေးကြည့်ပါ . . .

လတ်တလော လိုအင်ဆန္ဒကို ဖြည့်ဆည်းခြင်းရဲ့ ရေရှည်အကျိုးဆက်များ။

․․․․․

ထပ်ဆင့်ကျင့်သုံးစရာ။

သင့်ကို အဘယ်မြင့်မြတ်တဲ့အရာတွေ အပ်နှင်းထားပြီလဲ။

․․․․․

မြင့်မြတ်တဲ့အရာတွေကို သင် တန်ဖိုးထားကြောင်း ဘယ်လိုနည်းတွေနဲ့ ပြသနိုင်သလဲ။

․․․․․

၄ ဒီမှတ်တမ်းမှာ အဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

သင်၌ သမ္မာကျမ်းစာမရှိပါက ယေဟောဝါသက်သေများထံ တောင်းခံပါ သို့မဟုတ် www.watchtower.org ဝက်ဘ်ဆိုက်တွင် အခြားဘာသာစကားဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်ပါသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ